(Unicode)

အခုလို အရမ်းပူပြင်းတဲ့ ရာသီဥတုနဲ့ လူတိုင်းကြောက်စရာကောင်းတဲ့ ကိုဗစ် ကာလအတွင်းမှာ အခုလို လမ်းတကာသွားလာနေရတဲ့ ဒီအ မျိုးသမီးအတွက် တော်တော်ကို စိတ်မကောင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဝေဇယန္တာလူမှုကူညီရေးအသင်းကလည်း တတ်နိုင်သလောက် တော့ ထောက်ပံ့ ခဲ့ပါတယ်။

နောက်ထပ်လည်း ဒီသားအမိကို ကူညီထောက်ပံ့ လိုတဲ့ အလှူရှင်များလည်း ပေါ်ပေါက်လာစေချင်ပါတယ်။ ကူညီလှူဒါန်းမယ့် အလှူရှင် များ ပေါ်လာခဲ့ရင်လည်း ကျွန်တော်တို့ ဝေဇယန္တာလူမှုကူညီရေးအသင်းကို ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်” လို့ ဝေဇယန္တာလူမှုကူညီ ရေးအသင်း ဥက္ကဌ ဦးကျော်စွာမှ အခုလိုပြောပါတယ်။

ဤဒုက္ခသည် သားအမိသုံးယောက်အား စာနာပေး လှူ ကူညီပေးလိုသည့် စေတနာရှင် သူတော်ကောင်းတို့ အနေဖြင့် ဝေဇယန္တာလူမှုကူညီ ရေးအသင်း ဥက္ကဌ ဦးကျော်စွာ ဖုန်း – 09777462227 ထံ ဆက်သွယ်၍ ကိုယ်တိုင်ဖြစ်စေ ၊ အခြားနည်းဖြင့် ဖြစ်စေ စာနာဖေးကူ ပေးလှူ နိုင်ကြောင်း လေးစွာ အသိပေးလိုက်ပါတယ်။

ရပ်ကွက်လူကြီး ကလည်း ဒီရပ်ကွက်မှာ နေလို့မရဘူးဆိုပြီး မောင်းချတယ်၊ ယောက္ခမကလည်း မောင်းထုတ်တယ်၊ ခွေးမောင်းသလိုမောင်း ထုတ်ပါတယ်” ဟု ကာယကံရှင်ဖြစ်တဲ့ မဇင်မာက ပြောပါတယ်။မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ယခင် ကံကြီးကုန်းရွာဟောင်း ယခု (ဋ)ရပ်ကွက် ကနေ ယောက်ျားက မယားငယ်ယူသွားပြီး ယောက္ခမက အိမ်ပေါ်ကနှင့်ချလို့ ကလေးနှစ်ယောက်နဲ့ နေစရာစားစရာမရှိပါ။

အခုလို ကိုဗစ်အချိန် ပူပြင်းလှတဲ့ ကာလကြီးမှာ အိမ်တကာလှည့် လည် တောင်းရမ်း စားသောက်၊ ကလေးနှစ် ယောက်အတွက် စားဖို့ နို့မှုန့်ဖိုး ရဖို့ တောင်းရမ်း ကျွေးမွေးကာ ဘဝဒုက္ခကြီးစွာ ခံစားနေရတဲ့ မဇင်မာ ဆိုတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဋ) ရပ်ကွက် အပိုင်း-၉ တွင ်ဒေါ်မိုးမိုးဆိုသူ အမျိုးသမီး တစ်ဦးမှ ကူညီထားပါတယ်။


အသိတစ်ဦး ပိုင်ဆိုင်ပြီး လူမနေတဲ့ တဲငယ် တစ်ခုမှာ နေစေပြီး စားဖို့ကိုတော့ ယခင်လိုပဲ တောင်းရမ်း စားသောက်နေရတယ်လို့ သိရပါ တယ်။ အခုလို ကူကယ်ရာမဲစွာ စားရေးသောက်ရေး နေရေး ထိုင်ရေး ကျန်းမာရေးအစ ခက်ခဲရုန်းကန်နေရသည်ဟု ကြားသိရပြီး မန္တလေး မြို့ ဝေဇယန္တာလူမှုကူညီရေးအသင်းမှ သွားရောက်ကာ အလှူရှင်တို့ လှူဒါန်းသော ဆန်နှင့်ဆီ တို့အား လှူဒါန်းခဲ့ပါသည်။


(ဝေဇယန္တာလူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်စွာ မှ မေးမြန်းရိုက်ကူးထားခြင်းဖြစ်ပါတယ်)

#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

Credit : Alinn Myay

(Zawgyi)










Credit : Alinn Myay

Post a Comment

Previous Post Next Post