(Unicode)

ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အဝင်တွင် ငွေကျပ် ၂၆၅၆ သိန်းတန်ဖိုးရှိ ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်။ မေ ၉

မေလ ၇ ရက်နေ့ ၁၀:၃၀ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အဝင်တွင် နယ်မြေ လုံခြုံရေး ဆောင်ရွက်စဉ် ဝမ်ဆင်း ဘက်မှ မိုင်းနောင်မြို့ဘက်သို့ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း စက်မှုဇှုန် (၁) နေ ချစ်ဝင့်သူ ၂၈ နှစ်မောင်းနှင်ပြီး မူဆယ်မြို့၊ (၁၀၅) မိုင်နေ လှိုင်ဝေဦး ၂၆ နှစ် လိုက်ပါလာသည့် ကုန်တင် မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ်



မော်တော်ယာဉ်မှာ နောက်ပြန်လှည့် မောင်းနှင်သွား၍ လိုက်လံ တားဆီးရာ မော်တော်ယာဉ်အား ရပ်တန့်ထားရစ်ပြီး ယာဉ်ပေါ် လိုက်ပါလာသူများမှာ ၎င်းယာဉ်နောက်တွင် ကပ်ပါလာသည့် မူဆယ်မြို့၊ ဟိုနားရပ်ကွက် နေသူများဖြစ်သည့် ရန်နိုင်ထူး ၃၄ နှစ်မောင်းနှင်ပြီး သူရအောင် ၁၈ နှစ် လိုက်ပါလာ သည့် Vigo မော်တော်ယာဉ်ပေါ်သို့ တက်ရောက်လိုက်ပါ မောင်းနှင်ထွက်ပြေးသွားသဖြင့်



ပိတ်ဆို့ တားဆီးစစ်ဆေးရာ ကုန်တင် မော်တော်ယာဉ်ပေါ်တွင် ပလတ်စတစ်ပီပါ /သံပီပါများဖြင့် ထည့်ထားသည့် ဓာတုပစ္စည်း အီသိုင်းအက်စီတစ် စုစုပေါင်း ၂၆၅၆၀ လီတာ (ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် ၂၆၅၆ သိန်း)နှင့် လက်ကိုင် ဖုန်း ၄ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး



၎င်းတို့ အကျိုးတူပူးပေါင်း သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက် သဖြင့် မိုင်းနောင်နယ်မြေ ရဲစခန်းတွင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ် တားဆီးကာကွယ်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ်ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Source – C C D A C Myanmar.

(Zawgyi)

ရွမ္းျပည္နယ္၊ ေက်းသီးၿမိဳ႕နယ္၊ မိုင္းေနာင္ၿမိဳ႕အဝင္တြင္ ေငြက်ပ္ ၂၆၅၆ သိန္းတန္ဖိုးရွိ ဓာတုပစၥည္းမ်ား ဖမ္းဆီးရမိ

ေနျပည္ေတာ္။ ေမ ၉

ေမလ ၇ ရက္ေန႔ ၁၀:၃၀ အခ်ိန္တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ ေက်းသီးၿမိဳ႕နယ္၊ မိုင္းေနာင္ၿမိဳ႕အဝင္တြင္ နယ္ေျမ လုံၿခဳံေရး ေဆာင္႐ြက္စဥ္ ဝမ္ဆင္း ဘက္မွ မိုင္းေနာင္ၿမိဳ႕ဘက္သို႔ လႈိင္သာယာၿမိဳ႕နယ္၊ ေ႐ႊလင္ပန္း စက္မႈဇႈန္ (၁) ေန ခ်စ္ဝင့္သူ ၂၈ ႏွစ္ေမာင္းႏွင္ၿပီး မူဆယ္ၿမိဳ႕၊ (၁၀၅) မိုင္ေန လႈိင္ေဝဦး ၂၆ ႏွစ္ လိုက္ပါလာသည့္ ကုန္တင္ ေမာ္ေတာ္ယာဥ္အား စစ္ေဆးရန္ ရပ္တန႔္ခိုင္းစဥ္


ေမာ္ေတာ္ယာဥ္မွာ ေနာက္ျပန္လွည့္ ေမာင္းႏွင္သြား၍ လိုက္လံ တားဆီးရာ ေမာ္ေတာ္ယာဥ္အား ရပ္တန႔္ထားရစ္ၿပီး ယာဥ္ေပၚ လိုက္ပါလာသူမ်ားမွာ ၎ယာဥ္ေနာက္တြင္ ကပ္ပါလာသည့္ မူဆယ္ၿမိဳ႕၊ ဟိုနားရပ္ကြက္ ေနသူမ်ားျဖစ္သည့္ ရန္ႏိုင္ထူး ၃၄ ႏွစ္ေမာင္းႏွင္ၿပီး သူရေအာင္ ၁၈ ႏွစ္ လိုက္ပါလာ သည့္ Vigo ေမာ္ေတာ္ယာဥ္ေပၚသို႔ တက္ေရာက္လိုက္ပါ ေမာင္းႏွင္ထြက္ေျပးသြားသျဖင့္


ပိတ္ဆို႔ တားဆီးစစ္ေဆးရာ ကုန္တင္ ေမာ္ေတာ္ယာဥ္ေပၚတြင္ ပလတ္စတစ္ပီပါ /သံပီပါမ်ားျဖင့္ ထည့္ထားသည့္ ဓာတုပစၥည္း အီသိုင္းအက္စီတစ္ စုစုေပါင္း ၂၆၅၆၀ လီတာ (ေဒသကာလေပါက္ေဈး တန္ဖိုး ေငြက်ပ္ ၂၆၅၆ သိန္း)ႏွင့္ လက္ကိုင္ ဖုန္း ၄ လုံးတို႔အား ေတြ႕ရွိ သိမ္းဆည္းရမိခဲ့ၿပီး


၎တို႔ အက်ိဳးတူပူးေပါင္း သယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း ေပၚေပါက္ သျဖင့္ မိုင္းေနာင္နယ္ေျမ ရဲစခန္းတြင္ ဓာတုပစၥည္းႏွင့္ ဆက္စပ္ပစၥည္းမ်ား အႏၲရာယ္ တားဆီးကာကြယ္ေရး ဥပေဒျဖင့္ အမႈဖြင့္လွစ္ၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။

Source – C C D A C Myanmar.

Post a Comment

Previous Post Next Post