(Unicode)

ကားခမပါလို့မန္တလေးကနေ မကွေးကို နေပူကျဲကျဲကားလမ်းမပေါ်မှာ ဖိနပ်မပါပဲ ရောက်သလောက်ခြေလျှင်လျှောက်တဲ့ သားမိနှစ်ယောက်

နေ့ခင်း ၁၁း၃၀ လောက် ကိုယ်တယောက်ထဲခရီးကအပြန် နေပူကျဲကျဲကားလမ်းမပေါ်မှာ ဖိနပ်မပါ ထော့နင်းထော့နင်းနဲ့အသက်၂၀ ဝန်းကျင်လောက်ရှိမဲ့မိခင်တယောက် ၃နှစ်သားအရွယ်ကလေး လက်ဆွဲသွားနေတယ်။

ဒီလောက်နေပူပူ ဖိနပ်ဘာလို့ မပါလဲမေးတော့ဖိနပ်ပြတ်သွားလို့တဲ့ ခြေထောက်ပူလွန်းတော့ သူ့မျက်နှာက မဲ့ရှုံ့ပြီးဖြေရှာတယ်။ လမ်းလျှောက်လာတဲ့ခရီးမေးကြည့်တော့ မြစ်ငယ်တံတားကနေ လျောက်လာတာ မိုင် ၃၅လောက်ရှိပြီထင်တယ်တဲ့။

အဲ့ဒါနဲ့ကားဂိတ်ထိခေါ်လာပြီး ထမင်းဆိုင် ထမင်းကျွေးတာ ဆာလွန်းနေတဲ့ပုံစံနဲ့ တုန်နေတာ ၄ ပုဂံတောင်ကုန်တယ်။ မန္တလေးကို အလုပ်သွားရှာတာ ကလေးပေါက်စပါလို့ အလုပ်မရလို့ပြန်လာတာတဲ့။


ကားခမပါလို့မန္တလေးကနေ မကွေးကို ရောက်သလောက်ခြေလျှင်လျှောက်မှာဆိုတော့ ကူမဲ မကွေးကားကလည်း ထွက်သွားပြီ မရှိတော့ဘူး ဆိုတော့ ကူမဲ မိတ္ထီလာ ကားကိုအပ် ကားသမားကို ကားခ ၃၀၀၀ ပေးပြီး။မိတ္ထီလာရောက်ရင် မကွေးကားရှာတင်ပေးလိုက်ပါလို့ အကူအညီတောင်းကာ ဒုက္ခသည် သားအမိကို ၁၅၀၀၀ိ နဲ့ လမ်းစားဘို့ ခေါက်ဆွဲကြော် ငုံးဥပြုတ် နာနတ်သီးနဲ့ ရေ ၄ဗူး ထည့်ပေးလိုက်တယ်။

ဒီအလှုကြောင့် လူတိုင်းလူတိုင်း နေပူပူဖိနပ်မပါခြင်း အစာဆာလောင်ခြင်းကင်းဝေးပါစေလို့ဘဲ ဆုတောင်းမိပါတယ်။

Courtesy + Kyaw Zin

(Zawgyi)

ကားခမပါလို႔မႏၲေလးကေန မေကြးကို ေနပူက်ဲက်ဲကားလမ္းမေပၚမွာ ဖိနပ္မပါပဲ ေရာက္သေလာက္ေျခလွ်င္ေလွ်ာက္တဲ့ သားမိႏွစ္ေယာက္

ေန႔ခင္း ၁၁း၃၀ ေလာက္ ကိုယ္တေယာက္ထဲခရီးကအျပန္ ေနပူက်ဲက်ဲကားလမ္းမေပၚမွာ ဖိနပ္မပါ ေထာ့နင္းေထာ့နင္းနဲ႔အသက္၂၀ ဝန္းက်င္ေလာက္ရွိမဲ့မိခင္တေယာက္ ၃ႏွစ္သားအ႐ြယ္ကေလး လက္ဆြဲသြားေနတယ္။

ဒီေလာက္ေနပူပူ ဖိနပ္ဘာလို႔ မပါလဲေမးေတာ့ဖိနပ္ျပတ္သြားလို႔တဲ့ ေျခေထာက္ပူလြန္းေတာ့ သူ႔မ်က္ႏွာက မဲ့ရႈံ႕ၿပီးေျဖရွာတယ္။ လမ္းေလွ်ာက္လာတဲ့ခရီးေမးၾကည့္ေတာ့ ျမစ္ငယ္တံတားကေန ေလ်ာက္လာတာ မိုင္ ၃၅ေလာက္ရွိၿပီထင္တယ္တဲ့။

အဲ့ဒါနဲ႔ကားဂိတ္ထိေခၚလာၿပီး ထမင္းဆိုင္ ထမင္းေကြၽးတာ ဆာလြန္းေနတဲ့ပုံစံနဲ႔ တုန္ေနတာ ၄ ပုဂံေတာင္ကုန္တယ္။ မႏၲေလးကို အလုပ္သြားရွာတာ ကေလးေပါက္စပါလို႔ အလုပ္မရလို႔ျပန္လာတာတဲ့။

ကားခမပါလို႔မႏၲေလးကေန မေကြးကို ေရာက္သေလာက္ေျခလွ်င္ေလွ်ာက္မွာဆိုေတာ့ ကူမဲ မေကြးကားကလည္း ထြက္သြားၿပီ မရွိေတာ့ဘူး ဆိုေတာ့ ကူမဲ မိတၳီလာ ကားကိုအပ္ ကားသမားကို ကားခ ၃၀၀၀ ေပးၿပီး။မိတၳီလာေရာက္ရင္ မေကြးကားရွာတင္ေပးလိုက္ပါလို႔ အကူအညီေတာင္းကာ ဒုကၡသည္ သားအမိကို ၁၅၀၀၀ိ နဲ႔ လမ္းစားဘို႔ ေခါက္ဆြဲေၾကာ္ ငုံးဥျပဳတ္ နာနတ္သီးနဲ႔ ေရ ၄ဗူး ထည့္ေပးလိုက္တယ္။

ဒီအလႈေၾကာင့္ လူတိုင္းလူတိုင္း ေနပူပူဖိနပ္မပါျခင္း အစာဆာေလာင္ျခင္းကင္းေဝးပါေစလို႔ဘဲ ဆုေတာင္းမိပါတယ္။

Courtesy + Kyaw Zin

Post a Comment

Previous Post Next Post