(Unicode)

တိုင်းနဲ့ပြည်နယ် ၅ ခုနဲ့ မြို့နယ်ပေါင်း ၂၈၂ ခုမှာတော့ ပိုးမတွေ့သေးပါဘူး။တစ်နိုင်ငံလုံးက တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ကွာရန်တင်းစင်တာပေါင်း ၁ သောင်းကျော်ရှိပြီး အသွားအလာကန့်သတ်ထားသူ ၆ သောင်းကျော်ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။



မေလ ၁၆ ရက်အထိ စာရင်းတွေအရ တစ်နိုင်ငံလုံးက တိုင်းနဲ့ ပြည်နယ်တွေအပါအဝင် နေရာဒေသ ၁၇ ခုမှာ ကွာရန်တင်းစင်တာပေါင်း ၁၀၃၁၃ ခုရှိပြီး အသွားအလာကန့်သတ်ထားသူပေါင်း ၆၀၀၃၀ ဦးရှိတယ်လို့ သိရပါတယ်။ ကွာရန်တင်းစင်တာ အများဆုံးရှိတဲ့ဒေသကတော့ မကွေးတိုင်းမှာဖြစ်ပြီး ကန့်သတ်စောင့်ကြည့်တဲ့နေရာပေါင်း( ၂၇၄၅) ခုရှိကာ အသွားအလာစောင့်ကြည့်ထားသူ (၁၁၃၂၃) ဦးရှိတယ်လို့ သိရပါတယ်။


ရောဂါကူးစက်မှု အများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းမှာတော့ ကွာရန်တင်းစင်တာ (၄၈) ခုရှိပြီး အသွားအလာစောင့်ကြည့်ထားသူ (၂၀၅၄) ဦးရှိတယ်လို့ ဆိုပါတယ်။ အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့်ထားသူတွေအနေနဲ့ သတ်မှတ်ကာလ ၂၁ ရက် ပြီးဆုံးပါက နေအိမ်မှာ နောက်ထပ် (၇) ရက် ဆက်လက်စောင့်ကြပ်ကြည့်ရှုသွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီ ၃ ရက်ကနေ မေလ ၁၇ ရက်နေ့ မနက်ပိုင်းအထိ ဓာတ်ခွဲနမူနာပေါင်း ၁၃၉၉၉ ဦးကို စစ်ဆေးခဲ့ပြီး ၁၈၂ ဦးမှာ ရောဂါပိုးတွေ့ရှိထားတာဖြစ်တယ်လို့ ဝန်ကြီးဌာန အချက်အလက်တွေ မှာ ဖော်ပြထားပါတယ်။



မြန်မာနိုင်ငံမှာ မေလ ၁၇ ရက် ညနေပိုင်းအထိ ရောဂါဖြစ်ပွားတဲ့ မြို့နယ်ပေါင်း ၄၈ ခုရှိနေပြီး ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ် စတဲ့ တိုင်းနဲ့ ပြည်နယ် (၅) ခုနဲ့ မြို့နယ်ပေါင်း (၂၈၂) မြို့နယ်မှာ ပိုးတွေ့လူနာမရှိသေးဘူးလို့လည်းသိရပါတယ်။လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဖြစ်ပွားသူ ၁၈၂ ဦးရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၉၅ ဦးရှိကာ အဲဒီထဲကမှ ဆေးရုံဆင်းသွားသူ ၈၃ ဦးရှိပါတယ်။ ဒီရောဂါကြောင့် သေဆုံးသူကတော့ ၆ ဦးရှိနေတယ်လို့လည်း သိရပါတယ်။

ဓူဝံ

(Zawgyi)

တိုင္းနဲ႔ျပည္နယ္ ၅ ခုနဲ႔ ၿမိဳ႕နယ္ေပါင္း ၂၈၂ ခုမွာေတာ့ ပိုးမေတြ႕ေသးပါဘူး။တစ္ႏိုင္ငံလုံးက တိုင္းနဲ႔ ျပည္နယ္အသီးသီးမွာ ကြာရန္တင္းစင္တာေပါင္း ၁ ေသာင္းေက်ာ္ရွိၿပီး အသြားအလာကန႔္သတ္ထားသူ ၆ ေသာင္းေက်ာ္ရွိတယ္လို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ရဲ႕ အခ်က္အလက္ေတြမွာ ေဖာ္ျပပါတယ္။


