(Unicode)

သီပေါမြို့နယ် မန်ပန်ကျေးရွာအုပ်စုမှာ နေထိုင်တဲ့ အမျိုးသမီး ၂ ဦးဟာ တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်ရင်း ရဲတပ်ဖွဲ့ဖမ်းဆီးတာကို ခံရပြီးနောက် ၁ နှစ်ကျော်ကြာတဲ့အထိ အဆက်အသွယ်မရကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

မန်ပန်ကျေးရွာအုပ်စုထဲက အသက်(၁၉)နှစ်နဲ့ အသက်(၁၈)နှစ်အရွယ် အမျိုးသမီးနှစ်ဦး တရုတ်နိုင်ငံကို ပြီးခဲ့တဲ့ ၂ဝ၁၉ ခု မေလ ၄ ရက်မှာ အလုပ်သွားရောက်လုပ်ကိုင်ရာကနေ တရုတ်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

နမ္မတူမြို့နယ် မန်လီကျေးရွာနေ မာရွှေကျင်နဲ့ မာလာဝ်ခေး(ခ)တင်ရွှေတို့က မန်ပန်ကျေးရွာအုပ်စုထဲက အမျိုးသမီး ၃ ဦးကို ခေါ်ဆောင်သွားတာဖြစ်ပြီး အီလွယ်ဆိုသူက ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ပြန်လည်လွတ်မြောက်လာသူ အီလွယ်က “ကျမတို့သွားတုန်းက ဘယ်သူမှ မှတ်ပုံတင်မရှိဘူး။ ခေါ်သွားတဲ့ ဒေါ်တင်ရွှေက ရတယ်တဲ့ အာမခံပေးမယ်ဆိုပြီးတော့ ခေါ်သွားတယ်။ အခုက သူငယ်ချင်းနှစ်ယောက် ထောင်ကျတယ်။ ၆ လပဲဖမ်းပြီး ပြန်လွတ်မယ်လို့ပြောပေမဲ့ အခုထိ မလွတ်လာသေးဘူး” လို့ သူက ပြောပြပါတယ်။

“ကျမတို့စျေးသွားတာ ကျမက ကားမူးလို့ ကားထဲပဲနေခဲ့တယ်။ သူတို့နှစ်ယောက် ကားပြင်ထွက်တာနဲ့ တရုတ်ရဲတွေ လာဖမ်းသွားတယ်။ သူဌေးရော အဖမ်းခံရတယ်။ ဒါပေမဲ့ သူဌေးက လွတ်လာပြီ။ ကျမသူငယ်ချင်းနှစ်ယောက်ပဲ ကျန်တယ်” ဆိုပြီး သူမက ဆက်ပြောပါတယ်။

တရုတ်သူဌေးထံ အလုပ်လုပ်ဖို့ ၎င်းတို့ ၃ ဦးကို အပ်နှံထားခဲ့ပြီးနောက် မာရွေကျင်နဲ့ မာတင်ရွှေဆိုသူတို့က မြန်မာဘက်ကို ပြန်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။

၎င်းတို့ ၃ ဦးဟာ တရုတ်သူဌေးထံ ရောက်ရှိပြီး လဝက်ခန့်သာ အလုပ်လုပ်ရပြီးနောက် နှစ်ဦးကတော့ တရုတ်ရဲတွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

တရုတ်ရဲက ဖမ်းဆီးခေါ်ဆောင်သွားစဉ်မှာ ၆ လအတွင်း ပြန်လွတ်ပေးမယ်လို့ ပြောဆိုထားပေမဲ့ ၂ဝ၂ဝ ခု မေလ ၂၈ ရက်အထိ ပြန်မလွတ်လာသေးပါဘူး။

#အမျိုးသမီး #သီပေါ #တရုတ်ရဲတပ်ဖွဲ့

(Zawgyi)

သီေပါၿမိဳ႕နယ္ မန္ပန္ေက်း႐ြာအုပ္စုမွာ ေနထိုင္တဲ့ အမ်ိဳးသမီး ၂ ဦးဟာ တ႐ုတ္ႏိုင္ငံမွာ အလုပ္သြားလုပ္ရင္း ရဲတပ္ဖြဲ႕ဖမ္းဆီးတာကို ခံရၿပီးေနာက္ ၁ ႏွစ္ေက်ာ္ၾကာတဲ့အထိ အဆက္အသြယ္မရေၾကာင္း မိသားစုဝင္ေတြက ေျပာပါတယ္။

