(Unicode)

ကမ္ဘာ့ဘဏ်ရဲ့ ထောက်ပံ့ငွေ ကျပ် ၂၄ ဘီလီယံကျော်ကို အုပ်ချုပ်ရေးနဲ့၊ စိုက်ပျိုးရေး စီမံကိန်းတွေမှာ အသုံးပြုဖို့ မေလ ၅ ရက်နေ့က ကျင်းပတဲ့ မကွေးတိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။  အုပ်ချုပ်ရေးအခြေခံအဆောက်အဦ ဆောက်လုပ်ခြင်း၊ အုပ်ချုပ်ရေးမှာ ခေတ်မီနည်းပညာနဲ့ ပစ္စည်းတွေ သုံးစွဲတဲ့လုပ်ငန်းအတွက် ငွေကျပ်သန်း ၅၃၀၀ ကျော် အသုံးပြုကာ ရေပေးမြောင်းတွေ အဆင့်မြှင့်တင်တဲ့လုပ်ငန်း (တူးမြောင်း မြေကြီးလုပ်ငန်း၊ ကွန်ကရစ်လိုင်နင်စီခြင်း၊ ရေပေး အဆောက်အဦများ ပြုပြင်တည်ဆောက်ခြင်း)အတွက် ကျပ်သန်း ၁၃၀၀၀ ကျော် သုံးစွဲမှာ ဖြစ်ပါတယ်။



ဒါ့အပြင် စိုက်ပျိုးရေး မျိုးသန့်ခြံ တည်ဆောက်ခြင်း၊ နှမ်းဧက ၅၀၀၀ ကို GAP စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်တာတွေအတွက် ငွေကျပ်သန်း ပေါင်း ၄၂၀၀ ကျော်၊ စီမံ အုပ်ချုပ်ရေး၊ သတင်း အချက်အလက်ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ စီးပွားရေး လုပ်ငန်းတွေကို (ICT ဖြင့် ပံ့ပိုးရန်)အတွက် ကျပ်သန်း ၁၀၀၀ အသုံးပြုမှာဖြစ်တယ်။


တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ တိုင်းစိုက်ပျိုးရေးဦးစီးဌာနနဲ့ e-Government အကြံပေးပညာရှင်တို့ရဲ့ အဆိုပြုချက်အရတိုင်းအတွင်း ဆောင်ရွက်ဖို့လိုအပ်တဲ့ စီမံကိန်းတွေကို ကမ္ဘာ့ဘဏ်ထောက်ပံ့ငွေ ၂၄ ဘီလီယံနဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံကနေ သိရပါတယ်။

မကှေးတိုငျးဒသေကွီးအစိုးရအဖှဲ့ ...


#DVB

(Zawgyi)


ကမာၻ႔ဘဏ္ရဲ႕ ေထာက္ပံ့ေငြ က်ပ္ ၂၄ ဘီလီယံေက်ာ္ကို အုပ္ခ်ဳပ္ေရးနဲ႔၊ စိုက္ပ်ိဳးေရး စီမံကိန္းေတြမွာ အသုံးျပဳဖို႔ ေမလ ၅ ရက္ေန႔က က်င္းပတဲ့ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္မွာ အတည္ျပဳလိုက္ပါတယ္။  အုပ္ခ်ဳပ္ေရးအေျခခံအေဆာက္အဦ ေဆာက္လုပ္ျခင္း၊ အုပ္ခ်ဳပ္ေရးမွာ ေခတ္မီနည္းပညာနဲ႔ ပစၥည္းေတြ သုံးစြဲတဲ့လုပ္ငန္းအတြက္ ေငြက်ပ္သန္း ၅၃၀၀ ေက်ာ္ အသုံးျပဳကာ ေရေပးေျမာင္းေတြ အဆင့္ျမႇင့္တင္တဲ့လုပ္ငန္း (တူးေျမာင္း ေျမႀကီးလုပ္ငန္း၊ ကြန္ကရစ္လိုင္နင္စီျခင္း၊ ေရေပး အေဆာက္အဦမ်ား ျပဳျပင္တည္ေဆာက္ျခင္း)အတြက္ က်ပ္သန္း ၁၃၀၀၀ ေက်ာ္ သုံးစြဲမွာ ျဖစ္ပါတယ္။


ဒါ့အျပင္ စိုက္ပ်ိဳးေရး မ်ိဳးသန္႔ၿခံ တည္ေဆာက္ျခင္း၊ ႏွမ္းဧက ၅၀၀၀ ကို GAP စနစ္နဲ႔ စိုက္ပ်ိဳးထုတ္လုပ္တာေတြအတြက္ ေငြက်ပ္သန္း ေပါင္း ၄၂၀၀ ေက်ာ္၊ စီမံ အုပ္ခ်ဳပ္ေရး၊ သတင္း အခ်က္အလက္ဖြံ႕ၿဖိဳးေရး၊ က်န္းမာေရး၊ စီးပြားေရး လုပ္ငန္းေတြကို (ICT ျဖင့္ ပံ့ပိုးရန္)အတြက္ က်ပ္သန္း ၁၀၀၀ အသုံးျပဳမွာျဖစ္တယ္။


တိုင္းေဒသႀကီးအေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ တိုင္းေဒသႀကီးဆည္ေျမာင္းႏွင့္ ေရ အသုံးခ်မႈ စီမံခန္႔ခြဲေရး ဦးစီးဌာန၊ တိုင္းစိုက္ပ်ိဳးေရးဦးစီးဌာနနဲ႔ e-Government အႀကံေပးပညာရွင္တို႔ရဲ႕ အဆိုျပဳခ်က္အရတိုင္းအတြင္း ေဆာင္႐ြက္ဖို႔လိုအပ္တဲ့ စီမံကိန္းေတြကို ကမာၻ႔ဘဏ္ေထာက္ပံ့ေငြ ၂၄ ဘီလီယံနဲ႔ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ မေကြးတိုင္း၀န္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳထံကေန သိရပါတယ္။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ...
#DVB

Post a Comment

Previous Post Next Post