(Unicode)

ပုံ့က အညတရ မိန်းကလေးပါ… နံမည်လဲမကြီး ဂုဏ်လဲမကျော်ဇော်တာမို့ အလှုငွေလဲ အများကြီးမရပါဘူး…ပုံ့ အမြဲ အခက်အခဲလေး တွေကို ညည်းပြ အလှုခံပြီး ရလာတဲ့ ငွေလေးကို ခြစ်ခြစ်ကုတ်ကုတ် စနစ်တကျစုပြီး အဘိုးအဖွားတွေကို ကောင်းကောင်းလေးထားပြီး စောင့်ရှောက်ခဲ့ပါတယ်…ပုံ့ ရိုးရိုးသားသားလေးဘဲ ရပ်တည်ခဲ့လို့ အေးချမ်းရပေမဲ့ အညတရမို့ အခက်အခဲတွေတော့ အများကြီးရင်ဆိုင် ရပါတယ်…။

ခုလဲ ပုံ့ရိပ်သာလေး စားဝတ်နေရေးအခက်အခဲကြုံနေရပါပြီ…ပုံ့တို့ကို တတ်နိုင်သလောက်လေး ကူညီပေးကြပါလို့ မေတ္တာရပ်ခံ အလှုခံပါ ရစေရှင်….မလှုဖြစ်သေးရင်လဲ ဒီပိုစ့်လေးကို အလှုရှင်တွေသိအောင် ကူညီပြီး Share ပေးပါလို့ တောင်းဆိုပါရစေရှင်…… ပုံ့တို့ရိပ်သာလေး အရမ်းကိုကြပ်တည်းလာနေလို့ အလှုလေးခံပါရစေရှင်…ကိုယ်ပိုင်လုပ်ငန်းရှိတဲ့ မိသားစုတွေတောင် ဒီအချိန်မှာခက်ခဲနေကြတာ…ပုံ့တို့လို သူများ လှုမှ တန်းမှ စားရတဲ့ ရိပ်သာလို နေရာမျိုးအတွက်တော့ စားဝတ်နေရေး အရမ်းကို ကြပ်တည်းလွန်းလို့ ချေးငှား၊ ကြွေးခံပြီးတောင် ဖြေရှင်းရတော့မယ် အနေအထားပါရှင်….။

                     

ပုံ့တို့ ရိပ်သာမှာရှိတဲ့ အဘိုးအဖွားနဲ့ ကလေး စုစုပေါင်း ၁၀၀ ကျော်ရဲ့ တလ ပျမ်းမျှ ကုန်ကျငွေက သိန်း ၈၀ နဲ့ ၁၀၀ ကြားရှိပါတယ်ရှင်.. ။.ဆန်၊ ဆီ အပါအဝင်ဆို စားစရိတ်တင် တလလျှင် ကုန်ကျစရိတ် သိန်း ၅၀ ကျော်ရှိတာပါ…။ဝန်ထမ်းလစာ၊ ဆေးဖိုး၊ မီတာခ၊ ဆေးရုံစရိတ်၊ သန့်ရှင်းရေး ပစ္စည်းဖိုး စတာတွေကလဲ မထွက်မဖြစ်ထွက်နေရတဲ့အရာတွေမို့ ၈၂ သိန်းဆိုတဲ့လဟာ အနည်းဆုံးလပါ…. ပုံ့တို့ ကပ်ရောဂါ ကြီး စတင်ချိန်မှစပြီး တလကျော်လောက်တော့ အလှုရှင်တွေကလဲ တဖွဲဖွဲလေးလာသေးတော့ ဒီစရိတ်တွေကို ထိန်းထားနိုင်ခဲ့ပါတယ်…။

ဒါပေမဲ့ ဒီလတော့ အဘိုးအဖွားတို့ စားဖို့ တနေ့တာ အာဟာရဒါနတောင် ၁၀ ရက် ခန့်သာ အလှုရှင်ရှိပါတယ်… ပိုက်ဆံမရှိပေမဲ့ ဂီလာန တွေကြီးဘဲမို့ ဆေးနဲ့ လူနဲ့လဲပြတ်လို့ မဖြစ်တာကြောင့် အောက်မှာပြထားသလို ဒီလအတွက် ကုန်ကျတဲ့ ဆေးစရိတ်တွေကိုလည်း မပေး နိုင်လို့ အကြွေး ထားထားရပါတယ်… မီတာခကလဲ ဒီလ ဘာဖြစ်တယ် မသိပါဘူး…စုစုပေါင်း ၆ သိန်းကျော်တောင် ကျပါတယ်… ။အရင်လ တွေက ၄ သိန်းကျော်သာ ကျတာပါ… မနက်ဖြန်ဆို မီတာခ ဆောင်ရတော့မှာပါ…။

