(Unicode)

မူလတန်းတွေကို စဖွင့်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။မူလတန်းတွေထက် အတန်းကြီးတွေကို အရင်ဆုံးစဖွင့်ဖို့ မိဘကိုယ်စားလှယ်နဲ့ ဆရာဆရာများကိုယ်စားလှယ် တို့က တင်ပြခဲ့ရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သူတို့တင်ပြသလို အထက်တန်းတွေကို အရင်ဆုံးစတင်ဖွင့်လှစ်ဖို့ စဉ်းစားမယ်လို့ ပြောလိုက်ပါတယ်။


ဒီကနေ့ မေလ ၁၉ ရက်က ပြုလုပ်ခဲ့တဲ့ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရေးနဲ့ ပတ်သက်ပြီးတော့ အခြေခံပညာဦးစီးဌာနညွန်ကြားရေးမှူးချုုပ် ဦးကိုလေးဝင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါ်နီလာဝင်းနဲ့ ကျောင်းသားမိဘကိုယ်စားလှယ် ဦးကျော်ဌေးတို့ အပြန်အလှန်ဆွေးနွေးခဲ့တဲ့ အစီအစဉ် တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြောသွားခဲ့တာပါ။


မြန်မာနိုင်ငံ ဆရာ/ဆရာမများအဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါ်နီလာဝင်းက မူလတန်းကျောင်းသားဦးရေက အထက်တန်းကျောင်းသားဦးရေထက်များပြားနေသလို (Social Distancing ) ခပ်ခွာခွာနေထိုင်ဖို့ အခက်အခဲတွေရှိနိုင်သလို မူလတန်းကလေးတွေကို ပညာပေးဖို့ကလည်း အနည်းငယ်အခက်အခဲတွေရှိနိုင်ကြောင်းတင်ပြခဲ့ပါတယ်။


“ မူလတန်းကို အရင်ဆုံးစဖွင့်တယ်ဆိုတဲ့အခြေအနေမှာ ကျွန်မတို့ကလေးတွေက သူတို့လုပ်ချင်တဲ့ အလုပ်က ကစားချင်တာ၊ကစားရင်းနဲ့ ပညာကိုသင်ယူတာက KG သင်ရိုးတွေပါ။ အဲဒီအခါမှာ စည်းကမ်းတွေနဲ့ကလေးတွေကို Mask အုပ်ခိုင်းမယ်၊ ခပ်ခွာခွာနေခိုင်းမယ်။ ကလေးတွေရဲ့ အနေအထားက ငြိမ်ငြိမ်မနေတတ်တဲ့အရွယ်လေးတွေ ဖြစ်နေတယ်။ ကျွန်မတို့ မန္တလေးမှာ နေ့လယ်ခင်း အရမ်းပူရင် အကျီတွေ ချွတ်ပြီး ပစ်ပေါက်ပြီးကစားနေကြတာ။ အဲဒါမျိုးတွေကို ကျွန်မတို့က သူတို့နဲ့ လိုက်လျောညီထွေအောင်သင်ယူရတယ်” လို့ ဆရာမ ဒေါ်နီလာဝင်းက ပြောပါတယ်။


အလယ်တန်းပိုင်းနဲ့ အထက်တန်းပိုင်းက အသိပညာတွေရထားပြီးပြီဖြစ်လို့ ကျန်းမာရေးအသိကိုလည်း ဆရာဆရာမတွေ ညွန်ကြားထားတဲ့အတိုင်းလိုက်နာဖို့ အဆင်ပြေနိုင်တာကြောင့် မူလတန်းတွေအစား အထက်တန်းတွေကိုသာ အရင်ဆုံးပြန်လည်ဖွင့်လှစ်မယ်ဆိုရင် ပိုပြီးထိရောက်နိုင်မယ်လို့ ထင်မြင်ကြောင်း ဒေါ်နီလာဝင်းက တင်ပြခဲ့ပါတယ်။


