(Unicode)

ဆရာတော်၊ သံဃာတော်တွေထံက ငွေကြေးလိမ်လည်နေသူတွေကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်မှာ မေလ ၃၀ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မြို့မရဲစခန်းမက ရဲစခန်းမှူးက ပြောပါတယ်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ ဆရာတော် ဦးသောဘိတဆီက ငွေကျပ်သိန်း ၁၅၀ ကျော်ကို ဆေးကျောင်းတက်နေစဉ် ငွေလိုအပ်နေလို့ ချေးပေးဖို့နဲ့ မပေးရင် သတ်သေမယ်လို့ တောင်းခဲ့တာကြောင့် ချေးပေးခဲ့ကြောင်း၊ ချိန်းဆိုထားတဲ့နေ့ ပြန်မပေးတော့လို့ ရဲတပ်ဖွဲ့ကို လာရောက်အကူညီတောင်းခံရာမှ လိမ်လည်နေသူတွေ ဖြစ်ကြောင်း သိရှိခဲ့တာလို့ ပုသိမ်မြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး မြင့်ခင်က DVB ကို ပြောပါတယ်။




“လာအကူညီတောင်းတဲ့ ဆရာတော်ဆီက အများဆုံးလိမ်ထားတာ၊ အားလုံးဆိုရင်တော့ ၇ ယောက် ဖမ်းမိထားတယ်၊ သူတို့ ငွေထုတ်တဲ့ Wave Money ဆိုင်တွေမှာ စောင့်ပြီးဖမ်းခဲ့ရတာ၊ တခြားဆရာတော်တွေဆီကလည်း ခုလို နည်းလမ်းမျိုးတွေနဲ့ လိမ်ထားတာတွေ့ရတယ်၊ တခြား ပြစ်မှုတွေရှိမရှိကိုတော့ ခုဆက်လက်စစ်ဆေးနေပါတယ်။”

ငွေလိမ်လည်သူတွေဟာ Messeger မှတဆင့် ထိုင်းနိုင်ငံမှာ ဆေးကျောင်းတက်နေလို့ ငွေလိုအပ်နေသဖြင့် ကူညီပေးဖို့ ပြောဆိုပြီး မကူညီပေးရင် မိမိကိုယ်ကိုယ် သတ်သေမယ်ဆိုပြီး လိမ်လည်ခဲ့ကြတာလို့ ဆိုပါတယ်။



ငွေကြေးလိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး အသက် ၂၅ နှစ်အောက်အရွယ်တွေဖြစ်တဲ့ ပြည့်စုံ၊ ထက်ဝင်း၊ ပြည့်ဖြိုးသွယ်၊ မြင့်မြတ်အောင်၊ ညီညီထက်မြတ်၊ မကဗျာစိုးဝင်းနဲ့ မဇွန်ပွင့်ဖြူတို့ကို မြို့မရဲစခန်းမှာ (ပ) ၄၁၆/၂၀၂၀၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဂ)နဲ့ အမှုဖွင့်စစ်ဆေးနေပြီး အမှုနဲ့ မသက်ဆိုင်သူတွေလည်း ရှိလာနိုင်တယ်လို့ ပုသိမ်မြို့မရဲစခန်းမှူးကပြောပါတယ်။

ရဲတပ်ဖွဲ့ထံကို လာရောက်အကူညီတောင်းခံတဲ့ ဆရာတော်ဆီက ငွေကျပ်သိန်း ၁၅၈ သိန်း ကျော်ကို လိမ်လည်ခဲ့သလို အဲဒီနည်းလမ်းအတိုင်း လိမ်လည်ထားတဲ့ ဆရာတော် ၁၂ ပါးရှိပြီး ငွေကြေး သိန်း ၁၆၀ ကိုလည်း လိမ်လည်ခဲ့တာလို့ ရဲတပ်ဖွဲ့ထံမှာ တရားခံ ပြည့်စုံအောင်က ထွက်ဆိုထားပါတယ်။



