ကိုဗစ်ကာလ ကားတွေမထွက်လို့ အမျိုးသားရဲ့ ကုန်ကားနဲ့ ခရီးလိုက်မိတဲ့ မိသားစု ဓားပြတိုက်ခံလိုက်ရတယ် သတင်းရရှိပါတယ်။


ဒီမိသားစုကတော့ ကားခနပျက်လို့ ရပ်နားထားစဉ်မှာပဲ မျက်နှာဖုံးဝတ်မထားတဲ့ လူတွေက ဓားတွေနဲ့ ဓားပြတိုက်သွားခဲ့တာဖြစ်ပြီးတော့ ကားပေါ်မှာ ပါတဲ့ ရွှေ၊ငွေ အဖိုးတန်ပစ္စည်းအားလုံးကို ယူဆောင်သွားတယ်လို့ သိရပါတယ်။

ဓားပြမတိုက်ခင်ရခင် နာရီဝက်အလိုက Honda Fit ကားတစ်စီးနဲ့ ကွမ်းယာလာတောင်းစားခြင်းခံရပြီး မကြာခင်မှာပဲ ဓားပြတိုက်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။



ဖြစ်စဉ်ဖြစ်ပွားခဲ့တာတော့ ကလော နဲ့ အောင်ပန်း နားက နမ်းအွမ် နဲ့ မြင်းမထိ ကြားမှာ ဓားပြတိုက်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။ ဓားပြတိုက်သူတွေဟာ မျက်နှာဖုံးတောင် စွပ်မထားပဲ အတင့်ရဲစွာ လုယက်ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်းကာယကံရှင်ရဲ့ ပြောဆိုချက်အရ သိရှိရပါတယ်။

အသေးစိတ်ကိုတော့ ကာယကံရှင်ပြောပြတဲ့ ရုပ်သံဖိုင်မှာ နားဆင်ပေးပါခင်ဗျာ။

ဗီဒီယိုဖိုင် ကြည့်ရန် နှိပ်ပါ

Post a Comment

Previous Post Next Post