(Unicode)


ဖွဲ့စည်းပုံပြင်ဆင်ရေးမဲခွဲဆုံးဖြတ်မှုများကို မတ်လ ၁၀ရက်နေ့ကတည်းက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၄၃၆(က)နှင့်သက်ဆိုင် သည့် ပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲ ၅၅ခု၊ပုဒ်မ၄၃၆(ခ)နှင့် သက်ဆိုင်သည့် ပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲ ၈၀ခုတို့ကို မဲခွဲဆုံးဖြတ်ခဲ့သည်။ အဆိုပါ ပုဒ်မ၊ပုဒ်မခွဲများထဲမှ ပြင်ဆင်ရန် ထောက်ခံဆန္ဒမဲ ၇၅ရာခိုင်နှုန်းကျော် ရရှိခဲ့သည့် ပုဒ်မများမှာ ပုဒ်မ၄၃၆(က)တွင်အကျုံးဝင်သော ပုဒ်မ ၃၂(က)နှင့်(ခ)၊ ပုဒ်မ ၄၃၆(ခ)တွင် အကျုံးဝင်သော ပုဒ်မ ၂၆၂(က)(၁)နှင့် ပုဒ်မ ၃၄၄တို့ဖြစ်သည်။

ပုဒ်မ ၄၃၆(က)တွင် အကျုံးဝင်သော ပုဒ်မများကို ၇၅ရာခိုင်နှုန်းကျော်ထောက်ခံဆန္ဒမဲရရှိပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဖြစ်သည်။ထို့အပြင် အဆိုပါ ပြင်ဆင်ပြဌာန်းမည့် အဆိုပြု ဖော်ပြချက်များမှာ ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ လွှတ်တော်အသီးသီး၏ လုပ်ငန်းဆောင် ရွက်ချက်များကို လည်းကောင်း၊ နိုင်ငံတော်၏ လုံခြုံရေးရာကိစ္စရပ်များတွင်လည်းကောင်း ပြောင်းလဲမှု အကျိုးသက်ရောက်မှုများစွာ မရှိ သေးသည်ကို လေ့လာတွေ့ရှိရကြောင်းလည်း ဦးသန်းအောင်ကတင်ပြသည်။

နောင်တွင်ပေါ်ပေါက်လာနိုင်သည့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာများနှင့်အတူ ဆန္ဒခံယူပွဲပြုလုပ်မည်ဆိုပါက ပိုမိုသင့်လျော်မည်ဖြစ် ပါတယ်”ဟု သူကပြောသည်။ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကျင်းပခြင်းမပြုသေးပဲ ခေတ္တ ဆိုင်းငံ့ထားသင့်ကြောင်း ၎င်းက အကြံပြုရှင်းလင်းတင်ပြသည်။ကော်မရှင်၏ ရှင်းလင်းတင်ပြချက်မှာ ကျိုးကြောင်းညီညွတ်မှုရှိသည့် အတွက် လက်ခံစဉ်းစားသင့်သည်ဟု သုံးသပ်ရရှိကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်ကပြောသည်။

ထို့နောက် လွှတ်တော်၏ ဆန္ဒရယူခဲ့ရာ သဘောမတူသူမရှိသည့်အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကျင်းပခြင်းမပြုသေးပဲ ခေတ္တဆိုင်း ငံ့သွားမည်ဖြစ်ကြောင်း နာယကကကြေညာခဲ့သည်။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပမည်ဆို ပါက နိုင်ငံတော်ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ၁၄၆၄၆ဒသမ၃၁၄သန်းကို အနည်းဆုံး ကုန်ကျခံသုံးစွဲရမည်ဟု တွက်ချက်ရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။


မေလ ၂၁ရက်ကကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂ (က)နှင့်(ခ)တို့ကို ပြင်ဆင်နိုင်ရန် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်က လွှတ်တော်သို့ရှင်းလင်း တင် ပြသည်။၎င်းက”ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မဖြစ်မနေဆောင်ရွက်ရန်အတွက် လမ်းညွှန်မည်ဆိုပါက လိုအပ်မယ့် ဘဏ္ဍာငွေများကို ကျပ် သန်းပေါင်း ၁၄၆၄၆ဒသမ၃၁၄သန်းအား လုပ်ထုံးလုပ်နည်းနဲ့အညီ တင်ပြတောင်းခံသွားမှာဖြစ်ပါတယ်”ဟုပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပူးတွဲဆောင်ရွက်ရန် ပြည်ထောင်စု လွှတ်တော်ရုံးက ရွေးကောက်ပွဲကော်မရှင်ကို ပေးပို့ခဲ့သည်။


REF: THE FIFTH WAVE NEWS

(Zawgyi)

ဖြဲ႕စည္းပုံျပင္ဆင္ေရးမဲခြဲဆုံးျဖတ္မႈမ်ားကို မတ္လ ၁၀ရက္ေန႔ကတည္းက စတင္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး ပုဒ္မ ၄၃၆(က)ႏွင့္သက္ဆိုင္ သည့္ ျပင္ဆင္ခ်က္ ပုဒ္မ၊ ပုဒ္မခြဲ ၅၅ခု၊ပုဒ္မ၄၃၆(ခ)ႏွင့္ သက္ဆိုင္သည့္ ျပင္ဆင္ခ်က္ ပုဒ္မ၊ ပုဒ္မခြဲ ၈၀ခုတို႔ကို မဲခြဲဆုံးျဖတ္ခဲ့သည္။ အဆိုပါ ပုဒ္မ၊ပုဒ္မခြဲမ်ားထဲမွ ျပင္ဆင္ရန္ ေထာက္ခံဆႏၵမဲ ၇၅ရာခိုင္ႏႈန္းေက်ာ္ ရရွိခဲ့သည့္ ပုဒ္မမ်ားမွာ ပုဒ္မ၄၃၆(က)တြင္အက်ဳံးဝင္ေသာ ပုဒ္မ ၃၂(က)ႏွင့္(ခ)၊ ပုဒ္မ ၄၃၆(ခ)တြင္ အက်ဳံးဝင္ေသာ ပုဒ္မ ၂၆၂(က)(၁)ႏွင့္ ပုဒ္မ ၃၄၄တို႔ျဖစ္သည္။

