(Unicode)

အထက် ဗမာပြည်အတွက် COVID 19 ဓါတ်ခွဲ အတည်ပြုပေးနိုင်မယ့် အဲဒီဓါတ်ခွဲခန်းဟာမန္တလေးမြို့ ၃၅ လမ်း၊ ၆၄- ၆၆ လမ်း ကြားမှာ ရှိပြီး လက်ရှိမှာ အဆောက်အဦးပိုင်းပြင်ဆင်မှုလုပ်ဆောင်နေကာ မေလလယ်မှာ ပြီးစီးနိုင်မယ်လို့ ဆိုပါတယ်။အဲဒီနောက် စက် ထည့်တာ ၊ ပိုးသန့်စင်ရေး လုပ်ဆောင်တာတွေ ဆောင်ရွက်ပြီးမှ လည်ပတ်နိုင်မှာဖြစ်တဲ့အတွက် မေလ မကုန်ခင်မှာ စတင်နိုင်မယ်လို့ သိရပါတယ်။

ဒီအတွက် လူအယောက် ၂၀၀၀ ရဲ့အဖြေကို စစ်ပေးနိုင်မယ့် စမ်းသပ်ဆေးရည် တွေလည်း ပထမ အကြိမ် ရောက်ရှိ မယ်လို့ COVID 19 နဲ့ ပတ် သက်လို့ ပြောရေးဆိုခွင့်ရှိသူ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောဆိုထားပါတယ်။ အဲဒီဓါတ်ခွဲခန်း အတွက် ဓါတ်ခွဲဝန်ထမ်း ၄ ဦးကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှု ဆိုင်ရာဌာနမှာ သင်တန်းပေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဓါတ်ခွဲ အတည်ပြုပေးနိုင်မယ့် စက်ကို စင်္ကာနိုင်ငံကအလှူရှင်တစ်ဦးက လှူဒါန်းထားတာဖြစ်ပြီး လက်ရှိမှာ ရောက်ရှိနေပြီ လို့ သိရပါ တယ်။ ဒုတိယ စက်ပစ္စည်းတစ်စုံကိုလည်း အလှူရှင်များကိုယ်တိုင် ထပ်မံ မှာထားပြီး မကြာခင် ရောက်လာတော့မယ်လို့ မန္တလေးမြို့ တော်ဝန်က သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာ ရေးသား ထားပါတယ်။

မန္တလေးမြို့ မှာ COVID-19 ဓာတ်ခွဲ စစ်ဆေးမှု မကြာခင် စတင်ဆောင်ရွက်နိုင် ပါတော့မယ်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊အလှူ ရှင်များ အဖွဲ့၊ ကျန်းမာရေး ဝန်ကြီးဌာန နဲ့ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတို့ ပူးပေါင်းကြိုးစားအားထုတ်မှုရဲ့ ရလာဒ်ပါ။ အခက် အခဲပေါင်းများစွာ ကိုကျော်လွှားခဲ့ရပါတယ်။

ဓာတ်ခွဲခန်း အတွက် အဆောက်အဦနေရာရရှိရေး၊ ရရှိတဲ့ အဆောက်အဦကို စံသတ်မှတ်ချက်များနဲ့အညီပြုပြင်ခြင်း၊ လိုအပ်တဲ့ ဓာတ်ခွဲခန်း သုံးပစ္စည်းများ နဲ့ အထောက်အကူပြု ပစ္စည်းများရှာဖွေဝယ်ယူစုဆောင်းခြင်း၊ ကျွမ်းကျင်ဝန်ထမ်းများကို အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ စေလွှတ်၍ အတွေ့အကြုံများရယူစေခြင်း အပါအဝင် အဆင့်ပေါင်းများစွာကိုကျော်ဖြတ်ခဲ့ရတာပါ။


Real-time RT-PCR စက်ကို ပံ့ပိုးပေးသော ကျန်းမာရေးဝန်ကြီးဌာန နဲ့ နည်းပညာ ကူညီပေးသော အမျိုးသားကျန်း မာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနတို့ကို ကျေးဇူးအထူးတင်ပါတယ်။“တစ်ခါ လည်ရင် စက်က test ကိုးဆယ်စာရမယ်၊ တစ်နေ့မှာ နှစ်ခါလည် ပတ်ရင် ၁၈၀ ရမှာပေါ့။ ဒါပေမယ့် case များလို့ သုံးကြိမ်လည် မလားတော့ရှိတယ်၊ ပုံမှန်လည်ရင်တော့ တစ်ခါဆို Test ကိုးဆယ်နဲ့နှစ်ခါလည်မှာပါ။

