(Unicode)

အခြေခံပညာကျောင်းများအား ၂၀၂ဝပြည်နှစ် ဇူလိုင်လအတွင်းပြန်လည် ဖွင့်လှစ်ရန်ရှိသဖြင့် နေပြည်တော် ကောင်စီ အပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအတွင်း Community Based Facility Quarantine ဖွင့်လှစ်ထားသော ကျောင်း ၆၀၂၁ ကျောင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက်နှင့်အညီ ပိုးသတ်ဆေးဖျန်း၍ ဇွန် ၁၅ ရက်အပြီး ပညာရေးဝန်ကြီးဌာနသို့ ပြန်လည် လွှဲပြောင်းပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက မေ ၁၃ ရက်တွင် အကြောင်းကြားစာ ထုတ်ပြန်လိုက်သည်။


“စာအရဆိုရင်တော့ ဇူလိုင် ၁၅ရက်နောက်ပိုင်းမှာ ကျောင်းဖွင့်မယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ အဆင်သင့်ဖြစ် နေအောင် ကော်မတီက ညွှန်ကြားတာဖြစ်လိမ့်မယ်။ ကျွန်တော်လည်း ဒီစာကို ခုနကမှ လိုင်းပေါ်ကနေ ဖတ်လိုက်ရတယ်။ ကျွန်တော်တို့ဆီတော့တရားဝင် စာမရောက်သေးဘူး’’အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမောင်ဝင်းကပြောသည်။



နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်း Community Based Facility Quarantine ဖွင့်လှစ်ထားသော အခြေခံပညာကျောင်းများတွင် Quarantine ဝင်ရောက်နေသူများမှလွဲ၍ ထပ်မံ Quarantine ထားရှိရန် လိုအပ်မည့်သူများကို အစိုးရရုံးအဖွဲ့ပိုင်အဆောက်အအုံများနှင့် တက္ကသိုလ် ကောလိပ်အဆောက်အအုံများတွင်သာ နေရာချထားရန် ညွှန်ကြားထားသည်။


COVID-19ရောဂါကြောင့် ကျောင်းများ အမြဲပိတ်ထား၍မရဘဲ သင်ယူမှု၊ သင်ကြားမှုပုံစံပြောင်းလဲပြီး ကျောင်းများဖွင့်လှစ်ရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မေ ၁၂ရက် တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်မှတစ်ဆင့်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံရှိစာသင်ခန်းတွင် ကျောင်းသားအလွန်ပြားပြီး ယခင်တစ်တန်းတည်းနှင့် ပြီးနိုင်သည့်နေရာတွင် ယခုအခါ ကျောင်းသားတစ်ဦးနှင့် တစ်ဦး ခပ်ခွခွာ စာသင်ရမည့် စနစ်ကို ကျင့်သုံးရမည့်ဖြစ်သောကြောင့် သုံးတန်း သို့မဟုတ် စာသင်ခန်းသုံးခန်း ဖြစ်လာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

မြန်မာတိုင်းမ်

(Zawgyi)

အေျခခံပညာေက်ာင္းမ်ားအား ၂၀၂ဝျပည္ႏွစ္ ဇူလိုင္လအတြင္းျပန္လည္ ဖြင့္လွစ္ရန္ရွိသျဖင့္ ေနျပည္ေတာ္ ေကာင္စီ အပါအဝင္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္မ်ားအတြင္း Community Based Facility Quarantine ဖြင့္လွစ္ထားေသာ ေက်ာင္း ၆၀၂၁ ေက်ာင္းအား က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ၫႊန္ၾကားခ်က္ႏွင့္အညီ ပိုးသတ္ေဆးဖ်န္း၍ ဇြန္ ၁၅ ရက္အၿပီး ပညာေရးဝန္ႀကီးဌာနသို႔ ျပန္လည္ လႊဲေျပာင္းေပးရန္ ျပည္ေထာင္စု အစိုးရအဖြဲ႕႐ုံးက ေမ ၁၃ ရက္တြင္ အေၾကာင္းၾကားစာ ထုတ္ျပန္လိုက္သည္။


“စာအရဆိုရင္ေတာ့ ဇူလိုင္ ၁၅ရက္ေနာက္ပိုင္းမွာ ေက်ာင္းဖြင့္မယ္ဆိုတဲ့ အဓိပၸါယ္ေပါ့။ အဆင္သင့္ျဖစ္ ေနေအာင္ ေကာ္မတီက ၫႊန္ၾကားတာျဖစ္လိမ့္မယ္။ ကြၽန္ေတာ္လည္း ဒီစာကို ခုနကမွ လိုင္းေပၚကေန ဖတ္လိုက္ရတယ္။ ကြၽန္ေတာ္တို႔ဆီေတာ့တရားဝင္ စာမေရာက္ေသးဘူး’’အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာေမာင္ဝင္းကေျပာသည္။


ေနျပည္ေတာ္ေကာင္စီ အပါအဝင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားအတြင္း Community Based Facility Quarantine ဖြင့္လွစ္ထားေသာ အေျခခံပညာေက်ာင္းမ်ားတြင္ Quarantine ဝင္ေရာက္ေနသူမ်ားမွလြဲ၍ ထပ္မံ Quarantine ထားရွိရန္ လိုအပ္မည့္သူမ်ားကို အစိုးရ႐ုံးအဖြဲ႕ပိုင္အေဆာက္အအုံမ်ားႏွင့္ တကၠသိုလ္ ေကာလိပ္အေဆာက္အအုံမ်ားတြင္သာ ေနရာခ်ထားရန္ ၫႊန္ၾကားထားသည္။


COVID-19ေရာဂါေၾကာင့္ ေက်ာင္းမ်ား အၿမဲပိတ္ထား၍မရဘဲ သင္ယူမႈ၊ သင္ၾကားမႈပုံစံေျပာင္းလဲၿပီး ေက်ာင္းမ်ားဖြင့္လွစ္ရမည္ဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ေမ ၁၂ရက္ တိုက္႐ိုက္ထုတ္လႊင့္မႈ အစီအစဥ္မွတစ္ဆင့္ေျပာၾကားခဲ့သည္။ ျမန္မာႏိုင္ငံရွိစာသင္ခန္းတြင္ ေက်ာင္းသားအလြန္ျပားၿပီး ယခင္တစ္တန္းတည္းႏွင့္ ၿပီးႏိုင္သည့္ေနရာတြင္ ယခုအခါ ေက်ာင္းသားတစ္ဦးႏွင့္ တစ္ဦး ခပ္ခြခြာ စာသင္ရမည့္ စနစ္ကို က်င့္သုံးရမည့္ျဖစ္ေသာေၾကာင့္ သုံးတန္း သို႔မဟုတ္ စာသင္ခန္းသုံးခန္း ျဖစ္လာႏိုင္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုခဲ့သည္။

ျမန္မာတိုင္းမ္

Post a Comment

Previous Post Next Post