မန္ပန္ေက်း႐ြာအုပ္စုထဲက အသက္(၁၉)ႏွစ္နဲ႔ အသက္(၁၈)ႏွစ္အ႐ြယ္ အမ်ိဳးသမီးႏွစ္ဦး တ႐ုတ္ႏိုင္ငံကို ၿပီးခဲ့တဲ့ ၂ဝ၁၉ ခု ေမလ ၄ ရက္မွာ အလုပ္သြားေရာက္လုပ္ကိုင္ရာကေန တ႐ုတ္ရဲတပ္ဖြဲ႕ရဲ႕ ဖမ္းဆီးတာကို ခံခဲ့ရတာပဲ ျဖစ္ပါတယ္။

နမၼတူၿမိဳ႕နယ္ မန္လီေက်း႐ြာေန မာေ႐ႊက်င္နဲ႔ မာလာဝ္ေခး(ခ)တင္ေ႐ႊတို႔က မန္ပန္ေက်း႐ြာအုပ္စုထဲက အမ်ိဳးသမီး ၃ ဦးကို ေခၚေဆာင္သြားတာျဖစ္ၿပီး အီလြယ္ဆိုသူက ျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။

ျပန္လည္လြတ္ေျမာက္လာသူ အီလြယ္က “က်မတို႔သြားတုန္းက ဘယ္သူမွ မွတ္ပုံတင္မရွိဘူး။ ေခၚသြားတဲ့ ေဒၚတင္ေ႐ႊက ရတယ္တဲ့ အာမခံေပးမယ္ဆိုၿပီးေတာ့ ေခၚသြားတယ္။ အခုက သူငယ္ခ်င္းႏွစ္ေယာက္ ေထာင္က်တယ္။ ၆ လပဲဖမ္းၿပီး ျပန္လြတ္မယ္လို႔ေျပာေပမဲ့ အခုထိ မလြတ္လာေသးဘူး” လို႔ သူက ေျပာျပပါတယ္။

“က်မတို႔ေစ်းသြားတာ က်မက ကားမူးလို႔ ကားထဲပဲေနခဲ့တယ္။ သူတို႔ႏွစ္ေယာက္ ကားျပင္ထြက္တာနဲ႔ တ႐ုတ္ရဲေတြ လာဖမ္းသြားတယ္။ သူေဌးေရာ အဖမ္းခံရတယ္။ ဒါေပမဲ့ သူေဌးက လြတ္လာၿပီ။ က်မသူငယ္ခ်င္းႏွစ္ေယာက္ပဲ က်န္တယ္” ဆိုၿပီး သူမက ဆက္ေျပာပါတယ္။

တ႐ုတ္သူေဌးထံ အလုပ္လုပ္ဖို႔ ၎တို႔ ၃ ဦးကို အပ္ႏွံထားခဲ့ၿပီးေနာက္ မာေ႐ြက်င္နဲ႔ မာတင္ေ႐ႊဆိုသူတို႔က ျမန္မာဘက္ကို ျပန္လာခဲ့ၾကတာပဲ ျဖစ္ပါတယ္။

၎တို႔ ၃ ဦးဟာ တ႐ုတ္သူေဌးထံ ေရာက္ရွိၿပီး လဝက္ခန္႔သာ အလုပ္လုပ္ရၿပီးေနာက္ ႏွစ္ဦးကေတာ့ တ႐ုတ္ရဲေတြရဲ႕ ဖမ္းဆီးတာကို ခံခဲ့ရပါတယ္။

တ႐ုတ္ရဲက ဖမ္းဆီးေခၚေဆာင္သြားစဥ္မွာ ၆ လအတြင္း ျပန္လြတ္ေပးမယ္လို႔ ေျပာဆိုထားေပမဲ့ ၂ဝ၂ဝ ခု ေမလ ၂၈ ရက္အထိ ျပန္မလြတ္လာေသးပါဘူး။

#အမ်ိဳးသမီး #သီေပါ #တ႐ုတ္ရဲတပ္ဖြဲ႕
Credit မိုင်းအတ္တ၊ ရွှေဖီမြေ


Post a Comment

Previous Post Next Post