(Unicode)

ဒီနေ့ အလုပ်သွားရင်း တာမွေ Ocean ရှေ့နားမှာ အမှတ်မထင်တွေ့လိုက်ရတော့ စိတ်ထဲတစ်မျိုးလေးဖြစ်သွားတယ် ညီ်အစ်ကို ၂ယောက်တက်ညီလက်ညီနဲ့ ဈေးရောင်းနေကြတာ အစ်ကိုက ဗန်ဒါသီးလေးတွေထုတယ် ညီက ရောင်းပေးတယ်။ကြည်နူးဖို့လည်းကောင်းသလို သနားဖို့လည်းကောင်းတယ်..လေးစားအားကျဖို့လည်းကောင်းတယ် တစ်ခြားကလေးတွေ ဟိုလူ့လိုက်တောင်း ဒီလူ့လိုက်တောင်းနဲ့ သူတို့ကတော့ ပြုံးပြုံးလေးပဲ ကြိုးစားနေကြတာ ဈေးဝယ်တော့လည်းချိုချိူသာသာနဲ့ရောင်းတယ်။


အအေးသောက်မလားမေးတော့ ကလေးလေးကရပါတယ်တဲ့ သောက်ပါလို့ပြောတော့ နည်းနည်းသောက်ပြီး ပြန်ပေးတယ် ရတယ် သား သောက်ဖို့ တိုက်တာဆိုတော့ ပျော်နေတယ်။

ဘာပဲဖစ်ဖစ် ဒီအရွယ်နဲ့လောကဓံကို အံတုနေတဲ့သူတို့၂ယောက်စိတ်ဓာတ်ကိုတော့ တကယ်လေးစားတယ် အဲ့နားရောက်ဖစ်ရင်လည်း အားပေးလိုက်ကြပါဦး…ကိုယ်အတွက်အပန်းမကြီးပေမယ့် သူတို့အတွက်တော့ ထမင်းဖိုးလေးဖြစ်နိုင်တယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရစ်ဒစ်ပေးပါသည်

(Zawgyi)

ဒီနေ့ အလုပ်သွားရင်း တာမွေ Ocean ရှေ့နားမှာ အမှတ်မထင်တွေ့လိုက်ရတော့ စိတ်ထဲတစ်မျိုးလေးဖြစ်သွားတယ် ည်ီအစ်ကို ၂ယောက်တက်ညီလက်ညီနဲ့ ဈေးရောင်းနေကြတာ အစ်ကိုက ဗန်ဒါသီးလေးတွေထုတယ် ညီက ရောင်းပေးတယ်။ကြည်နူးဖို့လည်းကောင်းသလို သနားဖို့လည်းကောင်းတယ်..လေးစားအားကျဖို့လည်းကောင်းတယ် တစ်ခြားကလေးတွေ ဟိုလူ့လိုက်တောင်း ဒီလူ့လိုက်တောင်းနဲ့ သူတို့ကတော့ ပြုံးပြုံးလေးပဲ ကြိုးစားနေကြတာ ဈေးဝယ်တော့လည်းချိုချိုသာသာနဲ့ရောင်းတယ်။

 





Post a Comment

Previous Post Next Post