ေမလ ၁၆ ရက္အထိ စာရင္းေတြအရ တစ္ႏိုင္ငံလုံးက တိုင္းနဲ႔ ျပည္နယ္ေတြအပါအဝင္ ေနရာေဒသ ၁၇ ခုမွာ ကြာရန္တင္းစင္တာေပါင္း ၁၀၃၁၃ ခုရွိၿပီး အသြားအလာကန႔္သတ္ထားသူေပါင္း ၆၀၀၃၀ ဦးရွိတယ္လို႔ သိရပါတယ္။ ကြာရန္တင္းစင္တာ အမ်ားဆုံးရွိတဲ့ေဒသကေတာ့ မေကြးတိုင္းမွာျဖစ္ၿပီး ကန႔္သတ္ေစာင့္ၾကည့္တဲ့ေနရာေပါင္း( ၂၇၄၅) ခုရွိကာ အသြားအလာေစာင့္ၾကည့္ထားသူ (၁၁၃၂၃) ဦးရွိတယ္လို႔ သိရပါတယ္။


ေရာဂါကူးစက္မႈ အမ်ားဆုံးရွိေနတဲ့ ရန္ကုန္တိုင္းမွာေတာ့ ကြာရန္တင္းစင္တာ (၄၈) ခုရွိၿပီး အသြားအလာေစာင့္ၾကည့္ထားသူ (၂၀၅၄) ဦးရွိတယ္လို႔ ဆိုပါတယ္။ အဆိုပါ အသြားအလာကန႔္သတ္ေစာင့္ၾကည့္ထားသူေတြအေနနဲ႔ သတ္မွတ္ကာလ ၂၁ ရက္ ၿပီးဆုံးပါက ေနအိမ္မွာ ေနာက္ထပ္ (၇) ရက္ ဆက္လက္ေစာင့္ၾကပ္ၾကည့္ရႈသြားမွာျဖစ္တယ္လို႔လည္းဆိုပါတယ္။ ဒါ့အျပင္ ေဖေဖာ္ဝါရီ ၃ ရက္ကေန ေမလ ၁၇ ရက္ေန႔ မနက္ပိုင္းအထိ ဓာတ္ခြဲနမူနာေပါင္း ၁၃၉၉၉ ဦးကို စစ္ေဆးခဲ့ၿပီး ၁၈၂ ဦးမွာ ေရာဂါပိုးေတြ႕ရွိထားတာျဖစ္တယ္လို႔ ဝန္ႀကီးဌာန အခ်က္အလက္ေတြ မွာ ေဖာ္ျပထားပါတယ္။


ျမန္မာႏိုင္ငံမွာ ေမလ ၁၇ ရက္ ညေနပိုင္းအထိ ေရာဂါျဖစ္ပြားတဲ့ ၿမိဳ႕နယ္ေပါင္း ၄၈ ခုရွိေနၿပီး ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ကရင္ျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္ စတဲ့ တိုင္းနဲ႔ ျပည္နယ္ (၅) ခုနဲ႔ ၿမိဳ႕နယ္ေပါင္း (၂၈၂) ၿမိဳ႕နယ္မွာ ပိုးေတြ႕လူနာမရွိေသးဘူးလို႔လည္းသိရပါတယ္။လက္ရွိအခ်ိန္အထိ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါျဖစ္ပြားသူ ၁၈၂ ဦးရွိၿပီး ျပန္လည္ေကာင္းမြန္လာသူ ၉၅ ဦးရွိကာ အဲဒီထဲကမွ ေဆး႐ုံဆင္းသြားသူ ၈၃ ဦးရွိပါတယ္။ ဒီေရာဂါေၾကာင့္ ေသဆုံးသူကေတာ့ ၆ ဦးရွိေနတယ္လို႔လည္း သိရပါတယ္။

ဓူ၀ံ

Post a Comment

Previous Post Next Post