(Unicode)
ကလေးကို အရွယ်နဲ့မလိုက် အောင် မတရားရိုက်နှက်ဆုံးမတဲ့ အတွက် ခေါင်းထိသွားတယ်။ ဦးခေါင်း သွေးယိုစိမ့်သွား တယ်လို့ သိရ တယ် ။သတိလုံးဝမရဘူး။ အဲဒီလိုနဲ့ ၃ မိုင်ဆေးရုံကို မတ်လ ၁၈ ရက်နေ့ကရောက်ပြီး ဒီနေ့(မတ်လ ၂၀ ရက်)နံနက်မှာဆုံးသွားခဲ့ရတယ်။ ပြစ်မှု ကျူးလွန်သူကို ဖမ်းဆီးပြီးဥပဒေအတိုင်းအရေးယူဆောင်ရွက်နေပါတယ်” ဟု ၃ မိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်မှူး ပြောသည်။
ဧ ရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ၃ မိုင်ဆေးရုံ၌ ၂ နှစ်အရွယ်ရှိကလေးတစ်ဦး ဒဏ်ရာများဖြင့် မတ်လ ၁၈ ရက်၊ ည ၉ နာရီခွဲ တွင်ရောက်ရှိလာသဖြင့် စစ်ဆေးပေးရန်အကြောင်းကြားချက်ကြောင်း နယ်မြေပိုင်တပ်ဖွဲ့ဝင်များကအသိသက်သေများနှင့် သွားရောက် စစ်ဆေးခဲ့ကြသည်။ ဒဏ်ရာရှိသူကလေးမှာဘုန်းကြီးကုန်းကျေးရွာအုပ်စု၊ ရေဝန်ကြီးကျေးရွာနေ မမေမြတ်နိုး(၂)နှစ်ဖြစ်သည်။
ဦးခေါင်းညိုမဲ၊ ချက်ရင်ဘက်ညိုမဲ၊ ဆီးခုံနားဖူးယောင် ဒဏ်ရာများနှင့် ပေါင်းနှစ် ဖူးယောင်ဒဏ်ရာ ၁ ချက်စီတို့ဖြင့် စိုးရိမ်စရာလူနာအဖြစ် ကုသမှုခံယူနေသည်ကို တွေ့ရှိခဲ့ ကြသည်။စစ်မေးချက်အရ ပထွေးဖြစ်သူသိန်းခိုင်(၃၀)နှစ် ဆိုသူက မတ်လ ၁၇ ရက်၊ နံနက် ၁၁ နာရီတွင် နေအိမ်ပေါ်၌ မစင်စွန့်သည့်ကိစ္စဖြင့် မမေမြတ်နိုးကို ဝါးခြမ်းပြားဖြင့်ရိုက်နှက်သည်။
အပြင် ခြေထောက်နှင့်ပါ ကန်ခဲ့ရာ ကြမ်းပြင်နှင့်ခေါင်းထိမိခဲ့သောကြောင့် မမေမြတ်နိုးမှာ အခင်းဖြစ်နေရာတွင် သတိလစ်သွားခဲ့ကြောင်း စစ်ဆေး သိရှိရသည်။ နောက်တစ်ရက်(မတ်လ ၁၈ ရက်)အထိ ကလေးမှာ သတိမရသေးသဖြင့် ပိုးလောင်းတိုက်နယ် ဆေးရုံသို့ ပြသခဲ့ ပြီးနောက် စိုးရိမ်ရလူနာ ဖြစ်သဖြင့် နေ့လယ်တွင် (၃)မိုင်ပြည်သူ့ဆေးရုံသို့ လွဲပြောင်းပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
REF: SHWE WIKI
(Zawgyi)
REF: SHWE WIKI
Post a Comment
Previous Post Next Post