အဓိကအကျဆုံးနဲ့ အရေးအကြီးဆုံး ကတော့ စေတနာပြတ်သားလွန်းတဲ့ ရံပုံငွေရှာဖွေရေးကော်မတီကိုလှူဒါန်းတဲ့ အလှူရှင်များပါ။ RT-PCR Center ပေါ်ပေါက်လာဖို့ လိုအပ်တာမှန်သမျှအားလုံးကို ရက်ရက်ရောရော လှူတဲ့အပြင် အလှူရှင်များကိုယ်တိုင် ဒုတိယစက်ပစ္စည်း တစ်စုံကို ထပ်မံမှာ ထားတာ မကြာခင်ရောက်လာပါမယ်။

မကြာခင် မန္တလေးမြို့မှာ စတင်နိုင်တော့မယ့် COVID 19 ရောဂါ ဓါတ်ခွဲ အတည်ပြုနိုင်မယ့်စက်ကနေ ကနဦးအနေနဲ့ တစ်ရက်ကို လူ ၁၈၀ ဓါတ်ခွဲစစ်ဆေးပေးနိုင်မယ် လို့ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ဦးစီးမှူးဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။


crd : whitesone

(Zawgyi)

အထက္ ဗမာျပည္အတြက္ COVID 19 ဓါတ္ခြဲ အတည္ျပဳေပးႏိုင္မယ့္ အဲဒီဓါတ္ခြဲခန္းဟာမႏၲေလးၿမိဳ႕ ၃၅ လမ္း၊ ၆၄- ၆၆ လမ္း ၾကားမွာ ရွိၿပီး လက္ရွိမွာ အေဆာက္အဦးပိုင္းျပင္ဆင္မႈလုပ္ေဆာင္ေနကာ ေမလလယ္မွာ ၿပီးစီးႏိုင္မယ္လို႔ ဆိုပါတယ္။အဲဒီေနာက္ စက္ ထည့္တာ ၊ ပိုးသန႔္စင္ေရး လုပ္ေဆာင္တာေတြ ေဆာင္႐ြက္ၿပီးမွ လည္ပတ္ႏိုင္မွာျဖစ္တဲ့အတြက္ ေမလ မကုန္ခင္မွာ စတင္ႏိုင္မယ္လို႔ သိရပါတယ္။

ဒီအတြက္ လူအေယာက္ ၂၀၀၀ ရဲ႕အေျဖကို စစ္ေပးႏိုင္မယ့္ စမ္းသပ္ေဆးရည္ ေတြလည္း ပထမ အႀကိမ္ ေရာက္ရွိ မယ္လို႔ COVID 19 နဲ႔ ပတ္ သက္လို႔ ေျပာေရးဆိုခြင့္ရွိသူ ရွမ္းတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ဦးစိုင္းပန္းဆိုင္က ေျပာဆိုထားပါတယ္။ အဲဒီဓါတ္ခြဲခန္း အတြက္ ဓါတ္ခြဲဝန္ထမ္း ၄ ဦးကို ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသားက်န္းမာေရးဓါတ္ခြဲမႈ ဆိုင္ရာဌာနမွာ သင္တန္းေပးထားၿပီး ျဖစ္တယ္လို႔ ဆိုပါတယ္။

ဓါတ္ခြဲ အတည္ျပဳေပးႏိုင္မယ့္ စက္ကို စကၤာႏိုင္ငံကအလႉရွင္တစ္ဦးက လႉဒါန္းထားတာျဖစ္ၿပီး လက္ရွိမွာ ေရာက္ရွိေနၿပီ လို႔ သိရပါ တယ္။ ဒုတိယ စက္ပစၥည္းတစ္စုံကိုလည္း အလႉရွင္မ်ားကိုယ္တိုင္ ထပ္မံ မွာထားၿပီး မၾကာခင္ ေရာက္လာေတာ့မယ္လို႔ မႏၲေလးၿမိဳ႕ ေတာ္ဝန္က သူ႔ရဲ႕ေဖ့ဘုတ္စာမ်က္ႏွာမွာ ေရးသား ထားပါတယ္။

