(Unicode)

အခြေခံပညာစာသင်ကျောင်းများကို ၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်း၌ ဖွင့်လှစ်သွားမည်ဖြစ်သဖြင့် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိCommunity Based Facility Quarantine ဖွင့်လှစ်ထား သည့် ကျောင်းများအားလုံး ပြန်လည်အပ်နှံရေးညွှန်ကြားစာတစ်စောင်ကို အစိုးရမှ ယခုလ ၁၃ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။



အခြေခံပညာကျောင်းများတွင် Quarantine ဝင်နေသူများမှလွဲပြီး ထပ်မံဝင်ရောက်ရမည့်သူများကို သက်ဆိုင် ရာမြို့နယ်အလိုက် ပြည်ထောင်စုဝန်ကြီးဌာနပိုင်အဆောက်အဦများ၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်ကော်လိပ်ဒီဂရီအဆောက်အဦးများတွင် နေရာချထားရမည်ဖြစ်ကြောင်းလည်း ညွှန်ကြားစာတွင် ပါရှိသည်။

Community Based Facility Quarantine အဖြစ်ပြုလုပ်ထားသည့် အခြေခံပညာကျောင်းများအားလုံးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ညွှန်ကြားချက်နှင့်အညီ ပိုးသတ်ဆေးများဖျန်းပြီး ဇူလိုင်လ ၁၅ ရက် နောက်ဆုံးအပြီး ပြုလုပ်ကာပညာရေးဝန်းကြီးဌာနသို့ ပြန်လည်လွှဲပြောင်းပေးရမည်လည်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးတွင် Community Based Facility Quarantine အဖြစ်ပြုလုပ်ထားသည့် အခြေခံပညာ ကျောင်းစုစုပေါင်း ခြောက်ထောင်ကျော်ရှိကြောင်းလည်း ညွှန်ကြားစာအရသိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် Covid-19 ရောဂါ အတွက် ကာကွယ်ဆေးမရှိသေးသော်လည်း အခြေခံပညာကျောင်းများကို ပြည်လည်ဖွင့်လှစ်ရမည်ဟု ပြောဆို ခဲ့ပြီးနောက် ယခုလိုညွှန်ကြားစာများထွက်ပေါ်လာခြင်းဖြစ်ကာ အခြေခံပညာကျောင်းများဖွင့်လှစ်မည့်အပေါ် ကျောင်းသားမိဘများက စိုးရိမ်လျှက်ရှိကာ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ယင်းကိစ္စအပေါ် ဝေဖန်မှု များဖြစ်ပေါ်လျက်ရှိသည်။

Credit #PeopleMedia

(Zawgyi)

အေျခခံပညာစာသင္ေက်ာင္းမ်ားကို ၂၀၂၀ ခုႏွစ္ ဇူလိုင္လအတြင္း၌ ဖြင့္လွစ္သြားမည္ျဖစ္သျဖင့္ ေနျပည္ေတာ္ ေကာင္စီ၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးရွိCommunity Based Facility Quarantine ဖြင့္လွစ္ထား သည့္ ေက်ာင္းမ်ားအားလံုး ျပန္လည္အပ္ႏွံေရးၫႊန္ၾကားစာတစ္ေစာင္ကို အစိုးရမွ ယခုလ ၁၃ရက္ ရက္စြဲျဖင့္ ထုတ္ျပန္လိုက္သည္။



အေျခခံပညာေက်ာင္းမ်ားတြင္ Quarantine ၀င္ေနသူမ်ားမွလြဲၿပီး ထပ္မံ၀င္ေရာက္ရမည့္သူမ်ားကို သက္ဆိုင္ ရာၿမိဳ႕နယ္အလိုက္ ျပည္ေထာင္စု၀န္ႀကီးဌာနပိုင္အေဆာက္အဦမ်ား၊ အဆင့္ျမင့္ပညာဦးစီးဌာနေအာက္ရွိ တကၠသိုလ္ေကာ္လိပ္ဒီဂရီအေဆာက္အဦးမ်ားတြင္ ေနရာခ်ထားရမည္ျဖစ္ေၾကာင္းလည္း ၫႊန္ၾကားစာတြင္ ပါရွိသည္။

Community Based Facility Quarantine အျဖစ္ျပဳလုပ္ထားသည့္ အေျခခံပညာေက်ာင္းမ်ားအားလံုးကို က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန၏ၫႊန္ၾကားခ်က္ႏွင့္အညီ ပိုးသတ္ေဆးမ်ားဖ်န္းၿပီး ဇူလိုင္လ ၁၅ ရက္ ေနာက္ဆံုးအၿပီး ျပဳလုပ္ကာပညာေရး၀န္းႀကီးဌာနသို႔ ျပန္လည္လႊဲေျပာင္းေပးရမည္လည္းျဖစ္သည္။



ျမန္မာတစ္ႏိုင္ငံလံုးတြင္ Community Based Facility Quarantine အျဖစ္ျပဳလုပ္ထားသည့္ အေျခခံပညာ ေက်ာင္းစုစုေပါင္း ေျခာက္ေထာင္ေက်ာ္ရွိေၾကာင္းလည္း ၫႊန္ၾကားစာအရသိရသည္။ ၿပီးခဲ့သည့္ရက္ပိုင္းက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က လူမႈကြန္ရက္စာမ်က္ႏွာမွတစ္ဆင့္ Covid-19 ေရာဂါ အတြက္ ကာကြယ္ေဆးမရွိေသးေသာ္လည္း အေျခခံပညာေက်ာင္းမ်ားကို ျပည္လည္ဖြင့္လွစ္ရမည္ဟု ေျပာဆို ခဲ့ၿပီးေနာက္ ယခုလိုၫႊန္ၾကားစာမ်ားထြက္ေပၚလာျခင္းျဖစ္ကာ အေျခခံပညာေက်ာင္းမ်ားဖြင့္လွစ္မည့္အေပၚ ေက်ာင္းသားမိဘမ်ားက စိုးရိမ္လွ်က္ရွိကာ လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္လည္း ယင္းကိစၥအေပၚ ေ၀ဖန္မႈ မ်ားျဖစ္ေပၚလ်က္ရွိသည္။

Credit #PeopleMedia

Post a Comment

Previous Post Next Post