(Unicode)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့က အသက် ၈၇နှစ်အရွယ် အဖွားဟာ COVID-19 ပျောက်ကင်းလို့ မေ(၉)ရက် ညနေပိုင်းက ဆေးရုံမှဆင်းခွင့်ပြုလိုက်ပါတယ်။


လူနာအမှတ်(၁၄၃) ဖြစ်တဲ့ အဲဒီအဖွားဟာ မူဆယ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူခဲ့တာဖြစ်ပြီး နောက်ဆုံး၂ကြိမ် ပေးပို့စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ‌တွေမှာ COVID-19ရောဂါပိုး မတွေ့ရှိတော့တာကြောင့် ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်တာဖြစ်တယ်လို့ ခရိုင်ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာ ဟန်နိုင်စိုးကပြောပါတယ်။



အဖွားကို အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း မူဆယ်မြို့ကျန်းမာရေးဝန်ထမ်းတွေကဝိုင်းဝန်းပြီး ကုသပေးခဲ့တာပါ။

သူဟာ ဒူဘိုင်းနိုင်ငံကို သွားရောက်လည်ပတ်ခဲ့တဲ့ ခရီးသွားရာဇဝင်ရှိသူ တစ်ယောက်ဖြစ်ပြီး ဧပြီ၂၄ရက်နေ့မှာ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။

မူဆယ်ဆေးရုံဟာ အတည်ပြုလူနာ မရှိခင်ချိန်ကတည်းက ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့ပေမယ့် သက်ကြီးလူနာဖြစ်ပြီး ဆီးချိုရောဂါအခံရှိတာ‌တွေကြောင့် စိတ်ပူခဲ့တယ်လို့ မူဆယ်ပြည်သူ့ဆေးရုံက သမားတော်ကြီး ဒေါက်တာတင်ဇာက ပြောပါတယ်။

ရုပ်သံကြည့်ရန်



အဖွားဟာ ဆေးရုံကနေ ဆင်းပြီးသွားတဲ့နောက်ပိုင်း ဟိုတယ်မှာ (၇)ရက်နဲ့ နေအိမ်မှာ(၇)ရက် အသွားအလာကန့်သတ် ကြည့်ရှုမှုခံယူသွားရမှာဖြစ်ပါတယ်။

သတင်း-မိုင်းဘဉာဏ်(ကွတ်ခိုင်)၊ထန်းထန်

(Zawgyi)

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕က အသက္ ၈၇ႏွစ္အ႐ြယ္ အဖြားဟာ COVID-19 ေပ်ာက္ကင္းလို႔ ေမ(၉)ရက္ ညေနပိုင္းက ေဆး႐ုံမွဆင္းခြင့္ျပဳလိုက္ပါတယ္။



လူနာအမွတ္(၁၄၃) ျဖစ္တဲ့ အဲဒီအဖြားဟာ မူဆယ္ၿမိဳ႕၊ ခ႐ိုင္ျပည္သူ႔ေဆး႐ုံမွာ ေဆးဝါးကုသမႈခံယူခဲ့တာျဖစ္ၿပီး ေနာက္ဆုံး၂ႀကိမ္ ေပးပို႔စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာ‌ေတြမွာ COVID-19ေရာဂါပိုး မေတြ႕ရွိေတာ့တာေၾကာင့္ ေဆး႐ုံကေန ဆင္းခြင့္ျပဳလိုက္တာျဖစ္တယ္လို႔ ခ႐ိုင္ျပည္သူ႔ေဆး႐ုံ အုပ္ႀကီး ေဒါက္တာ ဟန္ႏိုင္စိုးကေျပာပါတယ္။



အဖြားကို အားကစားႏွင့္က်န္းမာေရးဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္ခ်က္အတိုင္း မူဆယ္ၿမိဳ႕က်န္းမာေရးဝန္ထမ္းေတြကဝိုင္းဝန္းၿပီး ကုသေပးခဲ့တာပါ။

သူဟာ ဒူဘိုင္းႏိုင္ငံကို သြားေရာက္လည္ပတ္ခဲ့တဲ့ ခရီးသြားရာဇဝင္ရွိသူ တစ္ေယာက္ျဖစ္ၿပီး ဧၿပီ၂၄ရက္ေန႔မွာ ေရာဂါပိုး ေတြ႕ရွိခဲ့ပါတယ္။

မူဆယ္ေဆး႐ုံဟာ အတည္ျပဳလူနာ မရွိခင္ခ်ိန္ကတည္းက ႀကိဳတင္ျပင္ဆင္မႈေတြလုပ္ခဲ့ေပမယ့္ သက္ႀကီးလူနာျဖစ္ၿပီး ဆီးခ်ိဳေရာဂါအခံရွိတာ‌ေတြေၾကာင့္ စိတ္ပူခဲ့တယ္လို႔ မူဆယ္ျပည္သူ႔ေဆး႐ုံက သမားေတာ္ႀကီး ေဒါက္တာတင္ဇာက ေျပာပါတယ္။


အဖြားဟာ ေဆး႐ုံကေန ဆင္းၿပီးသြားတဲ့ေနာက္ပိုင္း ဟိုတယ္မွာ (၇)ရက္နဲ႔ ေနအိမ္မွာ(၇)ရက္ အသြားအလာကန႔္သတ္ ၾကည့္ရႈမႈခံယူသြားရမွာျဖစ္ပါတယ္။

သတင္း-မိုင္းဘဉာဏ္(ကြတ္ခိုင္)၊ထန္းထန္

Post a Comment

Previous Post Next Post