(Unicode)
မေ့ဆေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဒေါ်မြင့်မြင့်စိန်ဟာ ကိုဗစ်ရောဂါ ပျောက်ကင်းသွားပြီ ဖြစ်တဲ့အတွက် မေလ ၂၅ ရက်နေ့ မနက်ပိုင်းမှာ မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
သူဟာ ပြည်မြို့ဆေးရုံကြိးမှာ လူနာနံပါတ် ၁၇ ကို အနီးကပ် ဆေးကုသမှုပေးခဲ့ပြီ ရောဂါပိုး ကူးစက်ခံရတာ ဖြစ်ပါတယ်။ သူမဟာ ဧပြီလ ၁၂ ရက် နေ့က ရောဂါစတင် တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီ ရောဂါကူးစက်ခံရတဲ့ လူနာ နံပါတ် ၃၀ ဖြစ်တဲ့ ဒေါ်မြင့်မြင့်စိန်ဟာ အစောပိုင်းမှာ ရောဂါပိုးပျောက်ကင်းလိုက် ပြန်တွေ့လိုက် ဖြစ်နေခဲ့ပြီး အခုအခါမှာတော့ နှစ်ကြိမ်ဆက်တိုက် ရောဂါပိုး မတွေ့ရတော့တဲ့အတွက် ဆေးရုံးက ဆင်းခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
Credit – M O N
(Zawgyi)
Credit – M O N
Post a Comment