Unicode

ပရိသတ်ကြီးရေ .. လတစ်လရဲ့ ပထမဆုံးရက်တွေတိုင်းဟာ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေအတွက် စိတ်လှုပ်ရှားရတဲ့နေ့ရက်ပဲဖြစ်ပါတယ် ။ လတစ်လရဲ့ ပထမဆုံးရက်တိုင်းမှာ ထီသိန်းတစ်သောင်းခွဲ ဆုရှင်တွေထွက်ပေါ်ခဲ့ပြီး ဒီတစ်ခါမှာတော့ မေလအတွက်သိန်း တစ်သောင်းဆုကြီးကို ဆွတ်ခူးသွားသူက နေပြည်တော်မှာရှိတဲ့ထီဆိုင်ကနေ ထီထိုးခဲ့ပြီး (၁၅) ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲ ဆုကြီးကို ဆွတ်ခူးသွားတဲ့ မဝေဝေလင်းနဲ့ ကိုအောင်နေလတို့ ဇနီးမောင်နှံပဲဖြစ်ပါတယ် ။


လက်လုပ်တောင်သာဝက ဗောဓိရိပ်ငြိမ်တောရ ဆရာတော်ကို ကိုးကွယ်ကြတဲ့သူတွေဖြစ်ပြီး လက်လုပ်တောင် ဘုရားဖူးရင်း ပေါက်တာမပေါက်တာထက် လှူလိုတဲ့ဆန္ဒလေးနဲ့ပဲ ကံစမ်းခဲ့တဲ့ ထီလက်မှတ်ကနေ သိန်းတစ်သောင်းခွဲဆုကြီးကို ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ် ။ ထီဆယ်စောင်တွဲ နှစ်စောင်ထိုးခဲ့တာဖြစ်ပြီး တစ်စောင်ကိုခင်ပွန်းဖြစ်သူအတွက် ရည်ရွယ်ပြီး ကျန်တစ်စောင်ကိုတော့ သားဖြစ်သူအတွက်ရည်ရွယ်ပြီးထိုးခဲ့တာ ဖြစ်ပါတယ် ။



ကံထူးစွာနဲ့ပဲ သားလေးအတွက်ရည်ရွယ်ပြီးထိုးခဲ့တဲ့ ထီလက်မှတ်လေးကနေ သိန်းတစ်သောင်းခွဲဆုကြီးကို ကံထူးခဲ့တာပဲဖြစ်ပါတယ် ။ (၂၀၁၉) ခုနှစ်မှာလည်း ထီသုံးကြိမ်တိတိပေါက်ခဲ့ဖူးပြီး ဆုကြီးမဟုတ်ပေမယ့်လည်း (၅) သောင်းဆု သုံးကြိမ်ပေါက်ခဲ့တာဖြစ်တယ်လို့သိရပါတယ် ။


မဝေဝေလင်းကတော့ သူမရဲ့ အနီးအနားမှာရှိတဲ့သူတွေနဲ့ သူမ ပတ်ဝန်းကျင်မှာ ရှိတဲ့ မပြေလည်တဲ့သူ ၊ မရှိတဲ့သူတွေကိုထောက်ပံ့ပေးချင်တဲ့ဆန္ဒရှိတယ်လို့သိရပါတယ် ။ Covid-19 တိုက်ဖျက်ရေးအတွက် သားသား မွေးနေ့ဖြစ်တဲ့ မေလ (၁၁) ရက်နေ့မှာလှူဒါန်းဖို့ ရည်ရွယ်ထားပြီးသားဖြစ်သလို အခုလို ထီပေါက်သွားတော့ အများကြီးထပ်လှူသွားဖို့ရှိတယ်လို့ ပြောပြခဲ့ပါတယ် ။ နေပြည်တော်မှာရှိတဲ့လက်လုပ်တောင် ရွှေနန်းသွင်းစေတီတော်ကြီးမှာလည်း ဆက်လက်လှူဒါန်းမှုတွေပြုလုပ်သွားမယ်လို့သိရပါတယ် ။

