(Unicode)

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်တွင် COVID 19 ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဖွင့်လှစ်ထားသော Fever Clinic ဖောက်ထွင်းခံရပြီး ကျန်းမာရေးသုံးပစ္စည်းများဖြစ်သည့် Mask များ၊PPE များနှင့်အခြားအသုံးအ‌ဆောင်ပစ္စည်းအချိူ့ ဖျက်ဆီးခံလိုက်ရကြောင်း တွံတေးမြို့နယ်တိုင်းဒေသကြီး လွှ‌တ်တော်အမတ် ဒေါက်တာကျော်ဇင်ဦးက ပြောကြားခဲ့ပါတယ်။



ကိုရိုနာရောဂါကြိုတင်ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် တွံ့တေး Fever Clinic ဆေးခန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေလ ၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။

ဖျက်ဆီးခံရသည့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မသိရသေးဘဲ ဖောက်ထွင်းဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး သံသယရှိသူ တစ်ဦးကို ဖမ်းဆီးကာ စုံစမ်းစစ်‌ဆေးမှုတွေ ပြုလုပ်‌နေကြောင်း သိရှိရပါတယ်။



ဖျားနာကုဆေးခန်း – Fever Clinic တွေ ရန်ကုန်က မြို့နယ်တချို့မှာ ဧပြီလဆန်းပိုင်းလောက်က စတင်ပေါ်လာခဲ့ပါတယ်။ အခုတော့ မြို့နယ် ၁၆ မြို့နယ်မှာ Fever Clinic တွေ ရှိလာပြီး အဲဒီ ဆေးခန်းတွေ ဖွင့်ဖို့ စီစဉ်နေတာတွေ ရန်ကုန်က တခြားမြို့နယ်တွေမှာလည်း ထပ်တိုးလာသလို ပြည်နယ်နဲ့ တိုင်းတွေမှာ လည်း အလားတူ ဖွင့်ဖို့ ကြိုးစားနေကြပါတယ်။



ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ဖြစ်လာတဲ့ အခုလိုကာလထဲမှာ ဆရာဝန်တွေ၊ သူနာပြုတွေ၊ အထူးသဖြင့် ဆေးရုံ အသီးသီးက ကျန်းမာရေး ဝန်ထမ်းတွေ ဗိုင်းရပ်စ်ကူးစက်ခံတွေရဲ့ အသက်ကို ရှေ့တန်း တပ်ဦးကနေ ကုသပေးရင်း ကယ်တင်ပေးဖို့ သူတို့ အသက်အန္တရာယ်ကို အရင်းပြုလို့ လုပ်ဆောင်ပေးနေကြသလို Fever Clinic က စေတနာ့ဝန်ထမ်းကျန်းမာရေးဝန်ထမ်းတွေ၊ အရပ်သားတွေကလည်း ဘေးတွေ့နိုင်ပေမယ့် တတ်နိုင်သမျှ စောလျင်စွာ ကိုဗစ် သံသယ လူနာကို ရှာဖွေပေးနေပါတယ်။

(Zawgyi)

ရန္ကုန္တိုင္းေဒသႀကီး တြံေတးၿမိဳ႕နယ္တြင္ COVID 19 ႀကိဳတင္ကာကြယ္ႏိုင္ရန္အတြက္ ဖြင့္လွစ္ထားေသာ Fever Clinic ေဖာက္ထြင္းခံရၿပီး က်န္းမာေရးသုံးပစၥည္းမ်ားျဖစ္သည့္ Mask မ်ား၊PPE မ်ားႏွင့္အျခားအသုံးအ‌ေဆာင္ပစၥည္းအခ်ိဴ႕ ဖ်က္ဆီးခံလိုက္ရေၾကာင္း တြံေတးၿမိဳ႕နယ္တိုင္းေဒသႀကီး လႊ‌တ္ေတာ္အမတ္ ေဒါက္တာေက်ာ္ဇင္ဦးက ေျပာၾကားခဲ့ပါတယ္။



ကို႐ိုနာေရာဂါႀကိဳတင္ကာကြယ္ရန္ ရည္႐ြယ္ခ်က္ျဖင့္ တြံ႕ေတး Fever Clinic ေဆးခန္းကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ေမလ ၇ ရက္ေန႔တြင္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ပါတယ္။

ဖ်က္ဆီးခံရသည့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးကို မသိရေသးဘဲ ေဖာက္ထြင္းဖ်က္ဆီးခံရမႈႏွင့္ပတ္သက္ၿပီး သံသယရွိသူ တစ္ဦးကို ဖမ္းဆီးကာ စုံစမ္းစစ္‌ေဆးမႈေတြ ျပဳလုပ္‌ေနေၾကာင္း သိရွိရပါတယ္။



ဖ်ားနာကုေဆးခန္း – Fever Clinic ေတြ ရန္ကုန္က ၿမိဳ႕နယ္တခ်ိဳ႕မွာ ဧၿပီလဆန္းပိုင္းေလာက္က စတင္ေပၚလာခဲ့ပါတယ္။ အခုေတာ့ ၿမိဳ႕နယ္ ၁၆ ၿမိဳ႕နယ္မွာ Fever Clinic ေတြ ရွိလာၿပီး အဲဒီ ေဆးခန္းေတြ ဖြင့္ဖို႔ စီစဥ္ေနတာေတြ ရန္ကုန္က တျခားၿမိဳ႕နယ္ေတြမွာလည္း ထပ္တိုးလာသလို ျပည္နယ္နဲ႔ တိုင္းေတြမွာ လည္း အလားတူ ဖြင့္ဖို႔ ႀကိဳးစားေနၾကပါတယ္။



ကို႐ိုနာဗိုင္းရပ္စ္ ကမာၻ႔ကပ္ျဖစ္လာတဲ့ အခုလိုကာလထဲမွာ ဆရာဝန္ေတြ၊ သူနာျပဳေတြ၊ အထူးသျဖင့္ ေဆး႐ုံ အသီးသီးက က်န္းမာေရး ဝန္ထမ္းေတြ ဗိုင္းရပ္စ္ကူးစက္ခံေတြရဲ႕ အသက္ကို ေရွ႕တန္း တပ္ဦးကေန ကုသေပးရင္း ကယ္တင္ေပးဖို႔ သူတို႔ အသက္အႏၲရာယ္ကို အရင္းျပဳလို႔ လုပ္ေဆာင္ေပးေနၾကသလို Fever Clinic က ေစတနာ့ဝန္ထမ္းက်န္းမာေရးဝန္ထမ္းေတြ၊ အရပ္သားေတြကလည္း ေဘးေတြ႕ႏိုင္ေပမယ့္ တတ္ႏိုင္သမွ် ေစာလ်င္စြာ ကိုဗစ္ သံသယ လူနာကို ရွာေဖြေပးေနပါတယ္။

Post a Comment

Previous Post Next Post