(Unicode)

အဆိုပါ သင်ရိုးညွန်းတမ်းကို ရေးဆွဲရာမှာလည်း ပညာရေးသုတေသန စီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာနက သင်ရိုးအဖွဲ့၊ ပညာရေးတက္က သိုလ်၊ ပညာရေးကောလိပ်အသီးသီးက အတတ်သင်ပညာရေးက ဆရာဆရာမတွေ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကျန်းမာ ရေးပညာရှင်တွေ၊ ပြည်သူ့ကျန်းမာရေးပညာရှင်တွေ၊ ကူးစက်ရောဂါ ပညာရှင်တွေ ၊ နိုင်ငံတကာမှ အကြံပေးတွေ အားလုံးပူးပေါင်းရေး ဆွဲထားတာဖြစ်ကြောင်း၊ အဲဒီကတစ်ဆင့် အမျိုးသားသင်ရိုးညွန်းတမ်းကော်မတီထံကို ပေးပို့ပြီး အဲဒီကတစ်ဆင့် အမျိုးသားပညာရေး မူဝါဒကော်မရှင်ရဲ့ လမ်းညွှန်မှုနဲ့ ပညာရေးဝန်ကြီးဌာနက အတည်ပြု ထုတ်ဝေထားတာဖြစ် တယ်လို့ သိရပါတယ်။

ဆက်စ်အက်ကျူကေးရှင်း ဆိုတဲ့အသုံးအနှုန်း ကို မသုံးစေချင်ဘူး။ ဆက်စ် လို့ ပြောလိုက်ရင် လိင်ပညာပေးဆိုပြီးလူတွေက မြင်တယ်။ ကျွန်တော်တို့က reproductive health education လို့ ပဲ သုံးတယ်။ မျိုးဆက်ပွား ကျန်းမာရေးအသိပညာပေး အစီအစဉ်ပေ့ါနော်။ အဲဒီအစီအစဉ်နဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေပေါ့။ ဒါတွေက Life Skill မှာ လိုတာပေါ့။ ကျန်းမာရေးနဲ့ပတ်သက်တာ၊ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ ကလေးတွေရဲ့ ဖွံဖြိုးမှုနဲ့ပတ်သက်တာ၊ ဒါတွေကို ကိုယ့်ကိုကိုယ်သိရမယ်။ ဒါမှ ဆောင်ရန် ရှောင်ရန်တွေကို သူတို့သိမှာလေ။ အဲတော့ ဒါတွေက အရေးကြီး တယ်။” လို့ ဆိုပါတယ်။

နိုင်ငံ ရဲ့ ယဉ်ကျေးမှု အရ သင်ကြားရတဲ့ ဆရာဆရာမတွေ မှာ အခက်အခဲ ရှိနိုင်တယ်လို့ ပြောပါတယ်။ ဒဿမတန်း ကျောင်းသုံးစာအုပ်မှာ ပါဝင်တဲ့ ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်ထဲက မျိုးဆက်ပွားကျန်းမာရေးသင်ခန်းစာတွေကို သင်ကြားနိုင်ဖို့ ဆရာဆရာမတွေကို သင်တန်းတွေ ပို့ချထားပြီး သင်ကြားလိုတဲ့ ဆရာဆရာမတွေ ကိုသာ ရွေးချယ်မယ်လို့ အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ပြောပါတယ်။


လက်ရှိမှာ သင်ရိုးညွန်းတမ်းသစ်အကြောင်း ဆရာဆရာမတွေကို သင်တန်းပို့ချပေး ရာမှာ အဆိုပါ မျိုးဆက်ပွား ကျန်းမာရေးသင်ခန်းစာ တွေလည်းပါဝင်နေပြီး ကလေးတွေကို လက်တွေ့သင်ကြားပေးရတဲ့အခါမှာ ဒီနိုင်ငံရဲ့ ယဉ်ကျေးမှု ထုံးစံအရ ဆရာဆရာမတွေအနေနဲ့ အခက်အခဲရှိနိုင်တယ်လို့ ဦးကိုလေးဝင်းက ဆိုပါတယ်။ “ ကျွန်တော်တို့ ဆရာ ဆရာမတွေကို သင်တန်းပေးပြီးရင်တောင် အခက်အခဲ ရှိပါတယ်။ အရမ်း အရှက်အကြောက်ကြီးတဲ့ ဆရာဆရာမတွေ ဆိုရင် သင်ရတာခက်ခဲနိုင်တယ်။ ဒီလိုခက်ခဲနိုင်တာဖြစ်တဲ့အတွက် သင်ဖို့ တကယ်လိုလိုလားလားရှိတဲ့ဆရာဆရာမတွေကို ကျောင်းအုပ်တွေဘက်က ရွေးချယ် ဆုံးဖြတ်ပေးရမှာပေါ့” လို့ ဦးကိုလေးဝင်းက ဆိုပါတယ်။

