(Unicode)

မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရုပ်ရှင်ရုံများ အပါအဝင် ဖျော်ဖြေရေးလုပ်ငန်းများ၊ အပန်းဖြေစခန်း/နေရာများ၊ ဘုရားများ၊ ဗလီ/ခရစ်ယာန်ဘုရားကျောင်းများ(ဘာသာရေးဆိုင်ရာ ဝတ်ပြုဆုတောင်းခြင်း ပြုလုပ်ရာနေရာများ)နှင့် မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်းတို့အား ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၅ ရက်အထိ ပြန်လည်ဖွင့်လှစ်ခွင့် မပြုသေးကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။

“COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရုပ်ရှင်ရုံများ အပါအဝင် ဖျော်ဖြေရေးလုပ်ငန်းတွေအပန်းဖြေစခန်းတွေ ဘုရားစေတီများနဲ့ ဘာသာရေးဆိုင်ရာ ဝတ်ပြုဆုတောင်းခြင်း ပြုလုပ်ရာနေရာတွေဖြစ်တဲ့ ဗလီနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ၊ လူစုလူဝေးဖြစ်နိုင်တဲ့ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်းတို့ကို ဇွန်လ ၁၅ ရက်အထိ ပြန်လည်ဖွင့်လှစ်ခွင့် ခွင့်မပြုသေးပါဘူး။”ဟု ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို မိဘပြည်သူများနှင့်ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မိဘပြည်သူများသို့ အသိပေးပန်ကြားခြင်း၊ မေတ္တာရပ်ခံပန်ကြားခြင်း၊ အသိပေးတင်ပြခြင်းအပြင် အခြေအနေပေါ်မူတည်၍ တားမြစ်အမိန့်များ ထုတ်ပြန်ခြင်းများကို အချိန်နှင့်တပြေးညီဆောင်ရွက်ပေးလျက်ရှိသည်။

@TheMandalayNewsJournal
Nanyu

(Zawgyi)

မႏၲေလးတိုင္းေဒသႀကီးအတြင္း COVID-19 ေရာဂါကူးစက္ျပန႔္ပြားမွု မရွိေစေရးအတြက္ ႐ုပ္ရွင္႐ုံမ်ား အပါအဝင္ ေဖ်ာ္ေျဖေရးလုပ္ငန္းမ်ား၊ အပန္းေျဖစခန္း/ေနရာမ်ား၊ ဘုရားမ်ား၊ ဗလီ/ခရစ္ယာန္ဘုရားေက်ာင္းမ်ား(ဘာသာေရးဆိုင္ရာ ဝတ္ျပဳဆုေတာင္းျခင္း ျပဳလုပ္ရာေနရာမ်ား)ႏွင့္ မဟာေအာင္ေျမ ေက်ာက္မ်က္ေရာင္းဝယ္ေရးစခန္းတို့အား ၂၀၂၀ ျပည့္ႏွစ္ ဇြန္လ ၁၅ ရက္အထိ ျပန္လည္ဖြင့္လွစ္ခြင့္ မျပဳေသးေၾကာင္း မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ဝန္ႀကီး ဦးစိုင္းပန္းဆိုင္က ေျပာသည္။

“COVID-19 ေရာဂါကူးစက္ျပန႔္ပြားမွု မရွိေစေရးအတြက္ ႐ုပ္ရွင္႐ုံမ်ား အပါအဝင္ ေဖ်ာ္ေျဖေရးလုပ္ငန္းေတြအပန္းေျဖစခန္းေတြ ဘုရားေစတီမ်ားနဲ႔ ဘာသာေရးဆိုင္ရာ ဝတ္ျပဳဆုေတာင္းျခင္း ျပဳလုပ္ရာေနရာေတြျဖစ္တဲ့ ဗလီနဲ႔ ခရစ္ယာန္ဘုရားေက်ာင္းေတြ၊ လူစုလူေဝးျဖစ္နိုင္တဲ့ မဟာေအာင္ေျမ ေက်ာက္မ်က္ေရာင္းဝယ္ေရးစခန္းတို့ကို ဇြန္လ ၁၅ ရက္အထိ ျပန္လည္ဖြင့္လွစ္ခြင့္ ခြင့္မျပဳေသးပါဘူး။”ဟု ဝန္ႀကီး ဦးစိုင္းပန္းဆိုင္က ေျပာသည္။

မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕အေနျဖင့္ မႏၲေလးတိုင္းေဒသႀကီးအတြင္း COVID-19 ေရာဂါကူးစက္ျပန႔္ပြားမွု မရွိေစေရးအတြက္ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားကို မိဘျပည္သူမ်ားႏွင့္ပူးေပါင္း၍ အရွိန္အဟုန္ျမႇင့္ေဆာင္ရြက္လ်က္ရွိရာ မိဘျပည္သူမ်ားသို့ အသိေပးပန္ၾကားျခင္း၊ ေမတၱာရပ္ခံပန္ၾကားျခင္း၊ အသိေပးတင္ျပျခင္းအျပင္ အေျခအေနေပၚမူတည္၍ တားျမစ္အမိန႔္မ်ား ထုတ္ျပန္ျခင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီေဆာင္ရြက္ေပးလ်က္ရွိသည္။

@TheMandalayNewsJournal
Nanyu

Post a Comment

Previous Post Next Post