ဒါပေမဲ့ ပုံ့တို့မှာ ဆောင်စရာငွေမရှိ ပါဘူး…ဘဏ်ကထုတ်ရပါအုံးမယ်…။ပုံ့က ရသမျှ ငွေလေးတွေကို ခြစ်ခြစ် ကုတ်ကုတ်စုပြီး ရိပ်သာ လေးကို အခိုင်အမာဖြစ်အောင် အရင်ဆောက်ခဲ့တာပါ…လမ်းဘေးမှာ ပူလောင်ခဲ့ရသူတွေကို လုံလုံခြုံခြုံအေးအေးချမ်းချမ်းလေး နေစေ ချင်ခဲ့တာပါ…။ဒါကြောင့် ရိပ်သာလေးကြည့်ရင်တော့ အဟန့်လေးရှိပြီး အထင်ကြီးစရာပါ…ဒါပေမဲ့ ရသမျှငွေဟာ ရိပ်သာဆောက်ရတာ ရယ်…တည် ထောင်ကာစ ရိပ်သာဖြစ်တာရယ်ကြောင့် ပုံ့တို့မှာ ဘဏ်မှာအပ်ရတဲ့ ငွေပိုငွေလျှံရယ်လို့ များများစားစားမရှိနေပါဘူး…။



ဒီလိုသာထုတ်သုံးနေရရင် လအနည်းငယ်နဲ့ ဟိုးရိပ်သာစဆောက်တုံးကလို ပုံ့တို့ ဖလားတွေကိုင် လမ်းပေါ်ထွက်ရတော့မှာပါ…. ။တချို့ သူတွေကပြောပါတယ်… ရိပ်သာဆောက်ချိန်ဆို အလှုရှင်ရတယ်၊ ပြီးရင် အလှုရှင်နည်းသွားရောတဲ့…ဒါကြောင့် ငွေကို အရင်စုဖို့ စုတ်စုတ် ပြတ်ပြတ်နေရတဲ့ အဘိုးမဖွားတွေဘဝကို ပြပြီး အလှုခံခိုင်းပါတယ်…ပုံ့ အဲ့လို မလုပ်ခဲ့ပါဘူး… ပုံ့ ကောင်းကောင်းထားချင်လို့ စောင့် ရှောက်ခဲ့တာပါ…။

ငွေရှိလဲ သူတို့တွေ ဆင်းရဲနေရင် အဲ့ငွေကို ပိုင်ဆိုင်ထားတာဟာ အလကားပါ…ဒါကြောင့် အစုတ်ဘဝက အမြန်ဆုံးရုန်းထွက် ခဲ့ပါတယ်… ။နောက်ပြီး အလှုရှင်တွေက ရိပ်သာဆောက်ဖို့လှုတာ ဆောက်တဲ့အထဲဘဲ ပုံ့သုံးချင်ပါတယ်….။


အဓိက လိုအပ်နေတာကတော့…

-ငွေကြေး(ဝန်ထမ်းလစာ၊ မီတာခ စသည်များ ဖြေရှင်းရန်…)

-ဆေးဖိုး။-ဆန်။-ဆီ။-နို့မှုန့်။-ဒိုက်ပါ။-တနေ့တာ အာဟာရဒါန နှင့်-သန့်ရှင်းရေးပစ္စည်း တွေ ဖြစ်ပါတယ်ရှင်….။

မသင်းရွှေစင်လှိုင် 09795929849, ။ 09791770770 ။ 09773333368

REF: THIN SHWE SIN HLAING

(Zawgyi)