လိမ်လည်ပြီးရရှိလာတဲ့ ငွေတွေကို သူတို့သုံးစွဲတာတွေရှိသလို လွန်ခဲ့တဲ့ ၁ နှစ်ကျော်က မော်ကျွန်းမြို့မှာရှိတဲ့ မွေးစားမိခင်ရဲ့ နေအိမ်ကိုဖျက်ပြီး ၁၅ ပေ ၄၀ ပေ ၁ ထပ်တိုက် ပြန်ဆောက် တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဆရာတော် သံဃာတော်တွေဆီက ငွေလိမ်လည်မှုတွေပြုလုပ်နေသူတွေဟာ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်၊ အောင်မေတ္တာလမ်းမှာ အိမ်ငှားရမ်းနေထိုင်ပြီး ပုသိမ်ဇာတိ ၃ ဦးနဲ့ ငရုတ်ကောင်း၊ သာပေါင်း၊ မော်ကျွန်း၊ ရေကြည် စတဲ့မြို့နယ်တွေမှာ နေထိုင်သူတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အရာရှိတဦးက DVB ကို ပြောပါတယ်။

ဒီဗွီဘီ

(Zawgyi)

ဆရာေတာ္၊ သံဃာေတာ္ေတြထံက ေငြေၾကးလိမ္လည္ေနသူေတြကို ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕၊ အမွတ္ ၃ ရပ္ကြက္မွာ ေမလ ၃၀ ရက္ေန႔ ညေနပိုင္းက ရဲတပ္ဖြဲ႕က ေနအိမ္အတြင္း ဝင္ေရာက္ဖမ္းဆီးခဲ့တယ္လို႔ ၿမိဳ႕မရဲစခန္းမက ရဲစခန္းမႉးက ေျပာပါတယ္။

မႏၲေလးတိုင္း၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ ဇီးျဖဴကုန္းေက်း႐ြာ ဆရာေတာ္ ဦးေသာဘိတဆီက ေငြက်ပ္သိန္း ၁၅၀ ေက်ာ္ကို ေဆးေက်ာင္းတက္ေနစဥ္ ေငြလိုအပ္ေနလို႔ ေခ်းေပးဖို႔နဲ႔ မေပးရင္ သတ္ေသမယ္လို႔ ေတာင္းခဲ့တာေၾကာင့္ ေခ်းေပးခဲ့ေၾကာင္း၊ ခ်ိန္းဆိုထားတဲ့ေန႔ ျပန္မေပးေတာ့လို႔ ရဲတပ္ဖြဲ႕ကို လာေရာက္အကူညီေတာင္းခံရာမွ လိမ္လည္ေနသူေတြ ျဖစ္ေၾကာင္း သိရွိခဲ့တာလို႔ ပုသိမ္ၿမိဳ႕မရဲစခန္းက စခန္းမႉး ဒုရဲမႉး ျမင့္ခင္က DVB ကို ေျပာပါတယ္။



“လာအကူညီေတာင္းတဲ့ ဆရာေတာ္ဆီက အမ်ားဆုံးလိမ္ထားတာ၊ အားလုံးဆိုရင္ေတာ့ ၇ ေယာက္ ဖမ္းမိထားတယ္၊ သူတို႔ ေငြထုတ္တဲ့ Wave Money ဆိုင္ေတြမွာ ေစာင့္ၿပီးဖမ္းခဲ့ရတာ၊ တျခားဆရာေတာ္ေတြဆီကလည္း ခုလို နည္းလမ္းမ်ိဳးေတြနဲ႔ လိမ္ထားတာေတြ႕ရတယ္၊ တျခား ျပစ္မႈေတြရွိမရွိကိုေတာ့ ခုဆက္လက္စစ္ေဆးေနပါတယ္။”

