(Unicode)

ကိုဗစ်-၁၉ပျောက်ကင်းသွားတဲ့ ဒေါက်တာမြင့်မြင့်စိန်ဟာ ပြည်မြို့ ခုတင် ၅၀၀ ဆေးရုံကြီးက မေ့ဆေးအထူးကုဆရာဝန်ကြီးဖြစ်ပြီး ရောဂါ ပိုးကူးစက်ခံရတာကို သိရတဲ့နောက် ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကို အစိုးရက စီစဉ် ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ဝေဘာဂီမှာ ကုသ မှုခံယူနေစဉ်မှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းဆွေးနွေးခန်းမှာ ပါဝင်ခဲ့ပြီး ဆေးလောကနဲ့ ကျန်းမာ ရေးဝန်ထမ်းတွေကြား ကြုံတွေ့ရတဲ့ အခက်အခဲ၊ ကိုဗစ်၁၉ ကုသရေး အတွက် လိုအပ်ချက် တွေကို အကြံပြု ပြောကြားခဲ့ပါတယ်။

ဆရာဝန်ကြီးဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ပေါက်ခေါင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး လူနာနံပါတ် ၁၇ ကို ကုသမှုပေးရာကနေ ရောဂါ ကူးစက်ခံရတာဖြစ်ပြီး ဧပြီ ၁၁ ရက်မှာ အတည်ပြုလူနာ ဖြစ်ခဲ့ပါတယ်။ လူနာကို ကုသပေးလို့ ခုလို ကူးစက်ခံရတဲ့အပေါ် နောင်တမရခဲ့ ဘူးလို့ ဒေါက်တာမြင့်မြင့်စိန်က ဆေးရုံဆင်းချိန်မှာ ပြောကြားခဲ့ပါတယ်။ဟင် ” ” ဒါ မေ့ေ ဆး ဆရာဝန်ကြီး ဒေါက်တာ မြင့်မြင့်စိန် မှတ် လား ” မြောက်ဥက္ကလာ ဝေဘာဂီ‌ ဆေးရုံက အံ့ဩတကြီး မေးလိုက်တဲ့ ဒေါက်တာတစ်ဦးရဲ့ အသံ။

လူနာ တင်ယာဉ် ပေါ်က ဒေါက်တာမြင့် မြင့်စိန်က ခပ်ပါးပါး ပြုံးပြ တယ်။ လူနာနံပါတ် ၃၀ ဒေါက်တာ ဒေါ်မြင့်မြင့်စိန် ပြည်မြို့က မေ့ဆေး ဆရာဝန်ကြီးဟာ Positive လူနာ တစ်ဦး ရဲ့ အရေးပေါ် အခြေအနေမှာ လူနာရဲ့ အသက်ရှူလမ်းကြောင်းထဲကို ventilator(လေဝင်ပေါက်) ကနေ tube (ပိုက်ရှည်) ထည့်ဖို့ လိုအပ်လာပါတယ်။ ဒီလိုလုပ်ဖို့ ဆိုတာ အနည်းဆုံး ဆရာဝန် သုံးဦးလောက် လိုအပ်ပါတယ်။ အန္တရာယ် များလွန်းတဲ့ ဒီအခြေအနေမှာ ဒေါက်တာဟာ တစ်ခြား ဆရာ ဝန်တွေ ကူးစက်မှာ စိုးတဲ့ အတွက် သူတစ်ယောက်တည်းပဲ လုပ်ဖို့ ‌ဆုံး ဖြတ်လိုက်ပါတယ်။

ventilator(လေဝင်ပေါက်) ကနေ tube (ပိုက်ရှည်) ထည့် ရာမှာ သုံးကြိမ်လောက်အထိ မအောင်မြင် ဒါကြောင့် ဒေါက်တာဟာ သူမရဲ့ အကာအကွယ်ဖြစ် တဲ့ Goggles(ရေ/လေကာ မျက်မှန်) ကိုချွတ်ပြီး လုပ်ဆောင်မှ အောင်မြင်သွားပါတော့တယ်။ Goggles ကို ချွတ်တဲ့ အချိန်မှာ ဗိုင်းရပ်စ်ပိုး ကူးခံရမယ်ဆိုတာ ဒေါက်‌တာ ကောင်းကောင်း သိတယ်။ အဲ့ဒီထက် ဒေါက်တာ ပိုသိနေတာက လူနာ အသက်ရှင် ဖို့တဲ့……..။ဒေါက်တာ ဟာ positive လူနာ အခန်းထဲက ပြန်ထွက် လာတဲ့ အချိန်မှာ တော့ ……….သူမ ဟာ positive လူနာဖြစ်သွား တော့တယ်။

