(Unicode)
အဂတိလိုက်စားမှု လေးမှုနဲ့ တရားစွဲဆိုခြင်း ခံထားရတဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အမှု သုံးခု အတွက် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံရန် တနင်္သာရီတိုင်းဒေသကြီး တရားရုံးက အမိန့် ချမှတ်လိုက်ပါတယ်။
အမိန့်ချဖို့ နောက်တစ်မှုကျန်ပါသေးတယ်။ ဒေါ်လဲ့လဲ့မော်နဲ့ အမှုတွဲဖြစ်တဲ့ လာဘ်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ GGS ကုမ္ပဏီက ထိပ်တန်းအရာရှိနှစ်ဦးကိုလည်း ထောင်ဒဏ် ဆယ်နှစ်စီ ချမှတ်လိုက်ပါတယ်။
အခု စစ်ဆေးနေတဲ့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တရားခွင်မှာ နောက်ထပ်ကျန်တဲ့အမှုအတွက် အမိန့်ဖတ်ကြားနေဆဲဖြစ်ပြီး ခုချခံရတဲ့ ထောင်ဒဏ်တွေက တစ်ပေါင်းတည်းကျခံရမှာလား၊ သီးခြားစီလားဆိုတာတော့ မသိရသေးပါဘူး။ နောက်ဆက်တွဲသတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြပါမယ်။
ဘီဘီစီ
(Zawgyi)
အဂတိလိုက္စားမႈ ေလးမႈနဲ႔ တရားစြဲဆိုျခင္း ခံထားရတဲ့ တနသၤာရီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာလဲ့လဲ့ေမာ္ကို အမႈ သုံးခု အတြက္ ေထာင္ဒဏ္ ၁၀ ႏွစ္စီ က်ခံရန္ တနသၤာရီတိုင္းေဒသႀကီး တရား႐ုံးက အမိန႔္ ခ်မွတ္လိုက္ပါတယ္။
အမိန႔္ခ်ဖို႔ ေနာက္တစ္မႈက်န္ပါေသးတယ္။ ေဒၚလဲ့လဲ့ေမာ္နဲ႔ အမႈတြဲျဖစ္တဲ့ လာဘ္ေပးခဲ့တယ္လို႔ စြပ္စြဲခံထားရတဲ့ GGS ကုမၸဏီက ထိပ္တန္းအရာရွိႏွစ္ဦးကိုလည္း ေထာင္ဒဏ္ ဆယ္ႏွစ္စီ ခ်မွတ္လိုက္ပါတယ္။
အခု စစ္ေဆးေနတဲ့ တနသၤာရီတိုင္းေဒသႀကီးလႊတ္ေတာ္တရားခြင္မွာ ေနာက္ထပ္က်န္တဲ့အမႈအတြက္ အမိန႔္ဖတ္ၾကားေနဆဲျဖစ္ၿပီး ခုခ်ခံရတဲ့ ေထာင္ဒဏ္ေတြက တစ္ေပါင္းတည္းက်ခံရမွာလား၊ သီးျခားစီလားဆိုတာေတာ့ မသိရေသးပါဘူး။ ေနာက္ဆက္တြဲသတင္းအျပည့္အစုံကို ဆက္လက္ေဖာ္ျပပါမယ္။
ဘီဘီစီ
Post a Comment