(Unicode)

မန္တလေးမြို့တွင် နေအိမ်တစ်ခုအတွင်း ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်သူ ၁၂ ဦး ထောင်ဒဏ်သုံးလစီ ကျခံစေရန် ချမ်းမြသာစည်မြို့နယ်တရားရုံးမှ မေ ၇ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် အမျိုးသား ၁၄ ဦးက ဘာသာရေးဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ရာ ၁၂ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၃၀(က)အရ ထောင်ဒဏ်သုံးလစီကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ကျန်နှစ်ဦးမှာ ကလေးသူငယ်များဖြစ် သဖြင့် ကလေးသူငယ် တရားရုံးတွင် သီးခြားတရားစွဲဆိုထားသည်။



” ဦးတင်စိုးပါ ၁၂ဦးကို သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ- ၃၀(က)နဲ့ တရားစွဲတင်လာတဲ့ အမှုဖြစ်တယ်။ အဲဒီမှာစွပ်စွဲလာသူ ၁၄ ဦးမှာ နှစ်ဦးက ကလေးသူငယ်တွေဖြစ်တယ်။ ဒါ‌ကြောင့် ၁၂ ဦးကိုပဲ ချမ်းမြသာစည်မြို့နယ်တရားရုံးမှာစွဲတင်ပြီး နှစ်ဦးကိုတော့ ကလေးသူငယ်တရားရုံးမှာ သီးခြားအမှုအနေနဲ့ စွဲတင်ထားပါတယ်။ တရားစွဲတင်တဲ့ မေလရရက်မှာပဲအမှုကိုစစ်ဆေးချက်အရ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ-၃၀(က)အရ စွဲချက်တင်ခဲ့တယ်။ စွပ်စွဲခံရသူ‌တွေကလည်း ဝန်ခံတဲ့အတွက်အလုပ်နဲ့ ထောင်ဒဏ် သုံးလစီကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်”ဟု ချမ်းမြသာစည်မြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိ၊ မြို့နယ်တရားသူကြီး ဦးကျော်စွာလင်းက ပြောကြားခဲ့သည်။



COVID-19 ရောဂါကူးစက်ပျံ့ပွားမှုမဖြစ်ပွားစေရန်အတွက် လူစုလူဝေးပွဲများမပြုလုပ်ရန် မန္တ‌လေးမြို့တွင် တားမြစ်မိန့်ထုတ်ပြန်ထားရာ ဧပြီ ၁၀ ရက်က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့ နယ်ရှိ ကံသာယာရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် အိမ်ရှင်အပါအဝင် အမျိုးသား ၁၄ ဦးသည် ဘာသာရေးဝတ်ပြု ဆုတောင်းမှုပြုလုပ်ခဲ့ကြ သဖြင့် အောင်ပင်လယ်နယ်မြေရဲစခန်းတွင် (ပ)၁၃၂/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ- ၂၆ဖြင့် အမှုဖွင့်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



ထို့နောက် မေ ၇ ရက်တွင် ၎င်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ-၃၀(က) ဖြင့်ပြောင်းလဲ၍ ချမ်းမြသာစည်မြို့နယ်တရားရုံးသို့ တရားစွဲတင်ခဲ့ရာ ၁၄ ဦးအနက် ၁၂ ဦးကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၃၀(က)ဖြင့်ထောင်ဒဏ်သုံးလစီကျခံစေရန် အမိန့်ချ မှတ်ခဲ့ခြင်းဖြစ် သည်။

(Zawgyi)

မႏၲေလးၿမိဳ႕တြင္ ေနအိမ္တစ္ခုအတြင္း ဝတ္ျပဳဆုေတာင္းပြဲ ျပဳလုပ္သူ ၁၂ ဦး ေထာင္ဒဏ္သုံးလစီ က်ခံေစရန္ ခ်မ္းျမသာစည္ၿမိဳ႕နယ္တရား႐ုံးမွ ေမ ၇ ရက္က အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သတင္းရရွိသည္။ မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ကံသာယာရပ္ကြက္ရွိ ေနအိမ္တစ္ခုတြင္ အမ်ိဳးသား ၁၄ ဦးက ဘာသာေရးဝတ္ျပဳဆုေတာင္းပြဲ ျပဳလုပ္ခဲ့ရာ ၁၂ ဦးကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒပုဒ္မ-၃၀(က)အရ ေထာင္ဒဏ္သုံးလစီက်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္ၿပီး က်န္ႏွစ္ဦးမွာ ကေလးသူငယ္မ်ားျဖစ္ သျဖင့္ ကေလးသူငယ္ တရား႐ုံးတြင္ သီးျခားတရားစြဲဆိုထားသည္။