Zawgyi

ပရိသတ္ႀကီးေရ .. လတစ္လရဲ႕ ပထမဆုံးရက္ေတြတိုင္းဟာ ျမန္မာတစ္ႏိုင္ငံလုံးက ျပည္သူေတြအတြက္ စိတ္လႈပ္ရွားရတဲ့ေန႔ရက္ပဲျဖစ္ပါတယ္ ။ လတစ္လရဲ႕ ပထမဆုံးရက္တိုင္းမွာ ထီသိန္းတစ္ေသာင္းခြဲ ဆုရွင္ေတြထြက္ေပၚခဲ့ၿပီး ဒီတစ္ခါမွာေတာ့ ေမလအတြက္သိန္း တစ္ေသာင္းဆုႀကီးကို ဆြတ္ခူးသြားသူက ေနျပည္ေတာ္မွာရွိတဲ့ထီဆိုင္ကေန ထီထိုးခဲ့ၿပီး (၁၅) ႀကိမ္ေျမာက္ က်ပ္သိန္းတစ္ေသာင္းခြဲ ဆုႀကီးကို ဆြတ္ခူးသြားတဲ့ မေဝေဝလင္းနဲ႔ ကိုေအာင္ေနလတို႔ ဇနီးေမာင္ႏွံပဲျဖစ္ပါတယ္ ။


လက္လုပ္ေတာင္သာဝက ေဗာဓိရိပ္ၿငိမ္ေတာရ ဆရာေတာ္ကို ကိုးကြယ္ၾကတဲ့သူေတြျဖစ္ၿပီး လက္လုပ္ေတာင္ ဘုရားဖူးရင္း ေပါက္တာမေပါက္တာထက္ လႉလိုတဲ့ဆႏၵေလးနဲ႔ပဲ ကံစမ္းခဲ့တဲ့ ထီလက္မွတ္ကေန သိန္းတစ္ေသာင္းခြဲဆုႀကီးကို ဆြတ္ခူးသြားခဲ့တာျဖစ္ပါတယ္ ။ ထီဆယ္ေစာင္တြဲ ႏွစ္ေစာင္ထိုးခဲ့တာျဖစ္ၿပီး တစ္ေစာင္ကိုခင္ပြန္းျဖစ္သူအတြက္ ရည္႐ြယ္ၿပီး က်န္တစ္ေစာင္ကိုေတာ့ သားျဖစ္သူအတြက္ရည္႐ြယ္ၿပီးထိုးခဲ့တာ ျဖစ္ပါတယ္ ။


ကံထူးစြာနဲ႔ပဲ သားေလးအတြက္ရည္႐ြယ္ၿပီးထိုးခဲ့တဲ့ ထီလက္မွတ္ေလးကေန သိန္းတစ္ေသာင္းခြဲဆုႀကီးကို ကံထူးခဲ့တာပဲျဖစ္ပါတယ္ ။ (၂၀၁၉) ခုႏွစ္မွာလည္း ထီသုံးႀကိမ္တိတိေပါက္ခဲ့ဖူးၿပီး ဆုႀကီးမဟုတ္ေပမယ့္လည္း (၅) ေသာင္းဆု သုံးႀကိမ္ေပါက္ခဲ့တာျဖစ္တယ္လို႔သိရပါတယ္ ။


မေဝေဝလင္းကေတာ့ သူမရဲ႕ အနီးအနားမွာရွိတဲ့သူေတြနဲ႔ သူမ ပတ္ဝန္းက်င္မွာ ရွိတဲ့ မေျပလည္တဲ့သူ ၊ မရွိတဲ့သူေတြကိုေထာက္ပံ့ေပးခ်င္တဲ့ဆႏၵရွိတယ္လို႔သိရပါတယ္ ။ Covid-19 တိုက္ဖ်က္ေရးအတြက္ သားသား ေမြးေန႔ျဖစ္တဲ့ ေမလ (၁၁) ရက္ေန႔မွာလႉဒါန္းဖို႔ ရည္႐ြယ္ထားၿပီးသားျဖစ္သလို အခုလို ထီေပါက္သြားေတာ့ အမ်ားႀကီးထပ္လႉသြားဖို႔ရွိတယ္လို႔ ေျပာျပခဲ့ပါတယ္ ။ ေနျပည္ေတာ္မွာရွိတဲ့လက္လုပ္ေတာင္ ေ႐ႊနန္းသြင္းေစတီေတာ္ႀကီးမွာလည္း ဆက္လက္လႉဒါန္းမႈေတြျပဳလုပ္သြားမယ္လို႔သိရပါတယ္ ။

Credit Original

Post a Comment

Previous Post Next Post