အထက်တန်းတွေကိုသာ အရင်ဖွင့်လှစ်ခဲ့မယ်ဆိုရင် မူလတန်းဆရာဆရာမတွေက ကျောင်းလာတက်မယ့် အထက်တန်းကျောင်းသားတွေကို အပူချိန်တိုင်းပေးတာ စတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ပိုပြီးထိရောက်နိုင်မယ်လို့ မြင်မိကြောင်း ဆိုပါတယ်။မူလတန်းကလေးတွေကိုတော့ ကျန်းမာရေးလမ်းညွန်ချက်တွေအတိုင်း နေတတ်ထိုင်တတ်အောင် မိဘတွေက အရင်ဆုံးသင်ကြားထားပြီးမှ အလေ့အကျင့်ရလာမှသာ ကျောင်းပြန်တက်ခိုင်းသင့်ကြောင်း ဆရာမဒေါ်နီလာဝင်းက တင်ပြခဲ့တာပါ။


အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က စည်းကမ်းထိန်းသိမ်းခြင်းကိုလည်း ကစားတဲ့နည်းလမ်းနဲ့ ဖြစ်အောင် စဉ်းစားဖို့လိုကြောင်း၊ အထက်တန်းကနေစပြီး ဖွင့်ရင်ကောင်းမလားဆိုတာကိုလည်း လေးလေးနက်နက် ပြန်လည်စဉ်းစားမှာဖြစ်ကြောင်း၊ လက်ရှိမှာ ကျောင်းတွေ ပြန်ဖွင့်ဖို့က ၁ လခွဲလောက်ကြာဦးမှာဖြစ်တဲ့အတွက် တင်ပြချက်တွေအပေါ် ပြန်လည်သုံးသပ်ပြီး စဉ်းစားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


“ ဥပမာ မျက်နှာဖုံးတပ်တယ်ဆိုရင်လည်း ကစားတဲ့နည်းလေးဖြစ်လာအောင်၊ ခွာပြီးနေတာကိုလည်းကစားနည်းတစ်ခုဖြစ်လာအောင် ဒါလည်းဆရာမတွေက စဉ်းစားရမယ်။ အထက်တန်းကလေးတွေက မူလတန်းကလေးတွေက ပိုပြီး လူနည်းမယ်ထင်တယ်။ ဒါကြောင့် Social Distancing စနစ်က ပိုပြီးလွယ်လိမ့်မယ်ထင်တယ်။ ဒါကြောင့် အထက်တန်းတွေကို အရင်ဆုံး ပြန်ဖွင့်မလားဆိုတာ ပြန်ပြီးတော့ စဉ်းစားပါမယ်” လို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောခဲ့တာပါ။


အဲဒီနောက် မိဘကိုယ်စားလှယ် ဦးကျော်ဌေးကလည်း ကျောင်းသားမိဘအများစုကတော့ မူလတန်းတွေ ပြန်လည်ဖွင့်လှစ်မှာကို စိုးရိမ်နေကြပြီး အတန်းကြီးတွေကိုသာ အရင်ဆုံး ပြန်လည်ဖွင့်လှစ်ဖို့ အတွက် တင်ပြသွားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ ပညာရေးဝန်ကြီးဌာနရဲ့ အစီအစဉ်တွေအရ အခြေခံပညာကျောင်းတွေကို ဇူလိုင် ပထမပတ်လောက်မှာ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး KG တန်း၊ မူလတန်းကနေ အဆင့်ဆင့် ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

ဓူဝံ

(Zawgyi)

မူလတန္းေတြကို စဖြင့္ဖို႔ စီစဥ္ထားခဲ့တာ ျဖစ္ပါတယ္။မူလတန္းေတြထက္ အတန္းႀကီးေတြကို အရင္ဆုံးစဖြင့္ဖို႔ မိဘကိုယ္စားလွယ္နဲ႔ ဆရာဆရာမ်ားကိုယ္စားလွယ္ တို႔က တင္ျပခဲ့ရာမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က သူတို႔တင္ျပသလို အထက္တန္းေတြကို အရင္ဆုံးစတင္ဖြင့္လွစ္ဖို႔ စဥ္းစားမယ္လို႔ ေျပာလိုက္ပါတယ္။


