လယ်မြေ အငြင်းပွားမှုဖြင့် အုပ်စုဖွဲ့ဓါးခုတ်မှုများ ဖြစ်ပွားရာမှ နှစ်ဦးသေ နှစ်ဦး ဒဏ်ရာရရှိမှု ရွှေကျင်မြို့နယ် မဘီးကျေးရွာ အနီးတွင် ဖြစ်ပွား

Wednesday, May 6, 2020

မေလ ၅ရက် ညနေ ၄ နာရီခွဲ အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ဘောကထာနယ်မြေရဲ စခန်းအပိုင် ရွှေကျင်မြို့နယ်မဘီးကျေးရွာ အနီး အငြင်းပွားလယ်မြေ အတွင်း၌ လယ်မြေအငြင်းပွား၍ အုပ်စုဖွဲ့ ဓါးခုတ်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံး၍ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘောကထာ နယ်မြေ ရဲစခန်းမှ သိရသည်။



ဖြစ်စဉ်မှာ ရွှေကျင်မြို့နယ် မဘီးကျေးရွာအနီး ကွင်း အမှတ် (၄၃) ဦးပိုင်အမှတ် (၆၅) ရှိ ဦးမောင်စိုး ၆၅ နှစ် ထိုးဝါးစိုက်ကျေးရွာ ကျောက်ကြီးမြို့နယ် နေသူနှင့် တစ်ရွာတည်းနေ ဦးဝင်းခင် ၅၅ နှစ်တို့ ပိုင်ဆိုင်မှုအငြင်းပွားနေသော လယ်မြေသို့ ကျောက်ကြီးမြို့နယ် ထိုးဝါးစိုက်ရွာနေ ဦးဝင်းခင်၊ စိုးမင်းထိုက်l ရဲမင်းစိုး၊ဦးထွန်းထွန်း၊ရဲမင်းလတ်၊ သက်ကိုဟိန်းတို့ရောက်ရှိခဲ့ရာ အငြင်းပွားလယ်မြေ ၄ ဒဿမ ၃၀ ဧကလယ်မြေကွက်တွင်



တစ်ရွာတည်းနေသူများ ဖြစ်ကြသည့် အောင်မင်းစိုး၊ဇော်မင်းအောင်၊အာင်ကျော်မိုး၊ ကျာ်သူစိုး ၊မောင်ဌေး၊ တာတီး ၊ကျော်သူ၊ သက်လူထွေးတို့(၈) ဦးမှာ စပါးများထွန်ယက် စိုက်ပျိုးနေကြောင်းတွေ့ရှိ၍ ဦးဝင်းခင်နှင့် ဦးထွန်းထွန်းတို့မှ ဟန့်တားပြောဆိုရာမှ စကားများပြီး အောင်မင်းစိုးပါ (၈) ဦးမှ ဓါးမြောင်ဖြင့်ထိုး လေးဂွဖြင့် ပြစ်သဖြင့်

ဦးဝင်းခင်တွင် ဝဲဘက်ပါးပြတ်ရှဒဏ်ရာ ၊ ဝဲလက်မောင်းထိုးသွင်းဒဏ်ရာl ယာရင်အုံထိုးသွင်းဒဏ်ရာl ဝဲယာနံစောင်းထိုးသွင်းဒဏ်ရာl ယာဘက်နားရွတ် ပြတ်ရှဒဏ်ရာများ ရရှိကာသေဆုံးခဲ့ပြီးl စိုးမင်းထိုက်တွ င်ဝဲညှပ်ရိုးထိုးသွင်းဒဏ်ရာl ယာကျောပြင်ထိုးသွင်းဒဏ်ရာ ရရှိပြီးသေဆုံး၍