ေငြလိမ္လည္သူေတြဟာ Messeger မွတဆင့္ ထိုင္းႏိုင္ငံမွာ ေဆးေက်ာင္းတက္ေနလို႔ ေငြလိုအပ္ေနသျဖင့္ ကူညီေပးဖို႔ ေျပာဆိုၿပီး မကူညီေပးရင္ မိမိကိုယ္ကိုယ္ သတ္ေသမယ္ဆိုၿပီး လိမ္လည္ခဲ့ၾကတာလို႔ ဆိုပါတယ္။



ေငြေၾကးလိမ္လည္မႈေတြနဲ႔ ပတ္သက္ၿပီး အသက္ ၂၅ ႏွစ္ေအာက္အ႐ြယ္ေတြျဖစ္တဲ့ ျပည့္စုံ၊ ထက္ဝင္း၊ ျပည့္ၿဖိဳးသြယ္၊ ျမင့္ျမတ္ေအာင္၊ ညီညီထက္ျမတ္၊ မကဗ်ာစိုးဝင္းနဲ႔ မဇြန္ပြင့္ျဖဴတို႔ကို ၿမိဳ႕မရဲစခန္းမွာ (ပ) ၄၁၆/၂၀၂၀၊ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဂ)နဲ႔ အမႈဖြင့္စစ္ေဆးေနၿပီး အမႈနဲ႔ မသက္ဆိုင္သူေတြလည္း ရွိလာႏိုင္တယ္လို႔ ပုသိမ္ၿမိဳ႕မရဲစခန္းမႉးကေျပာပါတယ္။

ရဲတပ္ဖြဲ႕ထံကို လာေရာက္အကူညီေတာင္းခံတဲ့ ဆရာေတာ္ဆီက ေငြက်ပ္သိန္း ၁၅၈ သိန္း ေက်ာ္ကို လိမ္လည္ခဲ့သလို အဲဒီနည္းလမ္းအတိုင္း လိမ္လည္ထားတဲ့ ဆရာေတာ္ ၁၂ ပါးရွိၿပီး ေငြေၾကး သိန္း ၁၆၀ ကိုလည္း လိမ္လည္ခဲ့တာလို႔ ရဲတပ္ဖြဲ႕ထံမွာ တရားခံ ျပည့္စုံေအာင္က ထြက္ဆိုထားပါတယ္။



လိမ္လည္ၿပီးရရွိလာတဲ့ ေငြေတြကို သူတို႔သုံးစြဲတာေတြရွိသလို လြန္ခဲ့တဲ့ ၁ ႏွစ္ေက်ာ္က ေမာ္ကြၽန္းၿမိဳ႕မွာရွိတဲ့ ေမြးစားမိခင္ရဲ႕ ေနအိမ္ကိုဖ်က္ၿပီး ၁၅ ေပ ၄၀ ေပ ၁ ထပ္တိုက္ ျပန္ေဆာက္ တာေတြလည္း ျပဳလုပ္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ရဲ႕ မွတ္တမ္းေတြအရ သိရပါတယ္။

ဆရာေတာ္ သံဃာေတာ္ေတြဆီက ေငြလိမ္လည္မႈေတြျပဳလုပ္ေနသူေတြဟာ ပုသိမ္ၿမိဳ႕၊ အမွတ္ ၃ ရပ္ကြက္၊ ေအာင္ေမတၱာလမ္းမွာ အိမ္ငွားရမ္းေနထိုင္ၿပီး ပုသိမ္ဇာတိ ၃ ဦးနဲ႔ င႐ုတ္ေကာင္း၊ သာေပါင္း၊ ေမာ္ကြၽန္း၊ ေရၾကည္ စတဲ့ၿမိဳ႕နယ္ေတြမွာ ေနထိုင္သူေတြျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က အရာရွိတဦးက DVB ကို ေျပာပါတယ္။

ဒီဗီြဘီ

Post a Comment

Previous Post Next Post