ဒီကေန႔ ေမလ ၁၉ ရက္က ျပဳလုပ္ခဲ့တဲ့ အေျခခံပညာေက်ာင္းေတြ ျပန္လည္ဖြင့္လွစ္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ အေျခခံပညာဦးစီးဌာနၫြန္ၾကားေရးမႉးခ်ဳုပ္ ဦးကိုေလးဝင္း၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ/ဆရာမမ်ားအဖြဲ႕ခ်ဳပ္ ကိုယ္စားလွယ္ ေဒၚနီလာဝင္းနဲ႔ ေက်ာင္းသားမိဘကိုယ္စားလွယ္ ဦးေက်ာ္ေဌးတို႔ အျပန္အလွန္ေဆြးေႏြးခဲ့တဲ့ အစီအစဥ္ တိုက္႐ိုက္ထုတ္လႊင့္မႈမွာ ေျပာသြားခဲ့တာပါ။


ျမန္မာႏိုင္ငံ ဆရာ/ဆရာမမ်ားအဖြဲ႕ခ်ဳပ္ ကိုယ္စားလွယ္ ေဒၚနီလာဝင္းက မူလတန္းေက်ာင္းသားဦးေရက အထက္တန္းေက်ာင္းသားဦးေရထက္မ်ားျပားေနသလို (Social Distancing ) ခပ္ခြာခြာေနထိုင္ဖို႔ အခက္အခဲေတြရွိႏိုင္သလို မူလတန္းကေလးေတြကို ပညာေပးဖို႔ကလည္း အနည္းငယ္အခက္အခဲေတြရွိႏိုင္ေၾကာင္းတင္ျပခဲ့ပါတယ္။


“ မူလတန္းကို အရင္ဆုံးစဖြင့္တယ္ဆိုတဲ့အေျခအေနမွာ ကြၽန္မတို႔ကေလးေတြက သူတို႔လုပ္ခ်င္တဲ့ အလုပ္က ကစားခ်င္တာ၊ကစားရင္းနဲ႔ ပညာကိုသင္ယူတာက KG သင္႐ိုးေတြပါ။ အဲဒီအခါမွာ စည္းကမ္းေတြနဲ႔ကေလးေတြကို Mask အုပ္ခိုင္းမယ္၊ ခပ္ခြာခြာေနခိုင္းမယ္။ ကေလးေတြရဲ႕ အေနအထားက ၿငိမ္ၿငိမ္မေနတတ္တဲ့အ႐ြယ္ေလးေတြ ျဖစ္ေနတယ္။ ကြၽန္မတို႔ မႏၲေလးမွာ ေန႔လယ္ခင္း အရမ္းပူရင္ အက်ီေတြ ခြၽတ္ၿပီး ပစ္ေပါက္ၿပီးကစားေနၾကတာ။ အဲဒါမ်ိဳးေတြကို ကြၽန္မတို႔က သူတို႔နဲ႔ လိုက္ေလ်ာညီေထြေအာင္သင္ယူရတယ္” လို႔ ဆရာမ ေဒၚနီလာဝင္းက ေျပာပါတယ္။


အလယ္တန္းပိုင္းနဲ႔ အထက္တန္းပိုင္းက အသိပညာေတြရထားၿပီးၿပီျဖစ္လို႔ က်န္းမာေရးအသိကိုလည္း ဆရာဆရာမေတြ ၫြန္ၾကားထားတဲ့အတိုင္းလိုက္နာဖို႔ အဆင္ေျပႏိုင္တာေၾကာင့္ မူလတန္းေတြအစား အထက္တန္းေတြကိုသာ အရင္ဆုံးျပန္လည္ဖြင့္လွစ္မယ္ဆိုရင္ ပိုၿပီးထိေရာက္ႏိုင္မယ္လို႔ ထင္ျမင္ေၾကာင္း ေဒၚနီလာဝင္းက တင္ျပခဲ့ပါတယ္။