ထွန်းထွန်းတွင် ယာပုခုံး ထိုးသွင်းဒဏ်ရာl ယာလက်ပြင်ထိုးသွင်းဒဏ်ရာ (အတွင်းလူနာစိုးရိမ်ရ)နှင့် ရဲမင်းစိုးတွင် ယာပုခုံးပြတ်ရှဒဏ်ရာl ယာရင်ညွန့် ပြတ်ရှဒဏ်ရာl ဝဲလက်သန်းကြွယ် ပြတ်ရှဒဏ်ရာ (အတွင်းလူနာ မစိုးရိမ်ရ) အသီးသီး ရရှိခဲ့သဖြင့် နီးစပ်ရာကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံသို့ သေဆုံးသူနှစ်ဦးနှင့် ဒဏ်ရာရရှိသူနှစ်ဦးအား ရဲဆေးစာဖြင့် ပို့ဆောင်ကာ ဆေးစစ်ဆေးချက်များ ပြုလုပ်ခဲ့ကြသည်။



အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်ကြီးမြို့နယ် ထိုးဝါးစိုက်ကျေးရွာနေ သေဆုံးသူဦးဝင်းခင်၏ သားဖြစ်သူ ရဲမင်းလတ် ၁၉နှစ်မှ တရားလိုပြုလုပ် တိုင်တန်း၍ ရွှေကျင်မြို့နယ် ဘောကထာနယ်မြေ ရဲစခန်းမှ(ပ)၇/၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄အရပြစ်မှုကျုးလွန်သူ အောင်မင်းစိုးပါ (၈) ဦးအား အမှုဖွင့်အရေးယူကာ အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး ရဲအုပ်စိုးလွင်နှင့် တပ်ဖွဲ့ဝင်များမှ စုံစမ်းရှာဖွေစစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း – ခင်ကို (ကျောက်တံခါး)

(Zawgyi)

လယ္ေျမ အျငင္းပြားမႈျဖင့္ အုပ္စုဖြဲ႕ဓါးခုတ္မႈမ်ား ျဖစ္ပြားရာမွ ႏွစ္ဦးေသ ႏွစ္ဦး ဒဏ္ရာရရွိမႈ ေ႐ႊက်င္ၿမိဳ႕နယ္ မဘီးေက်း႐ြာ အနီးတြင္ ျဖစ္ပြား

Wednesday, May 6, 2020

ေမလ ၅ရက္ ညေန ၄ နာရီခြဲ အခ်ိန္ခန႔္က ပဲခူးတိုင္းေဒသႀကီး ေ႐ႊက်င္ၿမိဳ႕နယ္ ေဘာကထာနယ္ေျမရဲ စခန္းအပိုင္ ေ႐ႊက်င္ၿမိဳ႕နယ္မဘီးေက်း႐ြာ အနီး အျငင္းပြားလယ္ေျမ အတြင္း၌ လယ္ေျမအျငင္းပြား၍ အုပ္စုဖြဲ႕ ဓါးခုတ္မႈျဖစ္ပြားရာ ႏွစ္ဦးေသဆုံး၍ ႏွစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ေဘာကထာ နယ္ေျမ ရဲစခန္းမွ သိရသည္။



ျဖစ္စဥ္မွာ ေ႐ႊက်င္ၿမိဳ႕နယ္ မဘီးေက်း႐ြာအနီး ကြင္း အမွတ္ (၄၃) ဦးပိုင္အမွတ္ (၆၅) ရွိ ဦးေမာင္စိုး ၆၅ ႏွစ္ ထိုးဝါးစိုက္ေက်း႐ြာ ေက်ာက္ႀကီးၿမိဳ႕နယ္ ေနသူႏွင့္ တစ္႐ြာတည္းေန ဦးဝင္းခင္ ၅၅ ႏွစ္တို႔ ပိုင္ဆိုင္မႈအျငင္းပြားေနေသာ လယ္ေျမသို႔ ေက်ာက္ႀကီးၿမိဳ႕နယ္ ထိုးဝါးစိုက္႐ြာေန ဦးဝင္းခင္၊ စိုးမင္းထိုက္l ရဲမင္းစိုး၊ဦးထြန္းထြန္း၊ရဲမင္းလတ္၊ သက္ကိုဟိန္းတို႔ေရာက္ရွိခဲ့ရာ အျငင္းပြားလယ္ေျမ ၄ ဒႆမ ၃၀ ဧကလယ္ေျမကြက္တြင္