သူ့အသက်ကို စွန့်ပြီး လူ‌နာအသက်ကို ရွေးသွားတယ်။ သူမ ဟာ အခန်းအပြင် ရောက်တဲ့ အချိန်မှာ သူ့အနားကို ဘယ်ဆရာဝန်မှ မကပ် ခိုင်းတော့ပါဘူး တဲ့ ဒေါက်တာ ရဲ့ အဖြေအတည်ပြုချက်မှာ ညက positive ထွက်လာတဲ့အချိန် ယူနီဖောင်းတွေ ချွတ် ပြီး ဒေါက်တာကို မြောက်ဥက္ကလာ ဝေဘာဂီ ဆေးရုံကို ခေါ်သွားကြဖို့ PPE ဝတ်စုံ ပြည့်သူတွေ ရောက်ရှိလာတော့တယ်။ငိုယိုနေကြတဲ့ ဆရာဝန်တွေ ကို ဒေါက်တာက မငိုဖို့အတွက် ခေါင်းခါပြတယ်။ လူနာ‌ တွေ နဲ့ ထိတွေ့ကြတဲ့အခါ အထူးဂရုစိုက်ဖို့ မှာတယ်။



ပြီးတော့ ဒေါက်တာ ပြန်လာခဲ့ မယ် တဲ့ ။တစ်ချိန်လုံး ငြိမ်သတ်နေတဲ့ ပြည်မြို့ကြီးက ဒေါက်တာ ပြန်လာခဲ့မယ် လည်းဆိုရော ရှိုက်သံ ပါ အောင် ငိုပါတော့တယ်။ ဒေါက်တာ မြင့်မြင့်စိန် က ခပ်ပါးပါးပြုံးရင် လူနာတင်ယာဉ်ပေါ်ကို တက်သွားတော့တယ်။ ယာဉ်တန်း ကြီးက ပြည် မြို့ကနေ ရန်ကုန် မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံကြီး ကို ဦးတည် အရှိန်ပြင်းပြင်း မောင်းနှင်ထွက်ခွာတော့တယ်။ပြည်မြို့ကြီးက ရုတ်တ ရက် မျက်ရည်တွေ သုတ်ပြီး ယာဉ်တန်းနောက်ကို အပြေးအလွှား လိုက် ရင် လှမ်းအော်ပြောတယ် ဒေါက်တာ ကတိတည်ရမယ် နော် တဲ့။

ဒီနေ့ (မေလ ၂၅ရက် )တော့ recover ဖြစ်ပြီး ဒေါက်တာ ဆေးရုံက ဆင်းခွင့်ရပါပြီ။ ကျန်းမာစွာနဲ့ ပြည်မြို့ကို ပြန်ပါတော့မယ်။ဪ ဒါနဲ့ ပြည်မြို့ကြီးရေ ဒေါက်တာ ကတိတည် တယ်နော်……. ဟာ ခင်ဗျား က ဘာလို့ ငိုတာလဲ မျက်ရည်တွေ ဘယ်ပြန် ညာပြန် သုတ်ရင်း ပြည် မြို့က ပြန်ပြောရှာတယ်။ ” ဟုတ်တယ် ဝမ်းသာရင်လည်း ဒီမျက်ရည်က မရဘူးဗျ” တဲ့ ။

REF: မင်းရသ

(Zawgyi)

