(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံးဖြစ်ပွားနေသော အင်းစိန်မြို့နယ်တွင် ညမထွက်ရအမိန့် ချိုးဖောက်သူနှစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း အင်းစိန်မြို့မရဲစခန်းထံမှ သိရသည်။



အင်းစိန်မြို့နယ်အတွင်း Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်မှုများပြုလုပ်နေစဉ် မေလ ၅ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် ကိုပြည့်စုံအောင်နှင့် မဂျူးဂျူးတို့ကို အောင်ဇေယျတံတားအနီးတွင် တွေ့ရှိရ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးက ထုတ်ပြန်ထားသော ညမထွက်ရအမိန့်ကို ချိုးဖောက်ခဲ့သဖြင့် ဖမ်းဆီးအရေးယူ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။



“အဲ့အမှုတွေက တစ်ခါတည်းတရားရုံးတန်းတင်တာဗျ၊ ဒီနေ့ပဲ တရားရုံးကို အမှုတွဲတင်လိုက်ပြီ” ဟု အင်းစိန်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြစ်မှုကျူးလွန်သူ ကိုပြည့်စုံအောင် နှင့် မဂျူးဂျူးတို့ကို အင်းစိန်မြို့မရဲစခန်းက ပုဒ်မ ၁၈၈ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပြီး မေလ ၆ ရက်နေ့တွင် အင်းစိန်မြို့နယ်တရားရုံးသို့ အမှုတွဲပေးပို့ခဲ့သည်။



အလားတူပင် ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ Blue Diamond အိတ်စက်ရုံတွင် မေလ ၄ ရက်နေ့က အလုပ်သမားရာနှင့်ချီကာ သပိတ်စခန်းဖွင့်စုပေါင်းတောင်းဆိုမှုကြောင့် အလုပ်သမားခေါင်းဆောင်နှစ်ဦးနှင့် အလုပ်သမားအရေးဆောင်ရွက်သူ ၄ ဦးတို့ကို ပုဒ်မ ၁၈၈ ဖြင့်အမှုဖွင့်ကာ ဒဂုံဆိပ်ကမ်းတရားရုံးက ထောင်ဒဏ် ၃ လစီချမှတ်ခဲ့သည်။

(Zawgyi)


ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈအမ်ားဆုံးျဖစ္ပြားေနေသာ အင္းစိန္ၿမိဳ႕နယ္တြင္ ညမထြက္ရအမိန္႔ ခ်ိဳးေဖာက္သူႏွစ္ဦးကို ဖမ္းဆီးအေရးယူထားေၾကာင္း အင္းစိန္ၿမိဳ႕မရဲစခန္းထံမွ သိရသည္။

အင္းစိန္ၿမိဳ႕နယ္အတြင္း Covid-19 ေရာဂါ ႀကိဳတင္ကာကြယ္ေရးအတြက္ ေဆာင္႐ြက္မႈမ်ားျပဳလုပ္ေနစဥ္ ေမလ ၅ ရက္ေန႔ ည ၁၁ နာရီအခ်ိန္ခန္႔တြင္ ကိုျပည့္စုံေအာင္ႏွင့္ မဂ်ဴးဂ်ဴးတို႔ကို ေအာင္ေဇယ်တံတားအနီးတြင္ ေတြ႕ရွိရ၍ ရန္ကုန္တိုင္းေဒသႀကီးအစိုးက ထုတ္ျပန္ထားေသာ ညမထြက္ရအမိန္႔ကို ခ်ိဳးေဖာက္ခဲ့သျဖင့္ ဖမ္းဆီးအေရးယူ အမႈဖြင့္ခဲ့ျခင္းျဖစ္သည္။

“အဲ့အမႈေတြက တစ္ခါတည္းတရား႐ုံးတန္းတင္တာဗ်၊ ဒီေန႔ပဲ တရား႐ုံးကို အမႈတြဲတင္လိုက္ၿပီ” ဟု အင္းစိန္ၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။ ျပစ္မႈက်ဴးလြန္သူ ကိုျပည့္စုံေအာင္ ႏွင့္ မဂ်ဴးဂ်ဴးတို႔ကို အင္းစိန္ၿမိဳ႕မရဲစခန္းက ပုဒ္မ ၁၈၈ ျဖင့္အမႈဖြင့္ အေရးယူေဆာင္႐ြက္ခဲ့ၿပီး ေမလ ၆ ရက္ေန႔တြင္ အင္းစိန္ၿမိဳ႕နယ္တရား႐ုံးသို႔ အမႈတြဲေပးပို႔ခဲ့သည္။

အလားတူပင္ ဒဂုံဆိပ္ကမ္းစက္မႈဇုန္ရွိ Blue Diamond အိတ္စက္႐ုံတြင္ ေမလ ၄ ရက္ေန႔က အလုပ္သမားရာႏွင့္ခ်ီကာ သပိတ္စခန္းဖြင့္စုေပါင္းေတာင္းဆိုမႈေၾကာင့္ အလုပ္သမားေခါင္းေဆာင္ႏွစ္ဦးႏွင့္ အလုပ္သမားအေရးေဆာင္႐ြက္သူ ၄ ဦးတို႔ကို ပုဒ္မ ၁၈၈ ျဖင့္အမႈဖြင့္ကာ ဒဂုံဆိပ္ကမ္းတရား႐ုံးက ေထာင္ဒဏ္ ၃ လစီခ်မွတ္ခဲ့သည္။

#The_Voice

Post a Comment

Previous Post Next Post