(Unicode)

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ လူနေထိုင်ခြင်းမရှိသေးသည့် တန်ဖိုးနည်း အိမ်ရာမှ အိမ်သုံးမီတာ ၁၈ လုံး ခိုးယူခံရမှုကိုသက်ဆိုင်ရာက အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း ယနေ့မေ ၉ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။




ဖြစ်စဉ်မှာ မေ ၄ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် လှိုင်သာယာမြို့နယ် ရွှေလင်ပန်းကျေးရွာအတွင်းရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ထားသည့် တန်ဖိုးနည်းအိမ်ရာ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် လျှပ်စစ်ဓာတ်အားခွဲရုံအမှတ်(၁)မှ ဦးအောင်ဇော်မျိုးကမီတာလိုက်လံဖတ်ခဲ့သည်။



ထိုသို့ မီတာလိုက်လံဖတ်စဉ် တိုက်အမှတ်(၁၇)နှင့် တိုက် အမှတ်(၄၅)တို့ရှိ အခန်း(၁၈)ခန်းတွင် တပ်ဆင်ထားသည့် အိမ်သုံးမီတာ ၁၈ လုံးမှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် အရေးယူပေးရန် မေ ၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သည်။လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းက (ပ)၂၈၇၆/၂၀၂၀၊ ပပက ၆(၁) အရ အမှုဖွင့်စုံစမ်းလျက်ရှိသည်။


(Zawgyi)

လႈိင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕နယ္ရွိ လူေနထိုင္ျခင္းမရွိေသးသည့္ တန္ဖိုးနည္း အိမ္ရာမွ အိမ္သုံးမီတာ ၁၈ လုံး ခိုးယူခံရမႈကိုသက္ဆိုင္ရာက အမႈဖြင့္စုံစမ္းလ်က္ရွိေၾကာင္း ယေန႔ေမ ၉ ရက္တြင္ ရဲတပ္ဖြဲ႕ထံမွ သိရသည္။


ျဖစ္စဥ္မွာ ေမ ၄ ရက္ နံနက္ ၉ နာရီ ၄၅ မိနစ္တြင္ လႈိင္သာယာၿမိဳ႕နယ္ ေ႐ႊလင္ပန္းေက်း႐ြာအတြင္းရွိ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ တည္ေဆာက္ထားသည့္ တန္ဖိုးနည္းအိမ္ရာ အပိုင္း(၂)ႏွင့္ အပိုင္း(၃)တို႔တြင္ လွ်ပ္စစ္ဓာတ္အားခြဲ႐ုံအမွတ္(၁)မွ ဦးေအာင္ေဇာ္မ်ိဳးကမီတာလိုက္လံဖတ္ခဲ့သည္။


ထိုသို႔ မီတာလိုက္လံဖတ္စဥ္ တိုက္အမွတ္(၁၇)ႏွင့္ တိုက္ အမွတ္(၄၅)တို႔ရွိ အခန္း(၁၈)ခန္းတြင္ တပ္ဆင္ထားသည့္ အိမ္သုံးမီတာ ၁၈ လုံးမွာ ေပ်ာက္ဆုံးေနသည္ကို ေတြ႕ရွိခဲ့သျဖင့္ အေရးယူေပးရန္ ေမ ၈ ရက္ မြန္းလြဲ ၁ နာရီခြဲတြင္ ရဲတပ္ဖြဲ႕သို႔ တိုင္ၾကားခဲ့သည္။လႈိင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕မရဲစခန္းက (ပ)၂၈၇၆/၂၀၂၀၊ ပပက ၆(၁) အရ အမႈဖြင့္စုံစမ္းလ်က္ရွိသည္။

ျမန္မာတိုင္းမ္

Post a Comment

Previous Post Next Post