မႏၲေလးၿမိဳ႕ မွာ COVID-19 ဓာတ္ခြဲ စစ္ေဆးမႈ မၾကာခင္ စတင္ေဆာင္႐ြက္ႏိုင္ ပါေတာ့မယ္။ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ၊အလႉ ရွင္မ်ား အဖြဲ႕၊ က်န္းမာေရး ဝန္ႀကီးဌာန နဲ႔ ျပည္သူ႔ က်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာနတို႔ ပူးေပါင္းႀကိဳးစားအားထုတ္မႈရဲ႕ ရလာဒ္ပါ။ အခက္ အခဲေပါင္းမ်ားစြာ ကိုေက်ာ္လႊားခဲ့ရပါတယ္။

ဓာတ္ခြဲခန္း အတြက္ အေဆာက္အဦေနရာရရွိေရး၊ ရရွိတဲ့ အေဆာက္အဦကို စံသတ္မွတ္ခ်က္မ်ားနဲ႔အညီျပဳျပင္ျခင္း၊ လိုအပ္တဲ့ ဓာတ္ခြဲခန္း သုံးပစၥည္းမ်ား နဲ႔ အေထာက္အကူျပဳ ပစၥည္းမ်ားရွာေဖြဝယ္ယူစုေဆာင္းျခင္း၊ ကြၽမ္းက်င္ဝန္ထမ္းမ်ားကို အမ်ိဳးသား က်န္းမာေရး ဓာတ္ခြဲမႈ ဆိုင္ရာဌာနသို႔ ေစလႊတ္၍ အေတြ႕အႀကဳံမ်ားရယူေစျခင္း အပါအဝင္ အဆင့္ေပါင္းမ်ားစြာကိုေက်ာ္ျဖတ္ခဲ့ရတာပါ။

Real-time RT-PCR စက္ကို ပံ့ပိုးေပးေသာ က်န္းမာေရးဝန္ႀကီးဌာန နဲ႔ နည္းပညာ ကူညီေပးေသာ အမ်ိဳးသားက်န္း မာေရးဓာတ္ခြဲမႈ ဆိုင္ရာဌာနတို႔ကို ေက်းဇူးအထူးတင္ပါတယ္။“တစ္ခါ လည္ရင္ စက္က test ကိုးဆယ္စာရမယ္၊ တစ္ေန႔မွာ ႏွစ္ခါလည္ ပတ္ရင္ ၁၈၀ ရမွာေပါ့။ ဒါေပမယ့္ case မ်ားလို႔ သုံးႀကိမ္လည္ မလားေတာ့ရွိတယ္၊ ပုံမွန္လည္ရင္ေတာ့ တစ္ခါဆို Test ကိုးဆယ္နဲ႔ႏွစ္ခါလည္မွာပါ။

အဓိကအက်ဆုံးနဲ႔ အေရးအႀကီးဆုံး ကေတာ့ ေစတနာျပတ္သားလြန္းတဲ့ ရံပုံေငြရွာေဖြေရးေကာ္မတီကိုလႉဒါန္းတဲ့ အလႉရွင္မ်ားပါ။ RT-PCR Center ေပၚေပါက္လာဖို႔ လိုအပ္တာမွန္သမွ်အားလုံးကို ရက္ရက္ေရာေရာ လႉတဲ့အျပင္ အလႉရွင္မ်ားကိုယ္တိုင္ ဒုတိယစက္ပစၥည္း တစ္စုံကို ထပ္မံမွာ ထားတာ မၾကာခင္ေရာက္လာပါမယ္။

မၾကာခင္ မႏၲေလးၿမိဳ႕မွာ စတင္ႏိုင္ေတာ့မယ့္ COVID 19 ေရာဂါ ဓါတ္ခြဲ အတည္ျပဳႏိုင္မယ့္စက္ကေန ကနဦးအေနနဲ႔ တစ္ရက္ကို လူ ၁၈၀ ဓါတ္ခြဲစစ္ေဆးေပးႏိုင္မယ္ လို႔ မႏၲေလးတိုင္း ျပည္သူ႔က်န္းမာေရးနဲ႔ ကုသေရးဦးစီးဌာန ဦးစီးမႉးေဒါက္တာသန္းသန္းျမင့္က ေျပာပါတယ္။


crd : whitesone

Post a Comment

Previous Post Next Post