(Unicode)

မန္တလေးမြို့၌ COVID-19 ကာလအတွင်း တချို့လုပ်ငန်းများ ယာယီပိတ်ထားရန် အမိန့်ထုတ်ပြန်ထားပြီး ဖျော်ဖြေရေး လုပ်ငန်းများမှလွဲပြီး ကျန်လုပ်ငန်း များအား ပြန်လည် ဖွင့်လှစ်လုပ်နိုင်ကိုင်နိုင်မည်ဖြစ်သော်လည်း စားသောက်ဆိုင်များ ပါဆယ် စနစ်ဖြင့်သာ ဆက်လက်ရောင်းချနေရဦးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ခေတ္တဝန်ကြီးချူပ် ဦးဇာနည်အောင် ကပြောသည်။

ယခု ၁၆ ရက် နောက်ပိုင်းမှ စတင်ကာ ဖျော်ဖြေရေး လုပ်ငန်းများဖြစ်သည့် ကေတီဗွီ၊ အနှိပ်ခန်းများ စသည့်လုပ်ငန်းများမှ လွဲပြီး ကျန်လုပ်ငန်းအားလုံးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စံသတ်မှတ်ချက်များနဲ့ အညီ စီစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

“ အခုလည်းပဲ နေ့တိုင်းပဲ ကွင်းဆင်းပြီး တွေ့ရှိချက်တွေ ပြန်တင်ပြစီစစ်ပြီးတော့ လုပ်ငန်းတွေ ပြန်လည် ဆောင်ရွက်နေကြပြီ။ စားသောက်ဆိုင်တွေ အားလုံးကတော့ အခုလက်ရှိ ကျင့်သုံးနေတဲ့ ပါဆယ် စနစ်၊ ပါဆယ် စနစ်တွေကို ဆက်လက်ကျင့်သုံးဖို့ပါပဲ ” ဟု ဦးဇာနည်အောင်က ပြောသည်။

ထိုအတူ လူစုလူဝေး ဖြစ်စေနိုင်သည့် ကိစ္စရပ်များအပြင် ဘုရားကျောင်းကန်များ၌ လူအများဖြင့် ဝတ်ပြုဆုတောင်းခြင်းများကို ခွင့်မပြုသေးကြောင်း၊ ဟိုတယ်နှင့် အင်းများကို သတ်မှတ်ထားသည့် စံနှုန်းများအတိုင်း ဖွင့်လှစ်ခွင့်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ (ဟိုတယ်တွေ) စံသတ်မှတ်ချက်တွေနဲ့ မညီညွတ်ဘူးဆိုရင် ကိုဗစ်ကူးစက်တဲ့ အန္တရယ်ရှိတဲ့အတွက် ဖွင့်ခွင့် ဆက်ကြိုးစားရမှာပေါ့။ စံသတ်မှတ် ဆိုတာ ကလည်း အလုပ်သမား အလုပ်သမားတွေကော အလုပ်ရှင်တွေကော ဖြည့်စွက်ဆောင်ရွက်ကြဖို့ပါပဲ ” ဟု ဦးဇာနည်အောင် ကပြောသည်။

တိုင်းအစိုးရက COVID-19 ကူးစက်ပြန့်ပွားခြင်းကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခရီးသွားလာခွင့်များ အပါအဝင် စက်ရုံ၊ အလုပ်ရုံတချို့နှင့် လုပ်ငန်း တချို့ကို မေ ၁၅ ရက်နေ့အထိ ယာယီပိတ်ထားရန် တားမြစ်မိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။ ယင်းတားမြစ်မိန့်များအား အစိုးရက ပြန်လည်ဖြေလျော့ပေးရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။

ခရီးသည်တင်ယာဉ်များ ဝင်ထွက်ခွင့်ကို တိုင်းအစိုးရက တားမြစ်ထားဆဲဖြစ်သော်လည်း Covid-19 ရောဂါကာကွယ်၊ ထိန်းချူပ်၊ ကုသရေး ဗဟိုကော်မတီ၏ ညွှန်ကြားချက်များအတိုင်းသာ ဆက်လက်လုပ်ဆောင်မည့်ဟု ဦးဇာနည်အောင် ကပြောသည်။

“ ရောဂါ ကာကွယ်တဲ့ လုပ်ငန်းဆိုတာ လူစုလူဝေး မဖြစ်ပေါ်အောင်ဆောင်ရွက်ကြရတယ်။ လူတွေ ရွေ့လျားမှုများရင် ကူးစက်မှုကို အားပေးတယ်။ ဒါကြောင့် မဖြစ်မနေ ကိစ္စကလွဲရင်တော့ ဒီလိုအချိန်အခါမှာ လူတွေ ရွေ့လျားနေတာ ကူးစက်မှုကို တားဆီးဖို့ အတွက်ကတော့ မကောင်းဘူး ” ဟု ၎င်းကပြောသည်။

