(Unicode)

ရန်ကုန်၊ မေ ၁၈

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် အောက်ပါအတိုင်း နယ်မြေအလိုက်ဖမ်းဆီး အရေးယူဆောင်ရွက်ခဲ့ကြောင်း-

၁၇.၅.၂၀၂၀ ရက်နေ့ ၁၀၁၀ အချိန်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် (၁၂၀)ရပ်ကွက်၊ ထန်းတပင်လမ်းမပေါ်၌ ထက်နေရှိုင်း ထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါး တစ်ချောင်းကိုလည်းကောင်း၊


ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၁၂၃၀ အချိန်တွင် (၁၀၆)ရပ်ကွက်၊ မြိုင်တန်းသာ (၁)လမ်းမပေါ်၌ ဓါးကိုင်သောင်းကျန်းနေသော ကျော်မျိုးအောင် ထံမှ အရိုးအသွား(၈)လက်မခွဲခန့်ရှိ ထိပ်ဦးချွန် ဓါးတစ်ချောင်းကိုလည်းကောင်း၊


သန်လျင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၁၃၀၀ အချိန်တွင် စစ်ပင်ကွင်းရွာထိပ်၌ ဝေယံလင်း(ခ)ကြယ်လေး ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကိုလည်းကောင်း၊


ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၂၀၃၀ အချိန်တွင် ရဲလေး ထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကိုလည်းကောင်း၊



ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၂၁၀၀ (၅၁)ရပ်ကွက်၊ ရွှေသရဖီလမ်းမပေါ်၌ ဇင်ထက်ကျော် ထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သတင်းရရှိပါသည်။


Source- ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရန်ကုန်၊ မေ ၁၈

(Zawgyi)

ရန်ကုန်၊ မေ ၁၈













Post a Comment

Previous Post Next Post