(Unicode)

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေးအတွက် ခရီးသွားလာမှုတွေကို ဥပဒေနဲ့ ကန့်သတ်ထားတဲ့ကာလတွင်း မေလ ၂၆ ရက်နေ့ညက ကန်ကျနပူရီ ခရိုင်နယ်စပ်ဘက်ကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၅ ဦး ဖမ်းဆီးခံရတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။



ကန်ကျနပူရီခရိုင်၊ ဆန်ခရပူရီမြို့နယ်၊ ဟွေ့ကုပ်ကျေးရွာအုပ်စုထဲမှာ နယ်စပ်ဘက်က နေ တရားမဝင် ဝင်ရောက်လာမယ့်သူတွေရှိကြောင်း ကြိုတင်သတင်းရထားတဲ့ အတွက် အမှတ် ၁၄၀၃ စစ်တပ်၊ အမှတ် ၁၃၄ နယ်ခြားစောင့်တပ်၊ အုပ်ချုပ်ရေးရုံး၊ လဝက ရဲနဲ့ နယ်မြေခံရဲတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်မြေထဲမှာ စောင့်ကြပ်စစ်ဆေးရေးတွေ ဆောင်ရွက်နေတာပါ။



မေလ ၂၆ ရက် ည ၉ နာရီလောက်မှာတော့ ဟွေ့ကုပ်ရွာဘက်ကနေ ဆန်ခရပူရီမြို့ဘက် ဦးတည် မောင်းနှင်လာတဲ့ အဖြူရောင်ချက်ဗလက်ကားတစ်စီးကို စစ်ဆေးရာမှာ နိုင်ငံကူးလက်မှတ်ကိုယ်စီရှိ မြန်မာနိုင်ငံသား ၁၁ ဦးကို တင်ဆောင်လာကြောင်းသိရှိရတဲ့အတွက် နိုင်းရုတ်ဆိုသူ ထိုင်းလူမျိုး ယာဉ်မောင်း သမားအပါအဝင် အားလုံးကို နယ်မြေခံရဲစခန်းဆီ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူ က သတင်းထောက်ကို ပြောပါတယ်။



အဲဒီညမှာဘဲ အချိန် ၁၁ နာရီလောက်မှာတော့ မြန်မာနိုင်ငံသား ၂၄ ဦး တင်ဆောင်လာတဲ့ ကား ၂ စီးကို တာဝန်ရှိသူတွေက ရဲစခန်းကို ထပ်မံခေါ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။အဆိုပါ ကား ၂ စီးကို တာဝန်ရှိသူတွေက ဟွေ့ကုပ်အုပ်စုဘက်ကနေ ဖမ်းဆီး ခေါ်ဆောင်လာ ခဲ့ရာမှာ လူ ၁၂ ဦးစီပါ ပထမတစ်စီးကို နိုင်းချိုင်းဆိုသူ ထိုင်းလူမျိုးက မောင်းနှင်ကာ ဒုတိယတစ်စီး ကိုတော့ နိုင်းခက် ဆိုသူ (ထိုင်း)က တင်ဆောင်ခဲ့ကြောင်း၊ သူတို့ဟာ အဆိုပါ မြန်မာတွေကို ဟွေ့ကုပ်ကနေ ထောင်းဖာဖူးမြို့နယ်ထိ ပို့ဆောင်ပေးဖို့ တဦးကို ဘတ် ၂၅၀ နှုန်းနဲ့ တင်ဆောင်လာ တာလို့ ဆိုပါတယ်။



မြန်မာနိုင်ငံသားတွေဟာ ထောင်းဖာဖူးမြို့ကနေ ရာ့ချ်ပူရီ၊ ပရကျူတ်ခီရီခန်၊ ဆုဖန်းပူရီ၊ ကန်ကျနပူရီ စတဲ့ခရိုင်အသီးသီးက ထိုင်းအတွင်းပိုင်းမြို့တွေမှာ အလုပ်သွား လုပ်ဖို့ဖြစ်ကြောင်း၊ အဲဒီမြို့တွေကိုသွားဖို့ ပွဲစားတွေက ထောင်းဖာဖူးမှာ လာကြိုမှာဖြစ်ပြီး အဖိုးအခအနေနဲ့ တစ်ဦးကို ဘတ် ၅၀၀၀ စီပေးရတယ်လို့ ဆိုပါတယ်။