တစ္႐ြာတည္းေနသူမ်ား ျဖစ္ၾကသည့္ ေအာင္မင္းစိုး၊ေဇာ္မင္းေအာင္၊အာင္ေက်ာ္မိုး၊ က်ာ္သူစိုး ၊ေမာင္ေဌး၊ တာတီး ၊ေက်ာ္သူ၊ သက္လူေထြးတို႔(၈) ဦးမွာ စပါးမ်ားထြန္ယက္ စိုက္ပ်ိဳးေနေၾကာင္းေတြ႕ရွိ၍ ဦးဝင္းခင္ႏွင့္ ဦးထြန္းထြန္းတို႔မွ ဟန႔္တားေျပာဆိုရာမွ စကားမ်ားၿပီး ေအာင္မင္းစိုးပါ (၈) ဦးမွ ဓါးေျမာင္ျဖင့္ထိုး ေလးဂြျဖင့္ ျပစ္သျဖင့္

ဦးဝင္းခင္တြင္ ဝဲဘက္ပါးျပတ္ရွဒဏ္ရာ ၊ ဝဲလက္ေမာင္းထိုးသြင္းဒဏ္ရာl ယာရင္အုံထိုးသြင္းဒဏ္ရာl ဝဲယာနံေစာင္းထိုးသြင္းဒဏ္ရာl ယာဘက္နား႐ြတ္ ျပတ္ရွဒဏ္ရာမ်ား ရရွိကာေသဆုံးခဲ့ၿပီးl စိုးမင္းထိုက္တြ င္ဝဲညႇပ္႐ိုးထိုးသြင္းဒဏ္ရာl ယာေက်ာျပင္ထိုးသြင္းဒဏ္ရာ ရရွိၿပီးေသဆုံး၍



ထြန္းထြန္းတြင္ ယာပုခုံး ထိုးသြင္းဒဏ္ရာl ယာလက္ျပင္ထိုးသြင္းဒဏ္ရာ (အတြင္းလူနာစိုးရိမ္ရ)ႏွင့္ ရဲမင္းစိုးတြင္ ယာပုခုံးျပတ္ရွဒဏ္ရာl ယာရင္ၫြန႔္ ျပတ္ရွဒဏ္ရာl ဝဲလက္သန္းႂကြယ္ ျပတ္ရွဒဏ္ရာ (အတြင္းလူနာ မစိုးရိမ္ရ) အသီးသီး ရရွိခဲ့သျဖင့္ နီးစပ္ရာေက်ာက္တံခါးၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ေသဆုံးသူႏွစ္ဦးႏွင့္ ဒဏ္ရာရရွိသူႏွစ္ဦးအား ရဲေဆးစာျဖင့္ ပို႔ေဆာင္ကာ ေဆးစစ္ေဆးခ်က္မ်ား ျပဳလုပ္ခဲ့ၾကသည္။



အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ေက်ာက္ႀကီးၿမိဳ႕နယ္ ထိုးဝါးစိုက္ေက်း႐ြာေန ေသဆုံးသူဦးဝင္းခင္၏ သားျဖစ္သူ ရဲမင္းလတ္ ၁၉ႏွစ္မွ တရားလိုျပဳလုပ္ တိုင္တန္း၍ ေ႐ႊက်င္ၿမိဳ႕နယ္ ေဘာကထာနယ္ေျမ ရဲစခန္းမွ(ပ)၇/၂၀ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၂၆/၁၁၄အရျပစ္မႈက်ဳးလြန္သူ ေအာင္မင္းစိုးပါ (၈) ဦးအား အမႈဖြင့္အေရးယူကာ အျမန္ဆုံးဖမ္းဆီးရမိႏိုင္ေရး ရဲအုပ္စိုးလြင္ႏွင့္ တပ္ဖြဲ႕ဝင္မ်ားမွ စုံစမ္းရွာေဖြစစ္ေဆး ေဆာင္႐ြက္လွ်က္ရွိေၾကာင္း သိရသည္။

သတင္း – ခင္ကို (ေက်ာက္တံခါး)




Post a Comment

Previous Post Next Post