ကိုဗစ္-၁၉ေပ်ာက္ကင္းသြားတဲ့ ေဒါက္တာျမင့္ျမင့္စိန္ဟာ ျပည္ၿမိဳ႕ ခုတင္ ၅၀၀ ေဆး႐ုံႀကီးက ေမ့ေဆးအထူးကုဆရာဝန္ႀကီးျဖစ္ၿပီး ေရာဂါ ပိုးကူးစက္ခံရတာကို သိရတဲ့ေနာက္ ရန္ကုန္ၿမိဳ႕၊ ေဝဘာဂီအထူးကုေဆး႐ုံကို အစိုးရက စီစဥ္ ပို႔ေဆာင္ခဲ့တာျဖစ္ပါတယ္။ေဝဘာဂီမွာ ကုသ မႈခံယူေနစဥ္မွာ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အြန္လိုင္းေဆြးေႏြးခန္းမွာ ပါဝင္ခဲ့ၿပီး ေဆးေလာကနဲ႔ က်န္းမာ ေရးဝန္ထမ္းေတြၾကား ႀကဳံေတြ႕ရတဲ့ အခက္အခဲ၊ ကိုဗစ္၁၉ ကုသေရး အတြက္ လိုအပ္ခ်က္ ေတြကို အႀကံျပဳ ေျပာၾကားခဲ့ပါတယ္။

ဆရာဝန္ႀကီးဟာ ကြယ္လြန္သြားၿပီျဖစ္တဲ့ ေပါက္ေခါင္းၿမိဳ႕နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမႉး လူနာနံပါတ္ ၁၇ ကို ကုသမႈေပးရာကေန ေရာဂါ ကူးစက္ခံရတာျဖစ္ၿပီး ဧၿပီ ၁၁ ရက္မွာ အတည္ျပဳလူနာ ျဖစ္ခဲ့ပါတယ္။ လူနာကို ကုသေပးလို႔ ခုလို ကူးစက္ခံရတဲ့အေပၚ ေနာင္တမရခဲ့ ဘူးလို႔ ေဒါက္တာျမင့္ျမင့္စိန္က ေဆး႐ုံဆင္းခ်ိန္မွာ ေျပာၾကားခဲ့ပါတယ္။ဟင္ ” ” ဒါ ေမ့ေ ဆး ဆရာဝန္ႀကီး ေဒါက္တာ ျမင့္ျမင့္စိန္ မွတ္ လား ” ေျမာက္ဥကၠလာ ေဝဘာဂီ‌ ေဆး႐ုံက အံ့ဩတႀကီး ေမးလိုက္တဲ့ ေဒါက္တာတစ္ဦးရဲ႕ အသံ။

လူနာ တင္ယာဥ္ ေပၚက ေဒါက္တာျမင့္ ျမင့္စိန္က ခပ္ပါးပါး ၿပဳံးျပ တယ္။ လူနာနံပါတ္ ၃၀ ေဒါက္တာ ေဒၚျမင့္ျမင့္စိန္ ျပည္ၿမိဳ႕က ေမ့ေဆး ဆရာဝန္ႀကီးဟာ Positive လူနာ တစ္ဦး ရဲ႕ အေရးေပၚ အေျခအေနမွာ လူနာရဲ႕ အသက္ရႉလမ္းေၾကာင္းထဲကို ventilator(ေလဝင္ေပါက္) ကေန tube (ပိုက္ရွည္) ထည့္ဖို႔ လိုအပ္လာပါတယ္။ ဒီလိုလုပ္ဖို႔ ဆိုတာ အနည္းဆုံး ဆရာဝန္ သုံးဦးေလာက္ လိုအပ္ပါတယ္။ အႏၲရာယ္ မ်ားလြန္းတဲ့ ဒီအေျခအေနမွာ ေဒါက္တာဟာ တစ္ျခား ဆရာ ဝန္ေတြ ကူးစက္မွာ စိုးတဲ့ အတြက္ သူတစ္ေယာက္တည္းပဲ လုပ္ဖို႔ ‌ဆုံး ျဖတ္လိုက္ပါတယ္။

ventilator(ေလဝင္ေပါက္) ကေန tube (ပိုက္ရွည္) ထည့္ ရာမွာ သုံးႀကိမ္ေလာက္အထိ မေအာင္ျမင္ ဒါေၾကာင့္ ေဒါက္တာဟာ သူမရဲ႕ အကာအကြယ္ျဖစ္ တဲ့ Goggles(ေရ/ေလကာ မ်က္မွန္) ကိုခြၽတ္ၿပီး လုပ္ေဆာင္မွ ေအာင္ျမင္သြားပါေတာ့တယ္။ Goggles ကို ခြၽတ္တဲ့ အခ်ိန္မွာ ဗိုင္းရပ္စ္ပိုး ကူးခံရမယ္ဆိုတာ ေဒါက္‌တာ ေကာင္းေကာင္း သိတယ္။ အဲ့ဒီထက္ ေဒါက္တာ ပိုသိေနတာက လူနာ အသက္ရွင္ ဖို႔တဲ့……..။ေဒါက္တာ ဟာ positive လူနာ အခန္းထဲက ျပန္ထြက္ လာတဲ့ အခ်ိန္မွာ ေတာ့ ……….သူမ ဟာ positive လူနာျဖစ္သြား ေတာ့တယ္။