မေလ ၂၆ ရက်နေ့ညက ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ၃၅ ဦးအနက် နိုင်ငံကူးလက်မှတ်ရှိသူ ၃၀ ဦးရှိပြီး သူတို့ဟာ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးဥပဒေ ချိုးဖောက်မှုနဲ့ အရေးယူခံရမှာ ဖြစ်ကြောင်း၊ နောက်ထပ် ၅ ဦးကတော့ ဘာအထောက်အထားမှမရှိလို့ ထိုင်းနိုင်ငံထဲ တရားမဝင်ဝင်ရောက်မှုနဲ့ပါ အမှုဖွင့် အရေးယူခံရမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။



ဒါ့အပြင် မြန်မာနိုင်ငံသားတွေကို တင်ဆောင်လာတဲ့ ထိုင်းယာဉ်မောင်းသမား ၃ ဦးလုံးမှာ လည်း ကိုဗစ်-၁၉ ဥပဒေ နဲ့ရော တရားမဝင်သူတွေ နိုင်ငံထဲဝင်ရောက်လာ အောင်အားပေးကူညီမှု တွေနဲ့ အရေးယူ ခံရမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကာလ အရေးပေါ် ဥပဒေ ပုဒ်မ ၅၂ အရ ခရီးသွားလာခွင့်ကန့်သတ်ထားပြီး လိုက်နာဆောင်ရွက်မှုမရှိရင် ၁ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၁ သိန်းထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရနိုင်ပါတယ်။

ဒီဗွီဘီ

(Zawgyi)

ထိုင္းႏိုင္ငံမွာ ကိုဗစ္-၁၉ ကပ္ေရာဂါထိန္းခ်ဳပ္ေရးအတြက္ ခရီးသြားလာမႈေတြကို ဥပေဒနဲ႔ ကန႔္သတ္ထားတဲ့ကာလတြင္း ေမလ ၂၆ ရက္ေန႔ညက ကန္က်နပူရီ ခ႐ိုင္နယ္စပ္ဘက္ကေန ဝင္ေရာက္လာတဲ့ ျမန္မာႏိုင္ငံသား ၃၅ ဦး ဖမ္းဆီးခံရတယ္လို႔ ကန္က်နပူရီေဒသတြင္းသတင္းမွာ ေဖာ္ျပပါတယ္။



ကန္က်နပူရီခ႐ိုင္၊ ဆန္ခရပူရီၿမိဳ႕နယ္၊ ေဟြ႕ကုပ္ေက်း႐ြာအုပ္စုထဲမွာ နယ္စပ္ဘက္က ေန တရားမဝင္ ဝင္ေရာက္လာမယ့္သူေတြရွိေၾကာင္း ႀကိဳတင္သတင္းရထားတဲ့ အတြက္ အမွတ္ ၁၄၀၃ စစ္တပ္၊ အမွတ္ ၁၃၄ နယ္ျခားေစာင့္တပ္၊ အုပ္ခ်ဳပ္ေရး႐ုံး၊ လဝက ရဲနဲ႔ နယ္ေျမခံရဲေတြ ပါဝင္တဲ့ ပူးေပါင္းအဖြဲ႕ဟာ နယ္ေျမထဲမွာ ေစာင့္ၾကပ္စစ္ေဆးေရးေတြ ေဆာင္႐ြက္ေနတာပါ။



ေမလ ၂၆ ရက္ ည ၉ နာရီေလာက္မွာေတာ့ ေဟြ႕ကုပ္႐ြာဘက္ကေန ဆန္ခရပူရီၿမိဳ႕ဘက္ ဦးတည္ ေမာင္းႏွင္လာတဲ့ အျဖဴေရာင္ခ်က္ဗလက္ကားတစ္စီးကို စစ္ေဆးရာမွာ ႏိုင္ငံကူးလက္မွတ္ကိုယ္စီရွိ ျမန္မာႏိုင္ငံသား ၁၁ ဦးကို တင္ေဆာင္လာေၾကာင္းသိရွိရတဲ့အတြက္ ႏိုင္း႐ုတ္ဆိုသူ ထိုင္းလူမ်ိဳး ယာဥ္ေမာင္း သမားအပါအဝင္ အားလုံးကို နယ္ေျမခံရဲစခန္းဆီ ေခၚယူစစ္ေဆးခဲ့တယ္လို႔ တာဝန္ရွိသူ က သတင္းေထာက္ကို ေျပာပါတယ္။