သင်ကြားတဲ့အခါမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ မျိုးဆက်ပွားကျန်းမာရေးကဏ္ဍအတွက် လုပ်ဆောင်နေတဲ့ INGO နဲ့ NGO အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို ရယူမှာ ဖြစ်တယ်လို့ သိရပါတယ်။ မျိုးဆက်ပွားကျန်းမာရေးသင်ခန်းစာမှာပါဝင်တဲ့ “ ထွန်း ထွန်းနှင့်ချိုချို” ဆိုပြီး ဥပမာပြု ရေးသား ထားတဲ့ အကြောင်းအရာတွေကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေတာနဲ့ ပတ် သက်လို့ ဒါတွေဟာ ယဉ်ကျေးမှုအရ မဖော်ပြသင့်တဲ့ အရာတွေ၊ ကလေးတွေ အတုယူမှားမယ်ဆိုပြီး မြင်ကောင်းမြင်နိုင်တယ်ဆိုပေမယ့် အမြင်ကျယ်ကျယ် နဲ့ ကြည့်ကြဖို့ လိုအပ်ကြောင်း ဦးကိုလေးဝင်းက ဆိုပါတယ်။

“ တစ်ချို့ဝေဖန်တာတွေ ပြောဆိုတာတွေ လည်း တွေ့နေရပါတယ်။ ကျွန်တော့်အနေနဲ့ ပြောချင်တာက ဒီသင်ခန်းစာတွေနဲ့ ပတ်သက်ရင် ဝေဖန်လို့ရတယ်။ သုံးသပ်လို့ရတယ်။ အမြင်မတူရင်လည်း မတူတဲ့အမြင်တွေကို ချပြလို့ရပါတယ်။ ဒါပေမယ့် တစ်နည်းအားဖြင့် ပြောရင် negative point of view နဲ့ကြည့်ပြီး အမြဲတမ်း အပြစ်တင်တာမျိုး မဖြစ်စေချင်ပါဘူး။နိုင်ငံတကာမှာ ဘယ်လိုလုပ်ထားလဲ လေ့လာ စေချင်ပါတယ်။ အများအားဖြင့်တော့ ကျွန်တော်တို့ အပြုသဘောနဲ့ကြည့်ပြီးကလေးတွေအတွက် အကျိုးကို လက်ခံပေးစေချင် တယ်။” လို့ ဆိုပါတယ်။

ဒါ့အပြင် ဘဝတွက်တာကျွမ်းကျင်စရာထဲမှာ မျိုးဆက်ပွားကျန်းမာရေး တစ်ခုတည်းမဟုတ်ဘဲ ကျန်းမာရေး ကဏ္ဍ၊ တစ်ကိုယ်ရည်သန့် ရှင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ဆယ်ကျော်သက်အရွယ်မှာ သတိထားရမယ့် အကြောင်းအရာတွေ စတဲ့ ကဏ္ဍမျိုးစုံပါဝင်နေပြီး ကလေး တွေရဲ့ ဘဝတစ်သက်တာ အတွက် အရေးကြီးတဲ့ ကဏ္ဍတစ်ခုအဖြစ် သင်ကြားရတာလို့ ဆိုပါတယ်။


REF: ဓူဝံ

(Zawgyi)

