(Unicode)
၁။ ၂၁-၅-၂၀၂၀ ရက်နေ့ ညနေ ၆ နာရီအချိန် စက်မှုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်းတာ၀န်ဆောင်ရွက်စဉ် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၅၂ လမ်း၊ အနော်ရထားလမ်းနှင့် အောင်ဆန်းလမ်းကြားတွင် နံပါတ်မပါ SAYAN-125 ခဲ/နက်ဆိုင်ကယ်ဖြင့် မသင်္ကာဖွယ်တွေ့ရှိသူ ဖြိုးမင်းဇော် ၂၅ နှစ်၊ (ည)ရပ်ကွက်၊ ပြည်ကြီး တံခွန်မြို့နယ်နေသူနှင့် ဇင်ကိုကို(ခ)ဇင်ကို ၂၄ နှစ်၊ (ဈ)ရပ်ကွက်၊ ပြည်ကြီး တံခွန်မြို့နယ်နေသူတို့ ၂ ဦးအားစစ်ဆေးရှာဖွေစဉ် ဖြိုးမင်းဇော်၏ကိုင်ဆောင်ထားသော အမျိုးသားခေါက်ပိုက်ဆံအိတ် ၁ လုံးအတွင်းမှ မြန်မာငွေစက္ကူရောရာ ၄၅၉၈၀၀ ကျပ်နှင့် ဇင်ကိုကို(ခ)ဇင်ကို လွယ်ထားသည့် လွယ်အိတ်အတွင်းမှ မြန်မာ ငွေစက္ကူရောရာ ၃၀၂၇၀၀ ကျပ်တို့အားတွေ့ရှိရ၍ ဆက်လက်စစ်ဆေးရာ ၎င်းတို့ ၂ ဦးသည် ၂၁-၅-၂၀၂၀ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်က အမရပူရမြို့နယ်၊ ၆၈ လမ်း၊ ကညနရုံးရှေ့တွင် လမ်းလျှောက်လာသူ အမျိုးသား ၁ ဦး ထံမှ အသားရောင်နှင့် ခရမ်းရောင်ပါ အမျိုးသမီး လက်ကိုင်ပိုက်ဆံအိတ်အား လုယူခဲ့ပြီး လည်းကောင်း၊ နေ့ရက်မမှတ်မိတွင် ပြည်ကြီးတံခွန်မြို့နယ်၊ မယ်တော်စုကျေးရွာ၊ လယ်ကွက်များအတွင်းတွင် လုယူရရှိခဲ့သည့် ပိုက်ဆံအိတ်အား ဖြဲ၍လွင့်ပစ်ခဲ့ပြီး ရရှိသည့်ပိုက်ဆံများအား ခွဲဝေယူခဲ့ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ဖြိုးမင်းသူနှင့် ဇင်ကိုကို(ခ)ဇင်ကိုတို့ ၂ ဦးအား စက်မှုနယ်မြေ ရဲစခန်း(ပ)၁၅၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ အရအမှုဖွင့်ကာ ကွင်းဆက်အမှုများ ဖော်ထုတ်နိုင်ရေး စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
၂။ စက်မှုနယ်မြေရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များမှ စစ်ဆေးဖော်ထုတ်ချက်အရ ဖြိုးမင်းဇော်နှင့် ဇင်ကိုကို(ခ)ဇင်ကို တို့ (၂)ဦး ကျူးလွန်ခဲ့သည့် အောက်ပါလုယက်မှုများအား ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေခံဖုန်းများအား သိမ်းဆည်းပြီး သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
▪️လွန်ခဲ့သော(၂)လခန့်က ၎င်းတို့(၂)ဦးသည် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ဗန္ဓုလလမ်းနှင့် အေးမေတ္တာလမ်းကြား၊ ၅၃လမ်းမပေါ်တွင် လမ်းလျှောက်လာသည့် အမျိုးသမီး တစ်ဦးထံမှ Huawei Y-6 Prime အမျိုးအစား အပြာရောင်ဖုန်း(၁)လုံးအားလည်းကောင်း၊
▪️လွန်ခဲ့သော ( ၂ )ပတ်ခန့်က ပြည်ကြီးတံခွန် မြို့နယ် ၊ ( ၅ ) ရပ်ကွက် ၊ ၇၀x၇၁ လမ်းကြား၊ ယောမင်းကြီးလမ်းပေါ်တွင် ဂိမ်းကစားနေသည့် လူငယ်တစ်ဦးထံမှ Vivo Y - 53 အမျိုးအစား အနက်ရောင်ဖုန်း( ၁ )လုံးအားလည်းကောင်း၊
▪️လွန်ခဲ့သော (၁)လခန့်က ပြည်ကြီးတံခွန် မြို့နယ် ၊ သင်ပန်းကုန်း ရပ်ကွက် ၊ ၅၈ လမ်း နှင့် မင်းကြီးရန် နောင်လမ်း ၊ သင်ပန်းကုန်းလမ်းဆုံအနီးတွင် အမျိုးသမီးတစ်ဦးထံမှ Mi Note - 3 အမျိုးအစား ရွှေရောင်ဖုန်း( ၁ )လုံးအားလည်းကောင်း၊
▪️၁၇-၅-၂၀၂၀ ရက်နေ့ ပြည်ကြီးတံခွန် မြို့နယ် ၊ (ဇ)ရပ်ကွက် ၊ ၆၄ လမ်း နှင့် ၆၅ လမ်းကြား၊ စံပြ လမ်းပေါ်တွင် ဂိမ်းကစားနေသည့် လူငယ်တစ် ဦး ထံမှ KENBO အမျိုးအစား အနက်ရောင်ဖုန်း(၁)လုံးအားလည်းကောင်း၊
▪️လွန်ခဲ့သော (၂)လခန့်က ပြည်ကြီးတံခွန် မြို့နယ် ၊ (ဆ)ရပ်ကွက် ၊ ဗန္ဓုလလမ်းနှင့် အေးမေတ္တာ လမ်းကြား ၊ ၅၃ လမ်းပေါ်တွင် လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦးထံမှ Huawei Y 6 Prime အမျိုးအစား အပြာရောင်ဖုန်း(၁) လုံးအားလည်းကောင်း၊
▪️လွန်ခဲ့သော(၁)လခန့်က အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ကားကြီးကွင်း အနောက်ဘက် ဝင်ပေါက်အနီး ၆၈ လမ်းမပေါ်တွင် လမ်းလျှောက်လာသော အမျိုးသား(၁)ဦးထံမှ Redmi-7 အမျိုးအစား အပြာရောင်ဖုန်း(၁) လုံးအားလည်းကောင်း၊
▪️လွန်ခဲ့သော(၁)လခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၈ လမ်းနှင့် မင်းကြီးရန်နောင်လမ်းဆုံတွင် ရပ်နေသာ အမျိုးသမီး(၁)ဦးထံမှ Mi Note-3 အမျိုးအစား ရွှေရောင်ဖုန်း(၁) လုံးအားလည်းကောင်း၊
Mandalay Police
(Zawgyi)
Mandalay Police
Post a Comment
Previous Post Next Post