သူ႔အသက္ကို စြန႔္ၿပီး လူ‌နာအသက္ကို ေ႐ြးသြားတယ္။ သူမ ဟာ အခန္းအျပင္ ေရာက္တဲ့ အခ်ိန္မွာ သူ႔အနားကို ဘယ္ဆရာဝန္မွ မကပ္ ခိုင္းေတာ့ပါဘူး တဲ့ ေဒါက္တာ ရဲ႕ အေျဖအတည္ျပဳခ်က္မွာ ညက positive ထြက္လာတဲ့အခ်ိန္ ယူနီေဖာင္းေတြ ခြၽတ္ ၿပီး ေဒါက္တာကို ေျမာက္ဥကၠလာ ေဝဘာဂီ ေဆး႐ုံကို ေခၚသြားၾကဖို႔ PPE ဝတ္စုံ ျပည့္သူေတြ ေရာက္ရွိလာေတာ့တယ္။ငိုယိုေနၾကတဲ့ ဆရာဝန္ေတြ ကို ေဒါက္တာက မငိုဖို႔အတြက္ ေခါင္းခါျပတယ္။ လူနာ‌ ေတြ နဲ႔ ထိေတြ႕ၾကတဲ့အခါ အထူးဂ႐ုစိုက္ဖို႔ မွာတယ္။

ၿပီးေတာ့ ေဒါက္တာ ျပန္လာခဲ့ မယ္ တဲ့ ။တစ္ခ်ိန္လုံး ၿငိမ္သတ္ေနတဲ့ ျပည္ၿမိဳ႕ႀကီးက ေဒါက္တာ ျပန္လာခဲ့မယ္ လည္းဆိုေရာ ရႈိက္သံ ပါ ေအာင္ ငိုပါေတာ့တယ္။ ေဒါက္တာ ျမင့္ျမင့္စိန္ က ခပ္ပါးပါးၿပဳံးရင္ လူနာတင္ယာဥ္ေပၚကို တက္သြားေတာ့တယ္။ ယာဥ္တန္း ႀကီးက ျပည္ ၿမိဳ႕ကေန ရန္ကုန္ ေျမာက္ဥကၠလာ ေဝဘာဂီေဆး႐ုံႀကီး ကို ဦးတည္ အရွိန္ျပင္းျပင္း ေမာင္းႏွင္ထြက္ခြာေတာ့တယ္။ျပည္ၿမိဳ႕ႀကီးက ႐ုတ္တ ရက္ မ်က္ရည္ေတြ သုတ္ၿပီး ယာဥ္တန္းေနာက္ကို အေျပးအလႊား လိုက္ ရင္ လွမ္းေအာ္ေျပာတယ္ ေဒါက္တာ ကတိတည္ရမယ္ ေနာ္ တဲ့။

ဒီေန႔ (ေမလ ၂၅ရက္ )ေတာ့ recover ျဖစ္ၿပီး ေဒါက္တာ ေဆး႐ုံက ဆင္းခြင့္ရပါၿပီ။ က်န္းမာစြာနဲ႔ ျပည္ၿမိဳ႕ကို ျပန္ပါေတာ့မယ္။ဪ ဒါနဲ႔ ျပည္ၿမိဳ႕ႀကီးေရ ေဒါက္တာ ကတိတည္ တယ္ေနာ္……. ဟာ ခင္ဗ်ား က ဘာလို႔ ငိုတာလဲ မ်က္ရည္ေတြ ဘယ္ျပန္ ညာျပန္ သုတ္ရင္း ျပည္ ၿမိဳ႕က ျပန္ေျပာရွာတယ္။ ” ဟုတ္တယ္ ဝမ္းသာရင္လည္း ဒီမ်က္ရည္က မရဘူးဗ်” တဲ့ ။

REF: မင္းရသ

Post a Comment

Previous Post Next Post