အဆိုပါ သင္႐ိုးၫြန္းတမ္းကို ေရးဆြဲရာမွာလည္း ပညာေရးသုေတသန စီမံကိန္းနဲ႔ ေလ့က်င့္ေရးဦးစီးဌာနက သင္႐ိုးအဖြဲ႕၊ ပညာေရးတကၠ သိုလ္၊ ပညာေရးေကာလိပ္အသီးသီးက အတတ္သင္ပညာေရးက ဆရာဆရာမေတြ၊ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက က်န္းမာ ေရးပညာရွင္ေတြ၊ ျပည္သူ႔က်န္းမာေရးပညာရွင္ေတြ၊ ကူးစက္ေရာဂါ ပညာရွင္ေတြ ၊ ႏိုင္ငံတကာမွ အႀကံေပးေတြ အားလုံးပူးေပါင္းေရး ဆြဲထားတာျဖစ္ေၾကာင္း၊ အဲဒီကတစ္ဆင့္ အမ်ိဳးသားသင္႐ိုးၫြန္းတမ္းေကာ္မတီထံကို ေပးပို႔ၿပီး အဲဒီကတစ္ဆင့္ အမ်ိဳးသားပညာေရး မူဝါဒေကာ္မရွင္ရဲ႕ လမ္းၫႊန္မႈနဲ႔ ပညာေရးဝန္ႀကီးဌာနက အတည္ျပဳ ထုတ္ေဝထားတာျဖစ္ တယ္လို႔ သိရပါတယ္။

ဆက္စ္အက္က်ဴေကးရွင္း ဆိုတဲ့အသုံးအႏႈန္း ကို မသုံးေစခ်င္ဘူး။ ဆက္စ္ လို႔ ေျပာလိုက္ရင္ လိင္ပညာေပးဆိုၿပီးလူေတြက ျမင္တယ္။ ကြၽန္ေတာ္တို႔က reproductive health education လို႔ ပဲ သုံးတယ္။ မ်ိဳးဆက္ပြား က်န္းမာေရးအသိပညာေပး အစီအစဥ္ေပ့ါေနာ္။ အဲဒီအစီအစဥ္နဲ႔ ပတ္သက္တဲ့ သင္ခန္းစာေတြေပါ့။ ဒါေတြက Life Skill မွာ လိုတာေပါ့။ က်န္းမာေရးနဲ႔ပတ္သက္တာ၊ တစ္ကိုယ္ရည္ သန႔္ရွင္းေရး၊ ကေလးေတြရဲ႕ ဖြံၿဖိဳးမႈနဲ႔ပတ္သက္တာ၊ ဒါေတြကို ကိုယ့္ကိုကိုယ္သိရမယ္။ ဒါမွ ေဆာင္ရန္ ေရွာင္ရန္ေတြကို သူတို႔သိမွာေလ။ အဲေတာ့ ဒါေတြက အေရးႀကီး တယ္။” လို႔ ဆိုပါတယ္။

ႏိုင္ငံ ရဲ႕ ယဥ္ေက်းမႈ အရ သင္ၾကားရတဲ့ ဆရာဆရာမေတြ မွာ အခက္အခဲ ရွိႏိုင္တယ္လို႔ ေျပာပါတယ္။ ဒႆမတန္း ေက်ာင္းသုံးစာအုပ္မွာ ပါဝင္တဲ့ ဘဝတြက္တာ ကြၽမ္းက်င္စရာ ဘာသာရပ္ထဲက မ်ိဳးဆက္ပြားက်န္းမာေရးသင္ခန္းစာေတြကို သင္ၾကားႏိုင္ဖို႔ ဆရာဆရာမေတြကို သင္တန္းေတြ ပို႔ခ်ထားၿပီး သင္ၾကားလိုတဲ့ ဆရာဆရာမေတြ ကိုသာ ေ႐ြးခ်ယ္မယ္လို႔ အေျခခံပညာဦးစီးဌာန ၫြန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္း ေျပာပါတယ္။

လက္ရွိမွာ သင္႐ိုးၫြန္းတမ္းသစ္အေၾကာင္း ဆရာဆရာမေတြကို သင္တန္းပို႔ခ်ေပး ရာမွာ အဆိုပါ မ်ိဳးဆက္ပြား က်န္းမာေရးသင္ခန္းစာ ေတြလည္းပါဝင္ေနၿပီး ကေလးေတြကို လက္ေတြ႕သင္ၾကားေပးရတဲ့အခါမွာ ဒီႏိုင္ငံရဲ႕ ယဥ္ေက်းမႈ ထုံးစံအရ ဆရာဆရာမေတြအေနနဲ႔ အခက္အခဲရွိႏိုင္တယ္လို႔ ဦးကိုေလးဝင္းက ဆိုပါတယ္။ “ ကြၽန္ေတာ္တို႔ ဆရာ ဆရာမေတြကို သင္တန္းေပးၿပီးရင္ေတာင္ အခက္အခဲ ရွိပါတယ္။ အရမ္း အရွက္အေၾကာက္ႀကီးတဲ့ ဆရာဆရာမေတြ ဆိုရင္ သင္ရတာခက္ခဲႏိုင္တယ္။ ဒီလိုခက္ခဲႏိုင္တာျဖစ္တဲ့အတြက္ သင္ဖို႔ တကယ္လိုလိုလားလားရွိတဲ့ဆရာဆရာမေတြကို ေက်ာင္းအုပ္ေတြဘက္က ေ႐ြးခ်ယ္ ဆုံးျဖတ္ေပးရမွာေပါ့” လို႔ ဦးကိုေလးဝင္းက ဆိုပါတယ္။