မန္တလေးတိုင်းအစိုးရက ညမထွက်ရ တားမြစ်အမိန့်တွင် မေ ၁၆ ရက်နေ့မှ စတင်ကာ နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအစား ည ၁၂ နာရီမှ နံနက် ၄ နာရီသို့ ပြောင်းလဲ ဖြေလျော့ သတ်မှတ်ပေးထားသည်။

“ ပါဆယ် စနစ်နဲ့ ရောင်းရတယ် ဆိုပေမယ့် တကယ်က အရောင်းအဝယ် မကောင်းဘူး။ ဆိုင်မှာ အဝယ်ကျလာတဲ့ အခါကျရင် လူစုလူဝေး ဖြစ်တယ် ဆိုပြီးတော့ ဒဏ်ငွေ ဆောင်ရတာလည်း ရှိတယ်။ တချို့ကလည်း ဝယ်ထားတဲ့ ကုန်တွေ ရှိတော့ ပါဆယ် ရောင်းတယ်။ တချို့ကတော့ လုံး၀ မရောင်းသေးဘူး ဆိုပြီး ပိတ်ထားတာလည်း ရှိတယ် ” ဟု ချမ်းမြသာစည်မြို့နယ် အတွင်း စားသောက်ကုန် ရောင်းချသူ တစ်ဦးက ပြောကြားခဲ့သည်။

Source – Myanmar Times

(Zawgyi)

မႏၲေလးၿမိဳ႕၌ COVID-19 ကာလအတြင္း တခ်ိဳ႕လုပ္ငန္းမ်ား ယာယီပိတ္ထားရန္ အမိန႔္ထုတ္ျပန္ထားၿပီး ေဖ်ာ္ေျဖေရး လုပ္ငန္းမ်ားမွလြဲၿပီး က်န္လုပ္ငန္း မ်ားအား ျပန္လည္ ဖြင့္လွစ္လုပ္ႏိုင္ကိုင္ႏိုင္မည္ျဖစ္ေသာ္လည္း စားေသာက္ဆိုင္မ်ား ပါဆယ္ စနစ္ျဖင့္သာ ဆက္လက္ေရာင္းခ်ေနရဦးမည္ျဖစ္ေၾကာင္း တိုင္းေဒသႀကီး ေခတၱဝန္ႀကီးခ်ဴပ္ ဦးဇာနည္ေအာင္ ကေျပာသည္။

ယခု ၁၆ ရက္ ေနာက္ပိုင္းမွ စတင္ကာ ေဖ်ာ္ေျဖေရး လုပ္ငန္းမ်ားျဖစ္သည့္ ေကတီဗြီ၊ အႏွိပ္ခန္းမ်ား စသည့္လုပ္ငန္းမ်ားမွ လြဲၿပီး က်န္လုပ္ငန္းအားလုံးကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည့္ စံသတ္မွတ္ခ်က္မ်ားနဲ႔ အညီ စီစစ္ခြင့္ျပဳေပးမည္ျဖစ္ေၾကာင္း ဝန္ႀကီးက ဆိုသည္။

“ အခုလည္းပဲ ေန႔တိုင္းပဲ ကြင္းဆင္းၿပီး ေတြ႕ရွိခ်က္ေတြ ျပန္တင္ျပစီစစ္ၿပီးေတာ့ လုပ္ငန္းေတြ ျပန္လည္ ေဆာင္႐ြက္ေနၾကၿပီ။ စားေသာက္ဆိုင္ေတြ အားလုံးကေတာ့ အခုလက္ရွိ က်င့္သုံးေနတဲ့ ပါဆယ္ စနစ္၊ ပါဆယ္ စနစ္ေတြကို ဆက္လက္က်င့္သုံးဖို႔ပါပဲ ” ဟု ဦးဇာနည္ေအာင္က ေျပာသည္။

ထိုအတူ လူစုလူေဝး ျဖစ္ေစႏိုင္သည့္ ကိစၥရပ္မ်ားအျပင္ ဘုရားေက်ာင္းကန္မ်ား၌ လူအမ်ားျဖင့္ ဝတ္ျပဳဆုေတာင္းျခင္းမ်ားကို ခြင့္မျပဳေသးေၾကာင္း၊ ဟိုတယ္ႏွင့္ အင္းမ်ားကို သတ္မွတ္ထားသည့္ စံႏႈန္းမ်ားအတိုင္း ဖြင့္လွစ္ခြင့္ရမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။

