(Unicode)

ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှတစ်ဆင့် မကွေးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် လူဦးရေသည် ဧပြီ၂၆ရက်မှယနေ့အထိ ငါးထောင်ကျော်ရှိပြီး နောက်ထပ် လူဦးရေ(၃၀ဝဝဝ)ကျော်ပြန်လည်ဝင်ရောက်လာမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံသို့ သွားရောက်၍ အလုပ်လုပ်ကိုင်ကြသူများမှာ မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာရန် ခန့်မှန်းစာရင်းအရ ၃၆၇၁၅ဦးစာရင်းရှိထားပြီး လက်ရှိတွင် မကွေးတိုင်းအတွင်း လူဦးရေ(၅၀၅၀)ဦးသာ ဝင်ရောက်သေးကာ ကျန်လူဦးရေ၃၁၆၆၅ဦးမှာ မကြာမီဝင်ရောက်လာမည်ဖြစ်သည်။



” မကွေးတိုင်းအတွင်း ထိုင်းနိုင်ငံကနေပြန်လည်ဝင်ရောက်ဖို့ စာရင်းအရ လူဦးရေ ၂၆၈၉၉ဦး စာရင်းရှိပြီး လက်ရှိပြန်လည်ဝင်ရောက်လာသူ ၇၂ဦးရှိပြီး ကျန်လူဦးရေ(၂၆၈၂၇)ဦးက ထိုင်းနိုင်ငံဘက်က မေလကုန်မှပဲ တရားဝင်ပြန်လွှတ်မယ်လို့ သတင်းရထားပါတယ်။၎င်းအပြင် တရုတ်နိုင်ငံကနေ ပြန်လည်ဝင်ရောက်ဖို့ စာရင်းအရ လူဦးရေ၉၈၁၆ဦး စာရင်းရှိပြီး လက်ရှိပြန်လည်ဝင်ရောက်လာသူ၄၉၇၈ဦးရှိခဲ့ပြီး ထပ်မံဝင်ရောက်ဖို့ ၄၈၃၈ဦးရှိကြောင်းကို စာရင်းအရ သိရပါတယ်”ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။


မကွေးတိုင်းဒေသကြီးအတွင်း လက်ရှိစောင့်ကြည့်ခံရသူ(၁၄၂၄၈)ဦးရှိပြီး စောင့်ကြည့်ရက်ပြည့်၍ Quarantine စင်တာများမှ ပြန်လည်စေလွှတ်ခဲ့သူ၁၉၀၂၁ဦးရှိပြီဖြစ်သည်။လက်ရှိ ဆေးရုံနှင့်စာသင်ကျောင်း/တက္ကသိုလ်များတွင် သံသယလူနာ၆ဦးရှိပြီး သံသယလူနာအဖြစ်စစ်ဆေးပြီး ရောဂါပိုးမတွေ့ရှိသဖြင့် ပြန်လည်စေလွှတ်ခဲ့သူ၃၁ဦးရှိသည်။မကွေးတိုင်းအတွင်း ရောဂါပိုးတွေ့ရှိခဲ့သူ၂ဦးရှိ၍ ပထမလူနာအမှတ်(၅၃)မှာမေ၃ရက်တွင် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကာ မြို့သစ်မြို့နယ်အထက(၁)ကျောင်းတွင် Facility Quarantine(၇)ရက်၊ နေအိမ်တွင် Home Quarantine (၇)ရက်စောင့်ကြည့်ခဲ့ပြီး မေ၁၇ရက်တွင် ကျန်းမာရေးကောင်းမွန်စွာဖြင့် ပြန်လည်စေလွှတ်ခဲ့သည်။



လက်ရှိ မကွေးမြို့ သင်ကြားရေးဆေးရုံကြီးတွင် မလေးရှားနိုင်ငံမှပြန်လည်ဝင်ရောက်လာသူ လူနာအမှတ်(၁၈၉)တစ်ဦးသာ ရှိကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။”ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသူတွေအတွက် Quarantine ထားရှိဖို့ပြင်ဆင်ဆောင်ရွက်ထားပါတယ်။ Quarantine ဝင်တဲ့ သူတွေရဲ့ စားသောက်ရေးကို တိုင်းဒေသကြီးအစိုးရက တစ်ရက်ကိုတစ်ဦးလျှင် ၃၅၀ဝကျပ်နှုန်းနဲ့ထောက်ပံ့ပေးသွားမှာဖြစ်သလို ကျန်းမာရေးစောင့်ရှောက်မှုတွေပါ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု မင်းဘူးမြို့ အထက(၁)ကျောင်းရှိ Quarantine စင်တာမှ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစိန်သောင်းက ပြောသည်။

#mmtimes

(Zawgyi)