သင္ၾကားတဲ့အခါမွာလည္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနနဲ႔ မ်ိဳးဆက္ပြားက်န္းမာေရးက႑အတြက္ လုပ္ေဆာင္ေနတဲ့ INGO နဲ႔ NGO အဖြဲ႕အစည္းေတြရဲ႕ အကူအညီေတြကို ရယူမွာ ျဖစ္တယ္လို႔ သိရပါတယ္။ မ်ိဳးဆက္ပြားက်န္းမာေရးသင္ခန္းစာမွာပါဝင္တဲ့ “ ထြန္း ထြန္းႏွင့္ခ်ိဳခ်ိဳ” ဆိုၿပီး ဥပမာျပဳ ေရးသား ထားတဲ့ အေၾကာင္းအရာေတြကို လူမႈကြန္ရက္ေပၚမွာ ေဝဖန္မႈေတြ ျမင့္တက္ေနတာနဲ႔ ပတ္ သက္လို႔ ဒါေတြဟာ ယဥ္ေက်းမႈအရ မေဖာ္ျပသင့္တဲ့ အရာေတြ၊ ကေလးေတြ အတုယူမွားမယ္ဆိုၿပီး ျမင္ေကာင္းျမင္ႏိုင္တယ္ဆိုေပမယ့္ အျမင္က်ယ္က်ယ္ နဲ႔ ၾကည့္ၾကဖို႔ လိုအပ္ေၾကာင္း ဦးကိုေလးဝင္းက ဆိုပါတယ္။

“ တစ္ခ်ိဳ႕ေဝဖန္တာေတြ ေျပာဆိုတာေတြ လည္း ေတြ႕ေနရပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ ေျပာခ်င္တာက ဒီသင္ခန္းစာေတြနဲ႔ ပတ္သက္ရင္ ေဝဖန္လို႔ရတယ္။ သုံးသပ္လို႔ရတယ္။ အျမင္မတူရင္လည္း မတူတဲ့အျမင္ေတြကို ခ်ျပလို႔ရပါတယ္။ ဒါေပမယ့္ တစ္နည္းအားျဖင့္ ေျပာရင္ negative point of view နဲ႔ၾကည့္ၿပီး အၿမဲတမ္း အျပစ္တင္တာမ်ိဳး မျဖစ္ေစခ်င္ပါဘူး။ႏိုင္ငံတကာမွာ ဘယ္လိုလုပ္ထားလဲ ေလ့လာ ေစခ်င္ပါတယ္။ အမ်ားအားျဖင့္ေတာ့ ကြၽန္ေတာ္တို႔ အျပဳသေဘာနဲ႔ၾကည့္ၿပီးကေလးေတြအတြက္ အက်ိဳးကို လက္ခံေပးေစခ်င္ တယ္။” လို႔ ဆိုပါတယ္။

ဒါ့အျပင္ ဘဝတြက္တာကြၽမ္းက်င္စရာထဲမွာ မ်ိဳးဆက္ပြားက်န္းမာေရး တစ္ခုတည္းမဟုတ္ဘဲ က်န္းမာေရး က႑၊ တစ္ကိုယ္ရည္သန႔္ ရွင္းေရး၊ မူးယစ္ေဆးဝါးအႏၲရာယ္၊ ဆယ္ေက်ာ္သက္အ႐ြယ္မွာ သတိထားရမယ့္ အေၾကာင္းအရာေတြ စတဲ့ က႑မ်ိဳးစုံပါဝင္ေနၿပီး ကေလး ေတြရဲ႕ ဘဝတစ္သက္တာ အတြက္ အေရးႀကီးတဲ့ က႑တစ္ခုအျဖစ္ သင္ၾကားရတာလို႔ ဆိုပါတယ္။


REF: ဓူဝံ

Post a Comment

Previous Post Next Post