အထက္တန္းေတြကိုသာ အရင္ဖြင့္လွစ္ခဲ့မယ္ဆိုရင္ မူလတန္းဆရာဆရာမေတြက ေက်ာင္းလာတက္မယ့္ အထက္တန္းေက်ာင္းသားေတြကို အပူခ်ိန္တိုင္းေပးတာ စတဲ့ က်န္းမာေရးေစာင့္ေရွာက္မႈေတြကို ပူးေပါင္းလုပ္ေဆာင္မယ္ဆိုရင္ ပိုၿပီးထိေရာက္ႏိုင္မယ္လို႔ ျမင္မိေၾကာင္း ဆိုပါတယ္။မူလတန္းကေလးေတြကိုေတာ့ က်န္းမာေရးလမ္းၫြန္ခ်က္ေတြအတိုင္း ေနတတ္ထိုင္တတ္ေအာင္ မိဘေတြက အရင္ဆုံးသင္ၾကားထားၿပီးမွ အေလ့အက်င့္ရလာမွသာ ေက်ာင္းျပန္တက္ခိုင္းသင့္ေၾကာင္း ဆရာမေဒၚနီလာဝင္းက တင္ျပခဲ့တာပါ။


အဲဒီေနာက္ ေဒၚေအာင္ဆန္းစုၾကည္က စည္းကမ္းထိန္းသိမ္းျခင္းကိုလည္း ကစားတဲ့နည္းလမ္းနဲ႔ ျဖစ္ေအာင္ စဥ္းစားဖို႔လိုေၾကာင္း၊ အထက္တန္းကေနစၿပီး ဖြင့္ရင္ေကာင္းမလားဆိုတာကိုလည္း ေလးေလးနက္နက္ ျပန္လည္စဥ္းစားမွာျဖစ္ေၾကာင္း၊ လက္ရွိမွာ ေက်ာင္းေတြ ျပန္ဖြင့္ဖို႔က ၁ လခြဲေလာက္ၾကာဦးမွာျဖစ္တဲ့အတြက္ တင္ျပခ်က္ေတြအေပၚ ျပန္လည္သုံးသပ္ၿပီး စဥ္းစားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။


“ ဥပမာ မ်က္ႏွာဖုံးတပ္တယ္ဆိုရင္လည္း ကစားတဲ့နည္းေလးျဖစ္လာေအာင္၊ ခြာၿပီးေနတာကိုလည္းကစားနည္းတစ္ခုျဖစ္လာေအာင္ ဒါလည္းဆရာမေတြက စဥ္းစားရမယ္။ အထက္တန္းကေလးေတြက မူလတန္းကေလးေတြက ပိုၿပီး လူနည္းမယ္ထင္တယ္။ ဒါေၾကာင့္ Social Distancing စနစ္က ပိုၿပီးလြယ္လိမ့္မယ္ထင္တယ္။ ဒါေၾကာင့္ အထက္တန္းေတြကို အရင္ဆုံး ျပန္ဖြင့္မလားဆိုတာ ျပန္ၿပီးေတာ့ စဥ္းစားပါမယ္” လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံက ေျပာခဲ့တာပါ။


အဲဒီေနာက္ မိဘကိုယ္စားလွယ္ ဦးေက်ာ္ေဌးကလည္း ေက်ာင္းသားမိဘအမ်ားစုကေတာ့ မူလတန္းေတြ ျပန္လည္ဖြင့္လွစ္မွာကို စိုးရိမ္ေနၾကၿပီး အတန္းႀကီးေတြကိုသာ အရင္ဆုံး ျပန္လည္ဖြင့္လွစ္ဖို႔ အတြက္ တင္ျပသြားခဲ့တာျဖစ္ပါတယ္။လက္ရွိမွာေတာ့ ပညာေရးဝန္ႀကီးဌာနရဲ႕ အစီအစဥ္ေတြအရ အေျခခံပညာေက်ာင္းေတြကို ဇူလိုင္ ပထမပတ္ေလာက္မွာ ျပန္လည္ဖြင့္လွစ္ဖို႔ စီစဥ္ထားၿပီး KG တန္း၊ မူလတန္းကေန အဆင့္ဆင့္ ဖြင့္လွစ္သြားမွာ ျဖစ္တယ္လို႔လည္းသိရပါတယ္။

ဓူ၀ံ

Post a Comment

Previous Post Next Post