(Unicode)

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားရာမှ လူတစ်ဦး သေဆုံးပြီး လူနေအိမ် ၂ လုံး ပျက်စီး ကာ မီးငြိမ်းသတ်သွားသည့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာနမှူးရုံး မှ စုံစမ်း သိရသည်။



မေလ ၉ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်ခန့် က ဘုန်းဘွဲ့ကျေးရွာနေ ဦးအောင်မြင့်ကျော် ၏ နေအိမ် မီးလောင်ကျွမ်းခဲ့သည်။ယင်းနောက် ၎င်း ဘေးအိမ် ဖြစ်သော ဦးကျော်ဌေး ၏ နေအိမ်ကိုပါ ကူးစက်လောင်ကျွမ်းခဲ့သည်။

မီးလောင်မှုကြောင့် မီးစတင် လောင်ကျွမ်းမှု ဖြစ်ပွားသည့် နေအိမ်ပိုင်ရှင် ဦးအောင်မြင့်ကျော် မှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ယင်းအပြင် လူနေအိမ် ၂ လုံး ၊ထော်လာဂျီ ၁ စီး၊ဂျာလင်းဆိုင်ကယ် ၂ စီး နှင့် အပ်ချုပ်စက် နှစ်လုံး မီးလောင်ပျက်စီးခဲ့သည်။



အဆိုပါ မီးလောင်မှု ဖြစ်ပွားရာ သို့ သွားရောက်ခဲ့သည့် ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူးရုံးမှ တပ်သားအောင်ကျော်ကျော် သည် မီးသတ်ယာဉ်ပေါ်မှ ပြုတ်ကျပြီး ဘယ်ဘက်ပုခုံးညှပ်ရိုးကျိုးသည့် ဒဏ်ရာ ရရှိခဲ့ကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးမှုး ဦးအေးမြင့် မှပြောသည်။



“သူ့အမျိုးသမီး နဲ့ သူ့သား က သူ့ တို့ အမေ အိမ် သွားတဲ့ အချိန်မှာ လောင်တာ။သေဆုံးသူ က အရင်တုန်းက အရက်သောက်တာ များလို့ အခု ရက်ဖြတ်ထားတဲ့ အခါ ကျတော့ ကြောင် နေတယ်လို့ တော့ ပြောတာပဲ။မီးလောင်ချိန်မှာ သေဆုံးသူ အိမ်ထဲ အိပ်ပျော်နေတယ်လို့ တော့ ပြောတယ်။သေဆုံးသူ နေထိုင်တဲ့ အိမ်က မြေစိုက် သွပ်မိုး ထရံကာ နေအိမ်ပါ” ဟု ဘုန်းဘွဲ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနေအောင် က ပြောသည်။

ယင်းဖြစ်စဉ် နှင့် ပတ်သက်၍ ရွှေဘိုမြို့မရဲစခန်း မှာ (ပ)၂၈၈/၂၀၂၀၊ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၂၈၅)(၃၀၄/က)ဖြင့် အမှုဖွင့် ထားကြောင်း စုံစမ်း သိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)

(Zawgyi)

စစ္ကိုင္းတိုင္းေဒသႀကီး ေရႊဘိုၿမိဳ့နယ္ ဘုန္းဘြဲ႕ေက်းရြာတြင္ မီးေလာင္မွု ျဖစ္ပြားရာမွ လူတစ္ဦး ေသဆုံးၿပီး လူေနအိမ္ ၂ လုံး ပ်က္စီး ကာ မီးၿငိမ္းသတ္သြားသည့္ မီးသတ္တပ္ဖြဲ႕၀င္ တစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ေရႊဘိုခရိုင္ မီးသတ္ဦးစီးဌာနမွူး႐ုံး မွ စုံစမ္း သိရသည္။


ေမလ ၉ ရက္ေန႔ နံနက္ ၁၁ နာရီ မိနစ္ ၃၀ အခ်ိန္ခန႔္ က ဘုန္းဘြဲ႕ေက်းရြာေန ဦးေအာင္ျမင့္ေက်ာ္ ၏ ေနအိမ္ မီးေလာင္ကၽြမ္းခဲ့သည္။ယင္းေနာက္ ၄င္း ေဘးအိမ္ ျဖစ္ေသာ ဦးေက်ာ္ေဌး ၏ ေနအိမ္ကိုပါ ကူးစက္ေလာင္ကၽြမ္းခဲ့သည္။

မီးေလာင္မွုေၾကာင့္ မီးစတင္ ေလာင္ကၽြမ္းမွု ျဖစ္ပြားသည့္ ေနအိမ္ပိုင္ရွင္ ဦးေအာင္ျမင့္ေက်ာ္ မွာ မီးေလာင္ဒဏ္ရာမ်ားျဖင့္ ေသဆုံးခဲ့သည္။ယင္းအျပင္ လူေနအိမ္ ၂ လုံး ၊ေထာ္လာဂ်ီ ၁ စီး၊ဂ်ာလင္းဆိုင္ကယ္ ၂ စီး ႏွင့္ အပ္ခ်ဳပ္စက္ ႏွစ္လုံး မီးေလာင္ပ်က္စီးခဲ့သည္။



အဆိုပါ မီးေလာင္မွု ျဖစ္ပြားရာ သို့ သြားေရာက္ခဲ့သည့္ ေရႊဘိုခရိုင္မီးသတ္ဦးစီးမွူး႐ုံးမွ တပ္သားေအာင္ေက်ာ္ေက်ာ္ သည္ မီးသတ္ယာဥ္ေပၚမွ ျပဳတ္က်ၿပီး ဘယ္ဘက္ပုခုံးညႇပ္ရိုးက်ိဳးသည့္ ဒဏ္ရာ ရရွိခဲ့ေၾကာင္း ေရႊဘိုခရိုင္ မီးသတ္ဦးစီးမွုး ဦးေအးျမင့္ မွေျပာသည္။



“သူ႔အမ်ိဳးသမီး နဲ႔ သူ႔သား က သူ႔ တို့ အေမ အိမ္ သြားတဲ့ အခ်ိန္မွာ ေလာင္တာ။ေသဆုံးသူ က အရင္တုန္းက အရက္ေသာက္တာ မ်ားလို့ အခု ရက္ျဖတ္ထားတဲ့ အခါ က်ေတာ့ ေၾကာင္ ေနတယ္လို့ ေတာ့ ေျပာတာပဲ။မီးေလာင္ခ်ိန္မွာ ေသဆုံးသူ အိမ္ထဲ အိပ္ေပ်ာ္ေနတယ္လို့ ေတာ့ ေျပာတယ္။ေသဆုံးသူ ေနထိုင္တဲ့ အိမ္က ေျမစိုက္ သြပ္မိုး ထရံကာ ေနအိမ္ပါ” ဟု ဘုန္းဘြဲ႕ေက်းရြာ အုပ္ခ်ဳပ္ေရးမွူး ဦးေနေအာင္ က ေျပာသည္။

ယင္းျဖစ္စဥ္ ႏွင့္ ပတ္သက္၍ ေရႊဘိုၿမိဳ့မရဲစခန္း မွာ (ပ)၂၈၈/၂၀၂၀၊ျပစ္မွုဆိုင္ရာ ဥပေဒ ပုဒ္မ (၂၈၅)(၃၀၄/က)ျဖင့္ အမွုဖြင့္ ထားေၾကာင္း စုံစမ္း သိရသည္။

ထြန္းျမင့္ေအာင္(ေရႊဘို)

Post a Comment

Previous Post Next Post