(Unicode)

(၁၀)နှစ်အရွယ်ကလေးတစ်ဦးလည်းပါဝင်ပါတယ်။စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ လက်ရှိ COVID 19 အတည်ပြုလူနာ (၆)ဦးရှိပြီး အားလုံးက ကျန်းမာရေးကောင်းမွန်လျှက်ရှိတယ်လို့ ကလေးမြို့ ကုတင်(၃၀၀)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်းက ပြောပါတယ်။ဒီကနေ့ မေလ(၈)ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ကလေးက လူနာတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။



“ လက်ရှိ ကလေးမှာပိုးတွေ့လူနာ (၆)ဦးရှိပါတယ်။ အားလုံးက အခြေအနေကောင်းပါတယ်။ ဘာရောဂါလက္ခဏာမှမရှိပါဘူး။ မကြာခင်မှာအားလုံးနေကောင်းသွားလိမ့်မယ်လို့ယုံကြည်မိပါတယ်” လို့ ဒေါက်တာအောင်မျိုးဝင်းက ပြောပါတယ်။စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ COVID 19 အတည်ပြုလူနာ (၇)ဦးရှိပြီး (၁)ဦးက စစ်ကိုင်းမြို့ကဖြစ်ကာ (၆)ဦးက ကလေးမြို့ကဖြစ်ပါတယ်။


ကလေးက လူနာ (၆)ဦးစာရင်းထဲမှာတော့ (၁၀)နှစ်အရွယ်ကလေးတစ်ဦးလည်းပါဝင်နေပါတယ်။ကလေးမြို့မှာက COVID 19နဲ့ ပတ်သက်လို့ အသိပညာပေးတွေကိုလုပ်ဆောင်ရာမှာလည်း ၈၀%နှုန်းလောက်ကလိုက်နာမှုတွေရှိပြီး အနည်းကျဉ်းကတော့ လိုက်နာမှုတွေအားနည်းနေတယ်လို့လည် းသိရပါတယ်။


ကလေးက အတည်ပြုလူနာတွေကို ကုသရေးလုပ်ငန်းတွေလုပ်ဆောင်ရတဲ့အခါမှာ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေတယ်လို့ တင်ပြလာတဲ့အပေါ်မှာတော့ အတိုင်ပင်ခံပုဂ္ဂိုလ်က COVID ကို ကာကွယ်တဲ့အခါမှာ ဝန်ထမ်းတွေတင်မဟုတ်ဘူး ပြည်သူတွေကလည်း စိုးရိမ်မှုတွရှိသလို အားလုံးရဲ့ စိတ်ဓာတ်ရေးရာပိုင်းနဲ့ဆိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။




COVID ကာလက ဘယ်အချိန်ထိသွားမလဲဆိုတာမသိတာကြောင့် အားလုံးက စိုးရိမ်လွန်ပြီး မနက်ဖြန်အတွက်ပူမနေဘဲ ဒီနေ့ကိုပဲအကောင်းဆုံးဖြတ်သန်းကြဖို့လိုတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြားခဲ့ပါတယ်။

(Zawgyi)

(၁၀)ႏွစ္အ႐ြယ္ကေလးတစ္ဦးလည္းပါဝင္ပါတယ္။စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕မွာ လက္ရွိ COVID 19 အတည္ျပဳလူနာ (၆)ဦးရွိၿပီး အားလုံးက က်န္းမာေရးေကာင္းမြန္လွ်က္ရွိတယ္လို႔ ကေလးၿမိဳ႕ ကုတင္(၃၀၀)ဆံ့ ေဆး႐ုံအုပ္ႀကီး ေဒါက္တာေအာင္မ်ိဳးဝင္းက ေျပာပါတယ္။ဒီကေန႔ ေမလ(၈)ရက္ေန႔က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ ေတြ႕ဆုံေဆြးေႏြးပြဲမွာ ကေလးက လူနာေတြရဲ႕ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး အခုလိုေျပာၾကားခဲ့တာျဖစ္ပါတယ္။


“ လက္ရွိ ကေလးမွာပိုးေတြ႕လူနာ (၆)ဦးရွိပါတယ္။ အားလုံးက အေျခအေနေကာင္းပါတယ္။ ဘာေရာဂါလကၡဏာမွမရွိပါဘူး။ မၾကာခင္မွာအားလုံးေနေကာင္းသြားလိမ့္မယ္လို႔ယုံၾကည္မိပါတယ္” လို႔ ေဒါက္တာေအာင္မ်ိဳးဝင္းက ေျပာပါတယ္။စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းမွာ COVID 19 အတည္ျပဳလူနာ (၇)ဦးရွိၿပီး (၁)ဦးက စစ္ကိုင္းၿမိဳ႕ကျဖစ္ကာ (၆)ဦးက ကေလးၿမိဳ႕ကျဖစ္ပါတယ္။


ကေလးက လူနာ (၆)ဦးစာရင္းထဲမွာေတာ့ (၁၀)ႏွစ္အ႐ြယ္ကေလးတစ္ဦးလည္းပါဝင္ေနပါတယ္။ကေလးၿမိဳ႕မွာက COVID 19နဲ႔ ပတ္သက္လို႔ အသိပညာေပးေတြကိုလုပ္ေဆာင္ရာမွာလည္း ၈၀%ႏႈန္းေလာက္ကလိုက္နာမႈေတြရွိၿပီး အနည္းက်ဥ္းကေတာ့ လိုက္နာမႈေတြအားနည္းေနတယ္လို႔လည္ းသိရပါတယ္။


ကေလးက အတည္ျပဳလူနာေတြကို ကုသေရးလုပ္ငန္းေတြလုပ္ေဆာင္ရတဲ့အခါမွာ က်န္းမာေရးဝန္ထမ္းေတြအေနနဲ႔ စိုးရိမ္မႈေတြရွိေနတယ္လို႔ တင္ျပလာတဲ့အေပၚမွာေတာ့ အတိုင္ပင္ခံပုဂၢိဳလ္က COVID ကို ကာကြယ္တဲ့အခါမွာ ဝန္ထမ္းေတြတင္မဟုတ္ဘူး ျပည္သူေတြကလည္း စိုးရိမ္မႈတြရွိသလို အားလုံးရဲ႕ စိတ္ဓာတ္ေရးရာပိုင္းနဲ႔ဆိုင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။


COVID ကာလက ဘယ္အခ်ိန္ထိသြားမလဲဆိုတာမသိတာေၾကာင့္ အားလုံးက စိုးရိမ္လြန္ၿပီး မနက္ျဖန္အတြက္ပူမေနဘဲ ဒီေန႔ကိုပဲအေကာင္းဆုံးျဖတ္သန္းၾကဖို႔လိုတယ္လို႔ အတိုင္ပင္ခံပုဂၢိဳလ္ကေျပာၾကားခဲ့ပါတယ္။

Credit ဓူ၀ံ


Post a Comment

Previous Post Next Post