အဲဒီညမွာဘဲ အခ်ိန္ ၁၁ နာရီေလာက္မွာေတာ့ ျမန္မာႏိုင္ငံသား ၂၄ ဦး တင္ေဆာင္လာတဲ့ ကား ၂ စီးကို တာဝန္ရွိသူေတြက ရဲစခန္းကို ထပ္မံေခၚေဆာင္လာခဲ့တယ္လို႔ ဆိုပါတယ္။အဆိုပါ ကား ၂ စီးကို တာဝန္ရွိသူေတြက ေဟြ႕ကုပ္အုပ္စုဘက္ကေန ဖမ္းဆီး ေခၚေဆာင္လာ ခဲ့ရာမွာ လူ ၁၂ ဦးစီပါ ပထမတစ္စီးကို ႏိုင္းခ်ိဳင္းဆိုသူ ထိုင္းလူမ်ိဳးက ေမာင္းႏွင္ကာ ဒုတိယတစ္စီး ကိုေတာ့ ႏိုင္းခက္ ဆိုသူ (ထိုင္း)က တင္ေဆာင္ခဲ့ေၾကာင္း၊ သူတို႔ဟာ အဆိုပါ ျမန္မာေတြကို ေဟြ႕ကုပ္ကေန ေထာင္းဖာဖူးၿမိဳ႕နယ္ထိ ပို႔ေဆာင္ေပးဖို႔ တဦးကို ဘတ္ ၂၅၀ ႏႈန္းနဲ႔ တင္ေဆာင္လာ တာလို႔ ဆိုပါတယ္။



ျမန္မာႏိုင္ငံသားေတြဟာ ေထာင္းဖာဖူးၿမိဳ႕ကေန ရာ့ခ်္ပူရီ၊ ပရက်ဴတ္ခီရီခန္၊ ဆုဖန္းပူရီ၊ ကန္က်နပူရီ စတဲ့ခ႐ိုင္အသီးသီးက ထိုင္းအတြင္းပိုင္းၿမိဳ႕ေတြမွာ အလုပ္သြား လုပ္ဖို႔ျဖစ္ေၾကာင္း၊ အဲဒီၿမိဳ႕ေတြကိုသြားဖို႔ ပြဲစားေတြက ေထာင္းဖာဖူးမွာ လာႀကိဳမွာျဖစ္ၿပီး အဖိုးအခအေနနဲ႔ တစ္ဦးကို ဘတ္ ၅၀၀၀ စီေပးရတယ္လို႔ ဆိုပါတယ္။



ေမလ ၂၆ ရက္ေန႔ညက ဖမ္းဆီးရမိတဲ့ ျမန္မာႏိုင္ငံသား ၃၅ ဦးအနက္ ႏိုင္ငံကူးလက္မွတ္ရွိသူ ၃၀ ဦးရွိၿပီး သူတို႔ဟာ ကိုဗစ္-၁၉ ထိန္းခ်ဳပ္ကာကြယ္ေရးဥပေဒ ခ်ိဳးေဖာက္မႈနဲ႔ အေရးယူခံရမွာ ျဖစ္ေၾကာင္း၊ ေနာက္ထပ္ ၅ ဦးကေတာ့ ဘာအေထာက္အထားမွမရွိလို႔ ထိုင္းႏိုင္ငံထဲ တရားမဝင္ဝင္ေရာက္မႈနဲ႔ပါ အမႈဖြင့္ အေရးယူခံရမယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။



ဒါ့အျပင္ ျမန္မာႏိုင္ငံသားေတြကို တင္ေဆာင္လာတဲ့ ထိုင္းယာဥ္ေမာင္းသမား ၃ ဦးလုံးမွာ လည္း ကိုဗစ္-၁၉ ဥပေဒ နဲ႔ေရာ တရားမဝင္သူေတြ ႏိုင္ငံထဲဝင္ေရာက္လာ ေအာင္အားေပးကူညီမႈ ေတြနဲ႔ အေရးယူ ခံရမယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။ထိုင္းႏိုင္ငံရဲ႕ ကိုဗစ္-၁၉ ထိန္းခ်ဳပ္ေရးကာလ အေရးေပၚ ဥပေဒ ပုဒ္မ ၅၂ အရ ခရီးသြားလာခြင့္ကန႔္သတ္ထားၿပီး လိုက္နာေဆာင္႐ြက္မႈမရွိရင္ ၁ ႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ ဒါမွမဟုတ္ ဘတ္ ၁ သိန္းထက္မပိုတဲ့ ေငြဒဏ္ ဒါမွမဟုတ္ ေထာင္ဒဏ္ေရာ ေငြဒဏ္ပါ ႏွစ္ရပ္လုံး က်ခံရႏိုင္ပါတယ္။

ဒီဗီြဘီ

Post a Comment

Previous Post Next Post