(Unicode)

မေလ(၁၆)ရက်နေ့ကနေ (၂၃)ရက်နေ့မနက်ပိုင်းအထိ ပိုးတွေ့လူနာ (၂၀)ဦးမှာ (၁၉)ဦးကပြည်ပကပြန်လာတဲ့သူတွေဖြစ်ပါတယ်။ပြည်ပကပြန်လာတဲ့သူတွေကို မြန်မာနိုင်ငံကို ပြန်လည်အဝင်ခံတဲ့အခါမှာ ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးမှုတွေကို တစ်ဖက်နိုင်ငံမှာကတည်းကမလုပ်ဆောင်ဘဲ မြန်မာနိုင်ငံရောက်မှသာလုပ်ဆောင်လျှက်ရှိပါတယ်။ အခုလို လုပ်ဆောင်ရခြင်းက တစ်ဖက်နိုင်ငံမှာ ရောဂါပိုးစစ်လို့ ပိုးတွေ့ခဲ့ရင် အဲဒီနိုင်ငံမှာပဲထားပြီး လူနာရဲ့ ကျန်းမာရေးစရိတ်တွေလည်းထည့်တွက်ရတာကြောင့် ကိုယ်နိုင်ငံပြန်ရောက်မှပဲ ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်ဆောင်နေတာပါလို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။



“ဘယ်နိုင်ငံကနေပြန်ဝင်လာလာ တစ်ဖက်နိုင်ငံမှာက အပူချိန်တိုင်းတာလောက်ပဲ လုပ်ဆောင်ပြီး ကိုယ့်နိုင်ငံတွင်းရောက်မှ ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်တာပါ။ အခုပြည်တော်ပြန်တွေထဲက ပိုးတွေ့လူနာတွေရှိလာပေမယ့် ကိုယ့်နိုင်ငံအတွင်းမှာဆိုတော့ သူတို့ကို ကုသမှုပေးနေရတဲ့အပိုင်းတွေမှာလည်း အခက်အခဲမရှိဘူးပေါ့နော်။ တစ်ဖက်နိုင်ငံမှာစစ်လို့ ရောဂါပိုးတွေ့ခဲ့ရင် ဒီဘက်ကို ပြန်လာလို့မရဘဲ အဲ့ဘက်မှာပဲ ဆေးကုသမှုခံယူနေရရင် သူများနိုင်ငံဖြစ်တဲ့အတွက် လူနာရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်တွေကိုပါ အားလုံးထည့်တွက်ရမှာတွေရှိတယ်” လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။ မေလဆန်းပိုင်းကစလို့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို မည်သူမဆို ပြန်လည်လက်ခံလျှက်ရှိပြီး ပြည်တော်ပြန်တွေထဲက ပိုးတွေ့လူနာတွေများလာတဲ့အတွက်ကြောင့် ပြည်တော်ပြန်တွေပြန်လည်ဝင်ရောက်မှုကို ပြန်လည်စိစစ်ဖို့ရှိတယ်လို့သိရပါတယ်။



ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်နေတဲ့ နိုင်ငံတွေကပြန်လာမယ့်သူတွေကို ပုံမှန်ထက် ထက်ဝက်လောက်သာလက်ခံဖို့ တာဝန်ရှိသူတွေညှိနှိုင်းမှုတွေလုပ်နေပြီး လာသမျှလူအားလုံးသာ လက်ခံနေမယ်ဆိုရင် ပိုးတွေ့လူနာတွေထပ်များလာနိုင်တယ်လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ COVID 19 ရောဂါကူးစက်ခံရသူတွေရဲ့ ထက်ဝက်ကျော်တွေက ရောဂါပျောက်ကင်းသွားပြီဖြစ်လို့ ပြည်တွင်းရောဂါကူးစက်မှုကိုတော့ ထိန်းချုပ်နိုင်မယ့်အခြေအနေမှာရှိနေပြီး ပြည်ပကပြန်လည်ဝင်ရေးက်လာမငတွေကို သေချာစိစစ်သွားမယ်လို့ဆိုပါတယ်။ မေလ(၂၃)ရက်နေ့ မနက်ပိုင်းထုတ်ပြန်ချက်အထိ မြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ (၂၀၁)ဦးရှိပြီး ပြန်လည်ကောင်းမွန်သူ (၁၁၆)ဦးရှိကာ သေဆုံးသူ (၆)ဦးရှိပါတယ်။

#Duwun

(Zawgyi)