” ဦးတင္စိုးပါ ၁၂ဦးကို သဘာဝေဘးစီမံခန႔္ခြဲမႈဆိုင္ရာဥပေဒပုဒ္မ- ၃၀(က)နဲ႔ တရားစြဲတင္လာတဲ့ အမႈျဖစ္တယ္။ အဲဒီမွာစြပ္စြဲလာသူ ၁၄ ဦးမွာ ႏွစ္ဦးက ကေလးသူငယ္ေတြျဖစ္တယ္။ ဒါ‌ေၾကာင့္ ၁၂ ဦးကိုပဲ ခ်မ္းျမသာစည္ၿမိဳ႕နယ္တရား႐ုံးမွာစြဲတင္ၿပီး ႏွစ္ဦးကိုေတာ့ ကေလးသူငယ္တရား႐ုံးမွာ သီးျခားအမႈအေနနဲ႔ စြဲတင္ထားပါတယ္။ တရားစြဲတင္တဲ့ ေမလရရက္မွာပဲအမႈကိုစစ္ေဆးခ်က္အရ သဘာဝေဘးစီမံခန႔္ခြဲမႈဆိုင္ရာ ဥပေဒပုဒ္မ-၃၀(က)အရ စြဲခ်က္တင္ခဲ့တယ္။ စြပ္စြဲခံရသူ‌ေတြကလည္း ဝန္ခံတဲ့အတြက္အလုပ္နဲ႔ ေထာင္ဒဏ္ သုံးလစီက်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ပါတယ္”ဟု ခ်မ္းျမသာစည္ၿမိဳ႕နယ္တရား႐ုံး သတင္းျပန္ၾကားေရးအရာရွိ၊ ၿမိဳ႕နယ္တရားသူႀကီး ဦးေက်ာ္စြာလင္းက ေျပာၾကားခဲ့သည္။



COVID-19 ေရာဂါကူးစက္ပ်ံ႕ပြားမႈမျဖစ္ပြားေစရန္အတြက္ လူစုလူေဝးပြဲမ်ားမျပဳလုပ္ရန္ မႏၲ‌ေလးၿမိဳ႕တြင္ တားျမစ္မိန႔္ထုတ္ျပန္ထားရာ ဧၿပီ ၁၀ ရက္က မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕ နယ္ရွိ ကံသာယာရပ္ကြက္ရွိ ေနအိမ္တစ္ခုတြင္ အိမ္ရွင္အပါအဝင္ အမ်ိဳးသား ၁၄ ဦးသည္ ဘာသာေရးဝတ္ျပဳ ဆုေတာင္းမႈျပဳလုပ္ခဲ့ၾက သျဖင့္ ေအာင္ပင္လယ္နယ္ေျမရဲစခန္းတြင္ (ပ)၁၃၂/၂၀၂၀၊ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ- ၂၆ျဖင့္ အမႈဖြင့္ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။



ထို႔ေနာက္ ေမ ၇ ရက္တြင္ ၎တို႔ကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒပုဒ္မ-၃၀(က) ျဖင့္ေျပာင္းလဲ၍ ခ်မ္းျမသာစည္ၿမိဳ႕နယ္တရား႐ုံးသို႔ တရားစြဲတင္ခဲ့ရာ ၁၄ ဦးအနက္ ၁၂ ဦးကို သဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒပုဒ္မ-၃၀(က)ျဖင့္ေထာင္ဒဏ္သုံးလစီက်ခံေစရန္ အမိန႔္ခ် မွတ္ခဲ့ျခင္းျဖစ္ သည္။

Credit EMG

Post a Comment

Previous Post Next Post