“ (ဟိုတယ္ေတြ) စံသတ္မွတ္ခ်က္ေတြနဲ႔ မညီၫြတ္ဘူးဆိုရင္ ကိုဗစ္ကူးစက္တဲ့ အႏၲရယ္ရွိတဲ့အတြက္ ဖြင့္ခြင့္ ဆက္ႀကိဳးစားရမွာေပါ့။ စံသတ္မွတ္ ဆိုတာ ကလည္း အလုပ္သမား အလုပ္သမားေတြေကာ အလုပ္ရွင္ေတြေကာ ျဖည့္စြက္ေဆာင္႐ြက္ၾကဖို႔ပါပဲ ” ဟု ဦးဇာနည္ေအာင္ ကေျပာသည္။

တိုင္းအစိုးရက COVID-19 ကူးစက္ျပန႔္ပြားျခင္းကို ႀကိဳတင္ကာကြယ္ႏိုင္ရန္အတြက္ ခရီးသြားလာခြင့္မ်ား အပါအဝင္ စက္႐ုံ၊ အလုပ္႐ုံတခ်ိဳ႕ႏွင့္ လုပ္ငန္း တခ်ိဳ႕ကို ေမ ၁၅ ရက္ေန႔အထိ ယာယီပိတ္ထားရန္ တားျမစ္မိန႔္ထုတ္ျပန္ထားျခင္းျဖစ္သည္။ ယင္းတားျမစ္မိန႔္မ်ားအား အစိုးရက ျပန္လည္ေျဖေလ်ာ့ေပးရန္ ေဆာင္႐ြက္ေနျခင္း ျဖစ္သည္။

ခရီးသည္တင္ယာဥ္မ်ား ဝင္ထြက္ခြင့္ကို တိုင္းအစိုးရက တားျမစ္ထားဆဲျဖစ္ေသာ္လည္း Covid-19 ေရာဂါကာကြယ္၊ ထိန္းခ်ဴပ္၊ ကုသေရး ဗဟိုေကာ္မတီ၏ ၫႊန္ၾကားခ်က္မ်ားအတိုင္းသာ ဆက္လက္လုပ္ေဆာင္မည့္ဟု ဦးဇာနည္ေအာင္ ကေျပာသည္။

“ ေရာဂါ ကာကြယ္တဲ့ လုပ္ငန္းဆိုတာ လူစုလူေဝး မျဖစ္ေပၚေအာင္ေဆာင္႐ြက္ၾကရတယ္။ လူေတြ ေ႐ြ႕လ်ားမႈမ်ားရင္ ကူးစက္မႈကို အားေပးတယ္။ ဒါေၾကာင့္ မျဖစ္မေန ကိစၥကလြဲရင္ေတာ့ ဒီလိုအခ်ိန္အခါမွာ လူေတြ ေ႐ြ႕လ်ားေနတာ ကူးစက္မႈကို တားဆီးဖို႔ အတြက္ကေတာ့ မေကာင္းဘူး ” ဟု ၎ကေျပာသည္။

မႏၲေလးတိုင္းအစိုးရက ညမထြက္ရ တားျမစ္အမိန႔္တြင္ ေမ ၁၆ ရက္ေန႔မွ စတင္ကာ ေန႔စဥ္ ည ၁၀ နာရီမွ နံနက္ ၄ နာရီအစား ည ၁၂ နာရီမွ နံနက္ ၄ နာရီသို႔ ေျပာင္းလဲ ေျဖေလ်ာ့ သတ္မွတ္ေပးထားသည္။

“ ပါဆယ္ စနစ္နဲ႔ ေရာင္းရတယ္ ဆိုေပမယ့္ တကယ္က အေရာင္းအဝယ္ မေကာင္းဘူး။ ဆိုင္မွာ အဝယ္က်လာတဲ့ အခါက်ရင္ လူစုလူေဝး ျဖစ္တယ္ ဆိုၿပီးေတာ့ ဒဏ္ေငြ ေဆာင္ရတာလည္း ရွိတယ္။ တခ်ိဳ႕ကလည္း ဝယ္ထားတဲ့ ကုန္ေတြ ရွိေတာ့ ပါဆယ္ ေရာင္းတယ္။ တခ်ိဳ႕ကေတာ့ လုံး၀ မေရာင္းေသးဘူး ဆိုၿပီး ပိတ္ထားတာလည္း ရွိတယ္ ” ဟု ခ်မ္းျမသာစည္ၿမိဳ႕နယ္ အတြင္း စားေသာက္ကုန္ ေရာင္းခ်သူ တစ္ဦးက ေျပာၾကားခဲ့သည္။

Source – Myanmar Times

Post a Comment

Previous Post Next Post