ပုံ႔က အညတရ မိန္းကေလးပါ… နံမည္လဲမႀကီး ဂုဏ္လဲမေက်ာ္ေဇာ္တာမို႔ အလႈေငြလဲ အမ်ားႀကီးမရပါဘူး…ပုံ႔ အၿမဲ အခက္အခဲေလး ေတြကို ညည္းျပ အလႈခံၿပီး ရလာတဲ့ ေငြေလးကို ျခစ္ျခစ္ကုတ္ကုတ္ စနစ္တက်စုၿပီး အဘိုးအဖြားေတြကို ေကာင္းေကာင္းေလးထားၿပီး ေစာင့္ေရွာက္ခဲ့ပါတယ္…ပုံ႔ ႐ိုး႐ိုးသားသားေလးဘဲ ရပ္တည္ခဲ့လို႔ ေအးခ်မ္းရေပမဲ့ အညတရမို႔ အခက္အခဲေတြေတာ့ အမ်ားႀကီးရင္ဆိုင္ ရပါတယ္…။

ခုလဲ ပုံ႔ရိပ္သာေလး စားဝတ္ေနေရးအခက္အခဲႀကဳံေနရပါၿပီ…ပုံ႔တို႔ကို တတ္ႏိုင္သေလာက္ေလး ကူညီေပးၾကပါလို႔ ေမတၱာရပ္ခံ အလႈခံပါ ရေစရွင္….မလႈျဖစ္ေသးရင္လဲ ဒီပိုစ့္ေလးကို အလႈရွင္ေတြသိေအာင္ ကူညီၿပီး Share ေပးပါလို႔ ေတာင္းဆိုပါရေစရွင္…… ပုံ႔တို႔ရိပ္သာေလး အရမ္းကိုၾကပ္တည္းလာေနလို႔ အလႈေလးခံပါရေစရွင္…ကိုယ္ပိုင္လုပ္ငန္းရွိတဲ့ မိသားစုေတြေတာင္ ဒီအခ်ိန္မွာခက္ခဲေနၾကတာ…ပုံ႔တို႔လို သူမ်ား လႈမွ တန္းမွ စားရတဲ့ ရိပ္သာလို ေနရာမ်ိဳးအတြက္ေတာ့ စားဝတ္ေနေရး အရမ္းကို ၾကပ္တည္းလြန္းလို႔ ေခ်းငွား၊ ေႂကြးခံၿပီးေတာင္ ေျဖရွင္းရေတာ့မယ္ အေနအထားပါရွင္….။

ပုံ႔တို႔ ရိပ္သာမွာရွိတဲ့ အဘိုးအဖြားနဲ႔ ကေလး စုစုေပါင္း ၁၀၀ ေက်ာ္ရဲ႕ တလ ပ်မ္းမွ် ကုန္က်ေငြက သိန္း ၈၀ နဲ႔ ၁၀၀ ၾကားရွိပါတယ္ရွင္.. ။.ဆန္၊ ဆီ အပါအဝင္ဆို စားစရိတ္တင္ တလလွ်င္ ကုန္က်စရိတ္ သိန္း ၅၀ ေက်ာ္ရွိတာပါ…။ဝန္ထမ္းလစာ၊ ေဆးဖိုး၊ မီတာခ၊ ေဆး႐ုံစရိတ္၊ သန္႔ရွင္းေရး ပစၥည္းဖိုး စတာေတြကလဲ မထြက္မျဖစ္ထြက္ေနရတဲ့အရာေတြမို႔ ၈၂ သိန္းဆိုတဲ့လဟာ အနည္းဆုံးလပါ…. ပုံ႔တို႔ ကပ္ေရာဂါ ႀကီး စတင္ခ်ိန္မွစၿပီး တလေက်ာ္ေလာက္ေတာ့ အလႈရွင္ေတြကလဲ တဖြဲဖြဲေလးလာေသးေတာ့ ဒီစရိတ္ေတြကို ထိန္းထားႏိုင္ခဲ့ပါတယ္…။

ဒါေပမဲ့ ဒီလေတာ့ အဘိုးအဖြားတို႔ စားဖို႔ တေန႔တာ အာဟာရဒါနေတာင္ ၁၀ ရက္ ခန္႔သာ အလႈရွင္ရွိပါတယ္… ပိုက္ဆံမရွိေပမဲ့ ဂီလာန ေတြႀကီးဘဲမို႔ ေဆးနဲ႔ လူနဲ႔လဲျပတ္လို႔ မျဖစ္တာေၾကာင့္ ေအာက္မွာျပထားသလို ဒီလအတြက္ ကုန္က်တဲ့ ေဆးစရိတ္ေတြကိုလည္း မေပး ႏိုင္လို႔ အေႂကြး ထားထားရပါတယ္… မီတာခကလဲ ဒီလ ဘာျဖစ္တယ္ မသိပါဘူး…စုစုေပါင္း ၆ သိန္းေက်ာ္ေတာင္ က်ပါတယ္… ။အရင္လ ေတြက ၄ သိန္းေက်ာ္သာ က်တာပါ… မနက္ျဖန္ဆို မီတာခ ေဆာင္ရေတာ့မွာပါ…။

