(Unicode)

ရန်ကုန်တိုင်းဒေသကြီး မြောက်ဉက္ကလာပမြို့နယ်ရဲစခန်း၏ ပထမသတင်းပေးတိုင်ချက်အမှတ် ၉၈၂/၂၀၂၀၊ လက်နက်ငယ်ဉပဒေပုဒ်မ(၂၀)အမှုမှ ကွင်းဆက်တရားခံဟုယူဆရသူအား မြဝတီမြို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ.... မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့စခန်း၏ပထမသတင်းပေးတိုင်ချက်အမှတ် ၉၈၂/၂၀၂၀၊ လက်နက်ငယ်ဉပဒေပုဒ်မ(၂၀)အမှုမှ ကွင်းဆက်တရားခံဟုယူဆရသူသည်


ပြုံးမောင်မောင်(ခ)ဆံရှည်(၃၂)နှစ်(ဘ)ဦးသန်းဦးအား
ကရင်ပြည်နယ် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဇီးတောဂိတ်တွင်ရောက်ရှိနေထိုင်ကြောင်းသတင်းအရ

၂၀၂၀ခုနှစ်၊မေလ(၆)ရက်နေ့၊ ညနေပိုင်းတွင်၊ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသက်လင်းဦး ဦးစီးသောတပ်ဖွဲ့ဝင်များနှင့် မှုခင်းရဲတပ်ဖွဲ့မှ ရဲမှူးသန်းမြင့်ဇော်ပါတပ်ဖွဲ့ဝင်များမှ သွားရောက် ဖမ်းဆီးခဲ့ပြီး...


ယင်းနေ့ညတွင်ပင် အမှုမှတရားခံဟုယူဆရသူအား ရန်ကုန်တိုင်းဒေသကြီးသို့ပို့ဆောင်ရန်ဆက်လက်ထွက်ခွာသွားကြောင်းသိရသည်။

#မြတ်ကို(ဒေါနမြေ)

(Zawgyi)








#မြတ်ကို(ဒေါနမြေ)

Post a Comment

Previous Post Next Post