(Unicode)

Monday, May 25, 2020

မန္တလေးမြို့တွင် ကလေးတွေကို ရိုက်နှက်ပြီး တောင်းစားခိုင်းတဲ့ လူနှစ်ယောက်ကို မိပါပြီ။

ဒီနေ့ မနက် ၇၈×၂၆ လမ်းထောင့်မှာ တောင်းခိုင်းနေတယ်လို့ ပြည်သူတစ်ယောက်က တင်ထားတာ တွေ့တာနဲ့ ကျွန်တော်နဲ့ ကျွန်တော့်ညီ Lynn Khine အဲဒီနေရာကိုသွားပြီးကြည့် သက်ဆိုင်ရာနဲ့ ဝိုင်းဝန်းဖမ်းဆီးပြီး ကျွန်တော်ကိုယ်တိုင် တရားလိုလုပ်ပြီး အမှုဖွင့်လိုက်ပါပြီ။


မိတဲ့နေရာကတော့ ဆေးရုံကြီးရှေ့မှာ ဖြစ်ပါတယ်။ ကလေးနှစ်ယောက်ကို တိုင်းလူမှုဝန်မှု ဝန်ထမ်းဦးစီးဌာနကို ပို့ပေးမှာပါ။



ဝိုင်းဝန်းကူညီ ဖမ်းဆီးပေးကြတဲ့ အောင်နန်းရိပ်သာ အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ယု၊ ကဉ္စနမဟီ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦး ၊ အမှတ် ၈ မြို့မ ရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်မင်းမင်းသက် Moon Candy နှင့် လှည့်ကင်းတပ်ဖွဲ့ဝင်များအားလုံး ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Ko Naung

(Zawgyi)

Monday, May 25, 2020

မႏၲေလးၿမိဳ႕တြင္ ကေလးေတြကို ႐ိုက္ႏွက္ၿပီး ေတာင္းစားခိုင္းတဲ့ လူႏွစ္ေယာက္ကို မိပါၿပီ။

ဒီေန႔ မနက္ ၇၈×၂၆ လမ္းေထာင့္မွာ ေတာင္းခိုင္းေနတယ္လို႔ ျပည္သူတစ္ေယာက္က တင္ထားတာ ေတြ႕တာနဲ႔ ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္ညီ Lynn Khine အဲဒီေနရာကိုသြားၿပီးၾကည့္ သက္ဆိုင္ရာနဲ႔ ဝိုင္းဝန္းဖမ္းဆီးၿပီး ကြၽန္ေတာ္ကိုယ္တိုင္ တရားလိုလုပ္ၿပီး အမႈဖြင့္လိုက္ပါၿပီ။


မိတဲ့ေနရာကေတာ့ ေဆး႐ုံႀကီးေရွ႕မွာ ျဖစ္ပါတယ္။ ကေလးႏွစ္ေယာက္ကို တိုင္းလူမႈဝန္မႈ ဝန္ထမ္းဦးစီးဌာနကို ပို႔ေပးမွာပါ။



ဝိုင္းဝန္းကူညီ ဖမ္းဆီးေပးၾကတဲ့ ေအာင္နန္းရိပ္သာ အေနာက္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးတင္ယု၊ ကၪၥနမဟီ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ျမင့္ဦး ၊ အမွတ္ ၈ ၿမိဳ႕မ ရဲစခန္းမွ နယ္ထိန္း ေခါင္းေဆာင္ ဒုရဲအုပ္မင္းမင္းသက္ Moon Candy ႏွင့္ လွည့္ကင္းတပ္ဖြဲ႕ဝင္မ်ားအားလုံး ေက်းဇူးအထူးတင္ရွိပါတယ္။

Source – Ko Naung

Post a Comment

Previous Post Next Post