(Unicode)

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံတရားရုံးက ကလေးငယ်များကို တောင်းရမ်းစားသောက်ခိုင်းသည့် ဖခင်(၂)ဦးအား ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေဖြင့် အလုပ်နှင့်ထောင်(၁)နှစ်စီကျခံစေရန် အမိန့်ချလိုက်ကြောင်းသိရသည်။



ပြီးခဲ့သည့် မေလ ၂၅ ရက်တွင် ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်အတွင်း (၄)နှစ်အရွယ် မောင်—–နှင့် (၆)နှစ်အရွယ် မောင်——တို့ (၂) ဦးမှာ ယင်းတို့၏ ဖခင်များခိုင်းသည့်အတိုင်းငွေကြေးတောင်းခံမှုများပြု လုပ်နေကြောင်း သတင်းရရှိသည့် ချမ်းအေးသာစံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။



ငွေကြေးတောင်းခံခိုင်းသူများမှာ ကလေးငယ်တို့၏ ဖခင်များဖြစ်ကြသည့် သိန်းဆု(၃၂)နှစ်နှင့် ဝင်းနိုင် (၄၅)နှစ်တို့ဖြစ်ကြောင်းဟုတ်မှန်သဖြင့် ချမ်းအေးသာစံမြို့မရဲစခန်းတွင် ကလေး သူငယ်အခွင့်အရေး များဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။



ယခုအခါယင်းတို့နှစ်ဦးအား တရားရုံးက စစ်ဆေးကာ ပြစ်မှုထင်ရှားသဖြင့် အလုပ်နှင့်ထောင်(၁)နှစ်စီကျခံစေ ရန် ချမ်းအေးသာစံတရားရုံးကအမိန့်ချခဲ့ခြင်းကြောင်းသိရသည်။

ဓါတ်ပုံ-ရဲတပ်ဖွဲ့

(Zawgyi)

မႏၲေလးတိုင္းေဒသႀကီး ခ်မ္းေအးသာစံတရား႐ုံးက ကေလးငယ္မ်ားကို ေတာင္းရမ္းစားေသာက္ခိုင္းသည့္ ဖခင္(၂)ဦးအား ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာဥပေဒျဖင့္ အလုပ္ႏွင့္ေထာင္(၁)ႏွစ္စီက်ခံေစရန္ အမိန႔္ခ်လိုက္ေၾကာင္းသိရသည္။



ၿပီးခဲ့သည့္ ေမလ ၂၅ ရက္တြင္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ေဟမာဇလရပ္ကြက္အတြင္း (၄)ႏွစ္အ႐ြယ္ ေမာင္—–ႏွင့္ (၆)ႏွစ္အ႐ြယ္ ေမာင္——တို႔ (၂) ဦးမွာ ယင္းတို႔၏ ဖခင္မ်ားခိုင္းသည့္အတိုင္းေငြေၾကးေတာင္းခံမႈမ်ားျပဳ လုပ္ေနေၾကာင္း သတင္းရရွိသည့္ ခ်မ္းေအးသာစံၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕ဝင္မ်ား သြားေရာက္စစ္ေဆးခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။



ေငြေၾကးေတာင္းခံခိုင္းသူမ်ားမွာ ကေလးငယ္တို႔၏ ဖခင္မ်ားျဖစ္ၾကသည့္ သိန္းဆု(၃၂)ႏွစ္ႏွင့္ ဝင္းႏိုင္ (၄၅)ႏွစ္တို႔ျဖစ္ေၾကာင္းဟုတ္မွန္သျဖင့္ ခ်မ္းေအးသာစံၿမိဳ႕မရဲစခန္းတြင္ ကေလး သူငယ္အခြင့္အေရး မ်ားဆိုင္ရာဥပေဒျဖင့္ အမႈဖြင့္အေရးယူခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။



ယခုအခါယင္းတို႔ႏွစ္ဦးအား တရား႐ုံးက စစ္ေဆးကာ ျပစ္မႈထင္ရွားသျဖင့္ အလုပ္ႏွင့္ေထာင္(၁)ႏွစ္စီက်ခံေစ ရန္ ခ်မ္းေအးသာစံတရား႐ုံးကအမိန႔္ခ်ခဲ့ျခင္းေၾကာင္းသိရသည္။

ဓါတ္ပုံ-ရဲတပ္ဖြဲ႕

Post a Comment

Previous Post Next Post