ဒါေပမဲ့ ပုံ႔တို႔မွာ ေဆာင္စရာေငြမရွိ ပါဘူး…ဘဏ္ကထုတ္ရပါအုံးမယ္…။ပုံ႔က ရသမွ် ေငြေလးေတြကို ျခစ္ျခစ္ ကုတ္ကုတ္စုၿပီး ရိပ္သာ ေလးကို အခိုင္အမာျဖစ္ေအာင္ အရင္ေဆာက္ခဲ့တာပါ…လမ္းေဘးမွာ ပူေလာင္ခဲ့ရသူေတြကို လုံလုံၿခဳံၿခဳံေအးေအးခ်မ္းခ်မ္းေလး ေနေစ ခ်င္ခဲ့တာပါ…။ဒါေၾကာင့္ ရိပ္သာေလးၾကည့္ရင္ေတာ့ အဟန္႔ေလးရွိၿပီး အထင္ႀကီးစရာပါ…ဒါေပမဲ့ ရသမွ်ေငြဟာ ရိပ္သာေဆာက္ရတာ ရယ္…တည္ ေထာင္ကာစ ရိပ္သာျဖစ္တာရယ္ေၾကာင့္ ပုံ႔တို႔မွာ ဘဏ္မွာအပ္ရတဲ့ ေငြပိုေငြလွ်ံရယ္လို႔ မ်ားမ်ားစားစားမရွိေနပါဘူး…။

ဒီလိုသာထုတ္သုံးေနရရင္ လအနည္းငယ္နဲ႔ ဟိုးရိပ္သာစေဆာက္တုံးကလို ပုံ႔တို႔ ဖလားေတြကိုင္ လမ္းေပၚထြက္ရေတာ့မွာပါ…. ။တခ်ိဳ႕ သူေတြကေျပာပါတယ္… ရိပ္သာေဆာက္ခ်ိန္ဆို အလႈရွင္ရတယ္၊ ၿပီးရင္ အလႈရွင္နည္းသြားေရာတဲ့…ဒါေၾကာင့္ ေငြကို အရင္စုဖို႔ စုတ္စုတ္ ျပတ္ျပတ္ေနရတဲ့ အဘိုးမဖြားေတြဘဝကို ျပၿပီး အလႈခံခိုင္းပါတယ္…ပုံ႔ အဲ့လို မလုပ္ခဲ့ပါဘူး… ပုံ႔ ေကာင္းေကာင္းထားခ်င္လို႔ ေစာင့္ ေရွာက္ခဲ့တာပါ…။

ေငြရွိလဲ သူတို႔ေတြ ဆင္းရဲေနရင္ အဲ့ေငြကို ပိုင္ဆိုင္ထားတာဟာ အလကားပါ…ဒါေၾကာင့္ အစုတ္ဘဝက အျမန္ဆုံး႐ုန္းထြက္ ခဲ့ပါတယ္… ။ေနာက္ၿပီး အလႈရွင္ေတြက ရိပ္သာေဆာက္ဖို႔လႈတာ ေဆာက္တဲ့အထဲဘဲ ပုံ႔သုံးခ်င္ပါတယ္….။


အဓိက လိုအပ္ေနတာကေတာ့…

-ေငြေၾကး(ဝန္ထမ္းလစာ၊ မီတာခ စသည္မ်ား ေျဖရွင္းရန္…)

-ေဆးဖိုး။-ဆန္။-ဆီ။-ႏို႔မႈန္႔။-ဒိုက္ပါ။-တေန႔တာ အာဟာရဒါန ႏွင့္-သန္႔ရွင္းေရးပစၥည္း ေတြ ျဖစ္ပါတယ္ရွင္….။

မသင္းေ႐ႊစင္လႈိင္ 09795929849, ။ 09791770770 ။ 09773333368

REF: THIN SHWE SIN HLAING

Post a Comment

Previous Post Next Post