(Unicode)

ရန်ကုန်မြို့ထဲမှာ အသွားအလာတွေများလာတယ်လို့ သိရပြီး ရန်ကုန်ဟာ ကိုဗစ် -၁၉  ရောဂါကူးစက်ထားသူ အများဆုံးတွေ့ထားတဲ့မြို့ဖြစ်လို့ ကျန်းမာရေးဆိုင်ရာ စည်းကမ်းတွေကို အထူးဂရုစိုက် လိုက်နာဖို့လိုတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကနေ တိုက်တွန်းပြောပါတယ်။

“ကိစ္စအမျိုးမျိုးကြောင့်၊ ဥပမာ အလုပ်အကိုင်နဲ့ ပတ်သက်လို့၊ အိမ်ပြင်ထွက်ဖို့ လိုတာတွေ ရှိနိုင် မယ်ဆိုတာ နားလည်ပါတယ်။ ဒါကြောင့် ပုံမှန်အခြေအနေ အမြန်ဆုံး ရောက်စေချင်ပါတယ်။ ရောက်နိုင်အောင်လည်း ကြိုးစားပါမယ်။ သို့သော် ဒီအချိန်မှာတော့သည်းခံရပါမယ်။ သည်းခံကြပါ။ သည်းခံရခြင်းအကြောင်းတွေ နောင်တစ်ချိန်မှာ ရေးနိုင်တာပေါ့။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့ပြင် Mask ပြိုင်ပွဲလေးတစ်ခုလုပ်မလို့ စဉ်းစားနေတယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

 
“ရောဂါမကူးစက်စေဖို့ ထိရောက်တဲ့နည်းတစ်ခုကတော့ Mask ကို စနစ်တကျ တပ်ဆင်ခြင်းပါပဲ။ Mask တပ်ဆင်တဲ့ အလေ့အထကို အားပေးဖို့ mask ပြိုင်ပွဲလေးတစ်ခုလုပ်မလား စဉ်းစားနေပါတယ်။ စိတ်ဝင်စားကြပါလား။ အိမ်မှာနေပြီးလုပ်နိုင်မယ့် အလုပ်လေ။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကိုဗစ် -၁၉ မပြန့်ပွါးစေဖို့ အိမ်ထဲမှာနေရပုံက အခြားအကြောင်းတွေကြောင့် နေရပုံနဲ့ တူတာတွေလည်းရှိပါလိမ့်မယ်၊ မတူတာတွေလည်းရှိပါလိမ့်မယ်။ တစ်နေ့ တစ်ချိန် တစ်ခါမှာ ကိုဗစ် -၁၉အတွေ့အကြုံတွေအကြောင်း စာအုပ်တွေ ထွက်လာမှာပါလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီကနေ့အထိကိုဗစ် -၁၉အတည်ပြုလူနာပေါင်း ၁၆၁ ဦးရှိပြီး အများစုဟာ ရန်ကုန်တိုင်းဒေသကြီးက ဖြစ်ပါတယ်။

(Zawgyi)

ရန္ကုန္ၿမိဳ႕ထဲမွာ အသြားအလာေတြမ်ားလာတယ္လို႔ သိရၿပီး ရန္ကုန္ဟာ ကိုဗစ္ -၁၉  ေရာဂါကူးစက္ထားသူ အမ်ားဆုံးေတြ႕ထားတဲ့ၿမိဳ႕ျဖစ္လို႔ က်န္းမာေရးဆိုင္ရာ စည္းကမ္းေတြကို အထူးဂ႐ုစိုက္ လိုက္နာဖို႔လိုတယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သူ႔ရဲ႕ လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္ကေန တိုက္တြန္းေျပာပါတယ္။

“ကိစၥအမ်ိဳးမ်ိဳးေၾကာင့္၊ ဥပမာ အလုပ္အကိုင္နဲ႔ ပတ္သက္လို႔၊ အိမ္ျပင္ထြက္ဖို႔ လိုတာေတြ ရွိႏိုင္ မယ္ဆိုတာ နားလည္ပါတယ္။ ဒါေၾကာင့္ ပုံမွန္အေျခအေန အျမန္ဆုံး ေရာက္ေစခ်င္ပါတယ္။ ေရာက္ႏိုင္ေအာင္လည္း ႀကိဳးစားပါမယ္။ သို႔ေသာ္ ဒီအခ်ိန္မွာေတာ့သည္းခံရပါမယ္။ သည္းခံၾကပါ။ သည္းခံရျခင္းအေၾကာင္းေတြ ေနာင္တစ္ခ်ိန္မွာ ေရးႏိုင္တာေပါ့။” လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဒါ့ျပင္ Mask ၿပိဳင္ပြဲေလးတစ္ခုလုပ္မလို႔ စဥ္းစားေနတယ္လို႔လည္း အတိုင္ပင္ခံပုဂၢိဳလ္က ေျပာပါတယ္။

“ေရာဂါမကူးစက္ေစဖို႔ ထိေရာက္တဲ့နည္းတစ္ခုကေတာ့ Mask ကို စနစ္တက် တပ္ဆင္ျခင္းပါပဲ။ Mask တပ္ဆင္တဲ့ အေလ့အထကို အားေပးဖို႔ mask ၿပိဳင္ပြဲေလးတစ္ခုလုပ္မလား စဥ္းစားေနပါတယ္။ စိတ္ဝင္စားၾကပါလား။ အိမ္မွာေနၿပီးလုပ္ႏိုင္မယ့္ အလုပ္ေလ။” လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ကိုဗစ္ -၁၉ မျပန္႔ပြါးေစဖို႔ အိမ္ထဲမွာေနရပုံက အျခားအေၾကာင္းေတြေၾကာင့္ ေနရပုံနဲ႔ တူတာေတြလည္းရွိပါလိမ့္မယ္၊ မတူတာေတြလည္းရွိပါလိမ့္မယ္။ တစ္ေန႔ တစ္ခ်ိန္ တစ္ခါမွာ ကိုဗစ္ -၁၉အေတြ႕အႀကဳံေတြအေၾကာင္း စာအုပ္ေတြ ထြက္လာမွာပါလို႔လည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ဒီကေန႔အထိကိုဗစ္ -၁၉အတည္ျပဳလူနာေပါင္း ၁၆၁ ဦးရွိၿပီး အမ်ားစုဟာ ရန္ကုန္တိုင္းေဒသႀကီးက ျဖစ္ပါတယ္။

Post a Comment

Previous Post Next Post