ထိုင္းႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔မွတစ္ဆင့္ မေကြးတိုင္းေဒသႀကီးအတြင္းသို႔ ျပန္လည္ဝင္ေရာက္လာသည့္ လူဦးေရသည္ ဧၿပီ၂၆ရက္မွယေန႔အထိ ငါးေထာင္ေက်ာ္ရွိၿပီး ေနာက္ထပ္ လူဦးေရ(၃၀ဝ၀ဝ)ေက်ာ္ျပန္လည္ဝင္ေရာက္လာမည္ျဖစ္ေၾကာင္း မေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ထံမွ သိရသည္။တ႐ုတ္ႏိုင္ငံႏွင့္ထိုင္းႏိုင္ငံသို႔ သြားေရာက္၍ အလုပ္လုပ္ကိုင္ၾကသူမ်ားမွာ ျမန္မာႏိုင္ငံအတြင္း ျပန္လည္ဝင္ေရာက္လာရန္ ခန္႔မွန္းစာရင္းအရ ၃၆၇၁၅ဦးစာရင္းရွိထားၿပီး လက္ရွိတြင္ မေကြးတိုင္းအတြင္း လူဦးေရ(၅၀၅၀)ဦးသာ ဝင္ေရာက္ေသးကာ က်န္လူဦးေရ၃၁၆၆၅ဦးမွာ မၾကာမီဝင္ေရာက္လာမည္ျဖစ္သည္။



” မေကြးတိုင္းအတြင္း ထိုင္းႏိုင္ငံကေနျပန္လည္ဝင္ေရာက္ဖို႔ စာရင္းအရ လူဦးေရ ၂၆၈၉၉ဦး စာရင္းရွိၿပီး လက္ရွိျပန္လည္ဝင္ေရာက္လာသူ ၇၂ဦးရွိၿပီး က်န္လူဦးေရ(၂၆၈၂၇)ဦးက ထိုင္းႏိုင္ငံဘက္က ေမလကုန္မွပဲ တရားဝင္ျပန္လႊတ္မယ္လို႔ သတင္းရထားပါတယ္။၎အျပင္ တ႐ုတ္ႏိုင္ငံကေန ျပန္လည္ဝင္ေရာက္ဖို႔ စာရင္းအရ လူဦးေရ၉၈၁၆ဦး စာရင္းရွိၿပီး လက္ရွိျပန္လည္ဝင္ေရာက္လာသူ၄၉၇၈ဦးရွိခဲ့ၿပီး ထပ္မံဝင္ေရာက္ဖို႔ ၄၈၃၈ဦးရွိေၾကာင္းကို စာရင္းအရ သိရပါတယ္”ဟု မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ေျပာသည္။


မေကြးတိုင္းေဒသႀကီးအတြင္း လက္ရွိေစာင့္ၾကည့္ခံရသူ(၁၄၂၄၈)ဦးရွိၿပီး ေစာင့္ၾကည့္ရက္ျပည့္၍ Quarantine စင္တာမ်ားမွ ျပန္လည္ေစလႊတ္ခဲ့သူ၁၉၀၂၁ဦးရွိၿပီျဖစ္သည္။လက္ရွိ ေဆး႐ုံႏွင့္စာသင္ေက်ာင္း/တကၠသိုလ္မ်ားတြင္ သံသယလူနာ၆ဦးရွိၿပီး သံသယလူနာအျဖစ္စစ္ေဆးၿပီး ေရာဂါပိုးမေတြ႕ရွိသျဖင့္ ျပန္လည္ေစလႊတ္ခဲ့သူ၃၁ဦးရွိသည္။မေကြးတိုင္းအတြင္း ေရာဂါပိုးေတြ႕ရွိခဲ့သူ၂ဦးရွိ၍ ပထမလူနာအမွတ္(၅၃)မွာေမ၃ရက္တြင္ ေဆး႐ုံမွဆင္းခြင့္ရရွိခဲ့ကာ ၿမိဳ႕သစ္ၿမိဳ႕နယ္အထက(၁)ေက်ာင္းတြင္ Facility Quarantine(၇)ရက္၊ ေနအိမ္တြင္ Home Quarantine (၇)ရက္ေစာင့္ၾကည့္ခဲ့ၿပီး ေမ၁၇ရက္တြင္ က်န္းမာေရးေကာင္းမြန္စြာျဖင့္ ျပန္လည္ေစလႊတ္ခဲ့သည္။



လက္ရွိ မေကြးၿမိဳ႕ သင္ၾကားေရးေဆး႐ုံႀကီးတြင္ မေလးရွားႏိုင္ငံမွျပန္လည္ဝင္ေရာက္လာသူ လူနာအမွတ္(၁၈၉)တစ္ဦးသာ ရွိေၾကာင္း မေကြးတိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရသည္။”ထိုင္းႏိုင္ငံမွျပန္လည္ဝင္ေရာက္လာသူေတြအတြက္ Quarantine ထားရွိဖို႔ျပင္ဆင္ေဆာင္႐ြက္ထားပါတယ္။ Quarantine ဝင္တဲ့ သူေတြရဲ႕ စားေသာက္ေရးကို တိုင္းေဒသႀကီးအစိုးရက တစ္ရက္ကိုတစ္ဦးလွ်င္ ၃၅၀ဝက်ပ္ႏႈန္းနဲ႔ေထာက္ပံ့ေပးသြားမွာျဖစ္သလို က်န္းမာေရးေစာင့္ေရွာက္မႈေတြပါ ေဆာင္႐ြက္ေပးသြားမွာျဖစ္ပါတယ္”ဟု မင္းဘူးၿမိဳ႕ အထက(၁)ေက်ာင္းရွိ Quarantine စင္တာမွ အမွတ္(၄)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးဦးစိန္ေသာင္းက ေျပာသည္။

#mmtimes

Post a Comment

Previous Post Next Post