ပုဒ္မ ၄၃၆(က)တြင္ အက်ဳံးဝင္ေသာ ပုဒ္မမ်ားကို ၇၅ရာခိုင္ႏႈန္းေက်ာ္ေထာက္ခံဆႏၵမဲရရွိၿပီးေနာက္ ျပည္လုံးကြၽတ္ဆႏၵခံယူပြဲက်င္းပ၍ ဆႏၵမဲေပးပိုင္ခြင့္ရွိသူအားလုံး၏ ထက္ဝက္ေက်ာ္ဆႏၵမဲျဖင့္သာ ျပင္ဆင္ရမည္ျဖစ္သည္။ထို႔အျပင္ အဆိုပါ ျပင္ဆင္ျပဌာန္းမည့္ အဆိုျပဳ ေဖာ္ျပခ်က္မ်ားမွာ ျပည္ေထာင္စုအစိုးရအဖြဲ႕၏ လုပ္ငန္းေဆာင္႐ြက္ခ်က္မ်ားကိုလည္းေကာင္း၊ လႊတ္ေတာ္အသီးသီး၏ လုပ္ငန္းေဆာင္ ႐ြက္ခ်က္မ်ားကို လည္းေကာင္း၊ ႏိုင္ငံေတာ္၏ လုံၿခဳံေရးရာကိစၥရပ္မ်ားတြင္လည္းေကာင္း ေျပာင္းလဲမႈ အက်ိဳးသက္ေရာက္မႈမ်ားစြာ မရွိ ေသးသည္ကို ေလ့လာေတြ႕ရွိရေၾကာင္းလည္း ဦးသန္းေအာင္ကတင္ျပသည္။

ေနာင္တြင္ေပၚေပါက္လာႏိုင္သည့္ အေျခခံဥပေဒျပင္ဆင္ေရးဆိုင္ရာမ်ားႏွင့္အတူ ဆႏၵခံယူပြဲျပဳလုပ္မည္ဆိုပါက ပိုမိုသင့္ေလ်ာ္မည္ျဖစ္ ပါတယ္”ဟု သူကေျပာသည္။ထို႔ေၾကာင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးျပည္လုံးကြၽတ္ဆႏၵခံယူပြဲကို က်င္းပျခင္းမျပဳေသးပဲ ေခတၱ ဆိုင္းငံ့ထားသင့္ေၾကာင္း ၎က အႀကံျပဳရွင္းလင္းတင္ျပသည္။ေကာ္မရွင္၏ ရွင္းလင္းတင္ျပခ်က္မွာ က်ိဳးေၾကာင္းညီၫြတ္မႈရွိသည့္ အတြက္ လက္ခံစဥ္းစားသင့္သည္ဟု သုံးသပ္ရရွိေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ျမတ္ကေျပာသည္။

ထို႔ေနာက္ လႊတ္ေတာ္၏ ဆႏၵရယူခဲ့ရာ သေဘာမတူသူမရွိသည့္အတြက္ ျပည္လုံးကြၽတ္ဆႏၵခံယူပြဲကို က်င္းပျခင္းမျပဳေသးပဲ ေခတၱဆိုင္း ငံ့သြားမည္ျဖစ္ေၾကာင္း နာယကကေၾကညာခဲ့သည္။ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးအတြက္ ျပည္လုံးကြၽတ္ဆႏၵခံယူပြဲ က်င္းပမည္ဆို ပါက ႏိုင္ငံေတာ္ဘ႑ာေငြမွ က်ပ္သန္းေပါင္း ၁၄၆၄၆ဒသမ၃၁၄သန္းကို အနည္းဆုံး ကုန္က်ခံသုံးစြဲရမည္ဟု တြက္ခ်က္ရရွိခဲ့ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ျပည္ေထာင္စုလႊတ္ေတာ္သို႔ တင္ျပသည္။

ေမလ ၂၁ရက္ကက်င္းပေသာ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၃၂ (က)ႏွင့္(ခ)တို႔ကို ျပင္ဆင္ႏိုင္ရန္ ျပည္လုံး ကြၽတ္ဆႏၵခံယူပြဲက်င္းပေရးႏွင့္စပ္လ်ဥ္း၍ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးသန္းေအာင္က လႊတ္ေတာ္သို႔ရွင္းလင္း တင္ ျပသည္။၎က”ျပည္လုံးကြၽတ္ဆႏၵခံယူပြဲကို မျဖစ္မေနေဆာင္႐ြက္ရန္အတြက္ လမ္းၫႊန္မည္ဆိုပါက လိုအပ္မယ့္ ဘ႑ာေငြမ်ားကို က်ပ္ သန္းေပါင္း ၁၄၆၄၆ဒသမ၃၁၄သန္းအား လုပ္ထုံးလုပ္နည္းနဲ႔အညီ တင္ျပေတာင္းခံသြားမွာျဖစ္ပါတယ္”ဟုေျပာသည္။

ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး ျပည္လုံးကြၽတ္ဆႏၵခံယူပြဲကို ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲတြင္ ပူးတြဲေဆာင္႐ြက္ရန္ ျပည္ေထာင္စု လႊတ္ေတာ္႐ုံးက ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ေပးပို႔ခဲ့သည္။


REF: THE FIFTH WAVE NEWS

Post a Comment

Previous Post Next Post