(Unicode)

ဖမ်းဆီးရမိ သူ၏ ပြောကြား ချက်အရ ယာဉ်ပေါ်ပါ လက်နက်၊ ခဲယမ်းများကို သိရှိခြင်း မရှိကြောင်း၊ ၎င်းမော်တော်ယာဉ်ကို အစ်ကို ဖြစ်သူ စောဝင်းနိုင်နှင့်အတူ အသုံးပြုခြင်း ဖြစ်ကြောင်း သိရပြီး ဖမ်းဆီးခံရသူက အစ်ကိုဖြစ်သူ ထံသို့ ဖုန်းဖြင့်ဆက်သွယ် ရာ ဖမ်း ဆီး ခံရ သူ၏ အစ်ကိုဖြစ်သူ စောဝင်းနိုင် က အဆိုပါ သေနတ်မှာ ၎င်းကိုင်ဆောင် သော သေနတ်ဖြစ်သော ကြောင့် ထောက် ကြန့် မြို့မ ရဲ စခန်းသို့ လာ ရောက် အဖမ်းခံခဲ့ကြောင်းနှင့် ၎င်းသေနတ်ကို ၂၀၁၉ ခုနှစ် မေလတွင် အွန်လိုင်းမှတစ်ဆင့် ဝယ်ယူ ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိ သူများနှင့် လက်နက်ခဲယမ်း များအား ထောက်ကြန့်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံပြီး ဖြစ်ကြောင်းနှင့် လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံ မြို့နယ် အတွင်း အဝေးကြည့် မှန်ပြောင်းနှင့် ကျည်(၁၁) တောင့် ပါ ပွိုင့်(၂၂) သေနတ် တစ်လက် ကိုင်ဆောင်သူ အား မေ (၂၄) ရက်ည ပိုင်းက ဖမ်းဆီးရ မိကြောင်း တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ရုံးက မေ (၂၅) ရက် တွင် သတင်း ထုတ်ပြန်သည်။



မင်္ဂလာဒုံမြို့ နယ် အတွင်း လုံခြုံရေး ဆောင် ရွက် နေသော ပူးပေါင်း အဖွဲ့သည် မေ (၂၄)ရက် ည (၉)နာရီ (၄၅)မိနစ် ခန့် တွင် ဧကရာဇ် ရပ်ကွက် ၊ ရန်ကုန် – ပဲခူးလမ်း မြနန္ဒာ ပန်းခြံရှေ့၌ မော်တော်ယာဉ် များအား စစ်ဆေးစဉ် လှည်းကူးဘက်မှ ထောက်ကြန့်ဘက်သို့ မောင်း နှင် လာသည့် TOYOTA Mark II အမျိုးအစား မော်တော်ယာဉ် အမှတ် 9H/—— အား စစ်ဆေးရာ ယာဉ်၏ နောက်ဖုံးအတွင်းမှ အဝေး ကြည့် မှန်ပြောင်း တပ်ဆင် ထားသော ပွိုင့် -၂၂ သေနတ် တစ်လက်၊ ၎င်းကျည် ၁၁ တောင့်၊ အသံတိတ် ပြောင်းတစ်ခု၊ ကျည်ထည့် အိတ် တစ်လုံး၊ သေနတ်ထည့်အိတ် တစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

crd: Eleven media

(Zawgyi)






crd: Eleven media

Post a Comment

Previous Post Next Post