ေမလ(၁၆)ရက္ေန႔ကေန (၂၃)ရက္ေန႔မနက္ပိုင္းအထိ ပိုးေတြ႕လူနာ (၂၀)ဦးမွာ (၁၉)ဦးကျပည္ပကျပန္လာတဲ့သူေတြျဖစ္ပါတယ္။ျပည္ပကျပန္လာတဲ့သူေတြကို ျမန္မာႏိုင္ငံကို ျပန္လည္အဝင္ခံတဲ့အခါမွာ ေရာဂါပိုးရွိ၊ မရွိ ဓာတ္ခြဲစစ္ေဆးမႈေတြကို တစ္ဖက္ႏိုင္ငံမွာကတည္းကမလုပ္ေဆာင္ဘဲ ျမန္မာႏိုင္ငံေရာက္မွသာလုပ္ေဆာင္လွ်က္ရွိပါတယ္။ အခုလို လုပ္ေဆာင္ရျခင္းက တစ္ဖက္ႏိုင္ငံမွာ ေရာဂါပိုးစစ္လို႔ ပိုးေတြ႕ခဲ့ရင္ အဲဒီႏိုင္ငံမွာပဲထားၿပီး လူနာရဲ႕ က်န္းမာေရးစရိတ္ေတြလည္းထည့္တြက္ရတာေၾကာင့္ ကိုယ္ႏိုင္ငံျပန္ေရာက္မွပဲ ဓာတ္ခြဲစစ္ေဆးမႈေတြလုပ္ေဆာင္ေနတာပါလို႔ က်န္းမာေရးအသိပညာျမႇင့္တင္ေရးဌာနခြဲမွ ဒုတိယၫႊန္ၾကားေရးမႉးေဒါက္တာသန္းႏိုင္စိုးက Duwun ကိုေျပာပါတယ္။



“ဘယ္ႏိုင္ငံကေနျပန္ဝင္လာလာ တစ္ဖက္ႏိုင္ငံမွာက အပူခ်ိန္တိုင္းတာေလာက္ပဲ လုပ္ေဆာင္ၿပီး ကိုယ့္ႏိုင္ငံတြင္းေရာက္မွ ဓာတ္ခြဲစစ္ေဆးမႈေတြလုပ္တာပါ။ အခုျပည္ေတာ္ျပန္ေတြထဲက ပိုးေတြ႕လူနာေတြရွိလာေပမယ့္ ကိုယ့္ႏိုင္ငံအတြင္းမွာဆိုေတာ့ သူတို႔ကို ကုသမႈေပးေနရတဲ့အပိုင္းေတြမွာလည္း အခက္အခဲမရွိဘူးေပါ့ေနာ္။ တစ္ဖက္ႏိုင္ငံမွာစစ္လို႔ ေရာဂါပိုးေတြ႕ခဲ့ရင္ ဒီဘက္ကို ျပန္လာလို႔မရဘဲ အဲ့ဘက္မွာပဲ ေဆးကုသမႈခံယူေနရရင္ သူမ်ားႏိုင္ငံျဖစ္တဲ့အတြက္ လူနာရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈ စရိတ္ေတြကိုပါ အားလုံးထည့္တြက္ရမွာေတြရွိတယ္” လို႔ ေဒါက္တာသန္းႏိုင္စိုးကေျပာပါတယ္။ ေမလဆန္းပိုင္းကစလို႔ ျပည္ပေရာက္ျမန္မာႏိုင္ငံသားေတြကို မည္သူမဆို ျပန္လည္လက္ခံလွ်က္ရွိၿပီး ျပည္ေတာ္ျပန္ေတြထဲက ပိုးေတြ႕လူနာေတြမ်ားလာတဲ့အတြက္ေၾကာင့္ ျပည္ေတာ္ျပန္ေတြျပန္လည္ဝင္ေရာက္မႈကို ျပန္လည္စိစစ္ဖို႔ရွိတယ္လို႔သိရပါတယ္။


ေရာဂါျဖစ္ပြားမႈအမ်ားဆုံးျဖစ္ေနတဲ့ ႏိုင္ငံေတြကျပန္လာမယ့္သူေတြကို ပုံမွန္ထက္ ထက္ဝက္ေလာက္သာလက္ခံဖို႔ တာဝန္ရွိသူေတြညႇိႏႈိင္းမႈေတြလုပ္ေနၿပီး လာသမွ်လူအားလုံးသာ လက္ခံေနမယ္ဆိုရင္ ပိုးေတြ႕လူနာေတြထပ္မ်ားလာႏိုင္တယ္လို႔ ေဒါက္တာသန္းႏိုင္စိုးကေျပာပါတယ္။ လက္ရွိျမန္မာႏိုင္ငံရဲ႕ COVID 19 ေရာဂါကူးစက္ခံရသူေတြရဲ႕ ထက္ဝက္ေက်ာ္ေတြက ေရာဂါေပ်ာက္ကင္းသြားၿပီျဖစ္လို႔ ျပည္တြင္းေရာဂါကူးစက္မႈကိုေတာ့ ထိန္းခ်ဳပ္ႏိုင္မယ့္အေျခအေနမွာရွိေနၿပီး ျပည္ပကျပန္လည္ဝင္ေရးက္လာမငေတြကို ေသခ်ာစိစစ္သြားမယ္လို႔ဆိုပါတယ္။ ေမလ(၂၃)ရက္ေန႔ မနက္ပိုင္းထုတ္ျပန္ခ်က္အထိ ျမန္မာႏိုင္ငံမွာ COVID 19 အတည္ျပဳလူနာ (၂၀၁)ဦးရွိၿပီး ျပန္လည္ေကာင္းမြန္သူ (၁၁၆)ဦးရွိကာ ေသဆုံးသူ (၆)ဦးရွိပါတယ္။



#Duwun

Post a Comment

Previous Post Next Post