(Unicode)

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ၂၀ မှ လူမှုဖူလုံရေး ကူညီထောက်ပံ့ငွေ တောင်းခံလျှောက်ထားသည့် အလုပ်သမား ရှစ်ထောင်ကျော်ကို ငွေကျပ်သန်း ၁၈၀ ကျော် ထုတ်ပေးရန် ခွင့်ပြုထားပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။

လူမှုဖူလုံရေးထောက်ပံ့ငွေရရှိရန် အလုပ်သမား ၉,၄၀၀ ကျော်က တောင်းခံထားသည့်အနက် ၈,၁၁၈ ဦးကို ထောက်ပံ့ငွေပေးရန် မေလ ၁၃၊ ၁၅၊ ၁၆ နှင့် ၁၈ ရက်နေ့တို့တွင် လူမှုဖူလုံရေးအဖွဲ့က စိစစ်ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။


စိစစ်ခွင့်ပြုငွေမှာ ၁၈၆ သန်းကျော်ရှိပြီး နိုင်ငံသားပိုင်၊ နိုင်ငံခြားသားပိုင် စက်ရုံများ ပါဝင်က ကူညီထောက်ပံ့ငွေ အတွက် မြို့နယ်ရုံးခွဲများမှ တစ်ဆင့် တောင်းခံသူများရှိကာ အွန်လိုင်းမှ တောင်းခံလျှောက်ထား သူများလည်းရှိကြောင်း လူမှုဖူလုံရေးအဖွဲ့ထံမှ သိရသည်။



ယင်းသို့ တောင်းခံရာတွင် အထည်ချုပ်လုပ်ငန်း အပါအဝင် လက်ခစားလုပ်ငန်းများ၊ စားသောက်ကုန် လုပ်ငန်းများ၊ တိုင်းရင်းဆေးထုတ်လုပ်ရေးလုပ်ငန်းများ၊ ကားပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း၊ သစ်အချော ထည်စက်ရုံများ စသည်တို့ ပါဝင်သည်။ခွင့်ပြုငွေများ ထုတ်ပေးမှုအခြေအနေကို သိရှိနိုင်ရန် အဆိုပါဝန်ကြီးဌာနမှ အလုပ်သမားရေးရာ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်ကို ယနေ့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။


Credit The Voice

(Zawgyi)

စက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာန ၂၀ မွ လူမႈဖူလုံေရး ကူညီေထာက္ပံ့ေငြ ေတာင္းခံေလွ်ာက္ထားသည့္ အလုပ္သမား ရွစ္ေထာင္ေက်ာ္ကို ေငြက်ပ္သန္း ၁၈၀ ေက်ာ္ ထုတ္ေပးရန္ ခြင့္ျပဳထားၿပီျဖစ္ေၾကာင္း အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနထံမွ သိရသည္။

လူမႈဖူလုံေရးေထာက္ပံ့ေငြရရွိရန္ အလုပ္သမား ၉,၄၀၀ ေက်ာ္က ေတာင္းခံထားသည့္အနက္ ၈,၁၁၈ ဦးကို ေထာက္ပံ့ေငြေပးရန္ ေမလ ၁၃၊ ၁၅၊ ၁၆ ႏွင့္ ၁၈ ရက္ေန႔တို႔တြင္ လူမႈဖူလုံေရးအဖြဲ႕က စိစစ္ခြင့္ျပဳလိုက္ျခင္း ျဖစ္ေၾကာင္း အဆိုပါအဖြဲ႕ထံမွ သိရသည္။


စိစစ္ခြင့္ျပဳေငြမွာ ၁၈၆ သန္းေက်ာ္ရွိၿပီး ႏိုင္ငံသားပိုင္၊ ႏိုင္ငံျခားသားပိုင္ စက္႐ုံမ်ား ပါဝင္က ကူညီေထာက္ပံ့ေငြ အတြက္ ၿမိဳ႕နယ္႐ုံးခြဲမ်ားမွ တစ္ဆင့္ ေတာင္းခံသူမ်ားရွိကာ အြန္လိုင္းမွ ေတာင္းခံေလွ်ာက္ထား သူမ်ားလည္းရွိေၾကာင္း လူမႈဖူလုံေရးအဖြဲ႕ထံမွ သိရသည္။


ယင္းသို႔ ေတာင္းခံရာတြင္ အထည္ခ်ဳပ္လုပ္ငန္း အပါအဝင္ လက္ခစားလုပ္ငန္းမ်ား၊ စားေသာက္ကုန္ လုပ္ငန္းမ်ား၊ တိုင္းရင္းေဆးထုတ္လုပ္ေရးလုပ္ငန္းမ်ား၊ ကားပစၥည္း ထုတ္လုပ္သည့္လုပ္ငန္း၊ သစ္အေခ်ာ ထည္စက္႐ုံမ်ား စသည္တို႔ ပါဝင္သည္။ခြင့္ျပဳေငြမ်ား ထုတ္ေပးမႈအေျခအေနကို သိရွိႏိုင္ရန္ အဆိုပါဝန္ႀကီးဌာနမွ အလုပ္သမားေရးရာ အၿမဲတမ္း အတြင္းဝန္ ဦးမ်ိဳးေအာင္ကို ယေန႔ ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းရာ ဖုန္းလက္ခံ ေျဖၾကားျခင္း မရွိေသးေပ။

Credit The Voice

Post a Comment

Previous Post Next Post