(Unicode)

မိုင်းအနိုင်၊ ရွှေဖီမြေ

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့အနီးမှာရှိတဲ့ နားမုန့်ဆိုတဲ့ကျေးရွာဟာ အိမ်ခြေ ၃ဝ ခန့်သာရှိတဲ့ ရွာလေးဖြစ်ပါတယ်။ ဒီကျေးရွာဟာ မြို့ပြနဲ့ နီးသလောက် ဖွံ့ဖြိုးမှုမှာ အတော်လေး နောက်ကျတာကို တွေ့ရပါတယ်။

တစ်နေ့လုပ် တစ်နေ့စားနဲ့သာ ကျင်လည်နေရတဲ့ ဒီရွာက ဒေသခံတွေဟာ ဒီ Covid-19 ကပ်ရောဂါကြောင့် အလုပ်အကိုင်ရှားပါးပြီး တစ်ချို့ရက်တွေမှာ ထမင်းတောင် ငတ်တယ်လို့ ရွာသားတွေက ပြောပါတယ်။


အထွေးဆိုသူ ရွာခံဟာ မိသားစုငါးယောက်နဲ့ တစ်နေ့လုပ် တစ်နေ့စားဘဝနဲ့ ရုန်းကန်နေရသူတစ်ယောက်ပါ။ တောင်ယာလုပ်ငန်းနဲ့ နေ့စားလုပ်တာတွေ လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းပေးနေရသူပါ။ အမျိုးသမီးဖြစ်သူကတော့ ဖျာယက်လုပ်ပြီး မြို့ထဲမှာ သွားရောင်းလေ့ရှိပါတယ်။

အခုတော့ ဝင်ငွေရလမ်းဖြစ်တဲ့ နေ့စားအလုပ်လည်း မရှိတော့သလို ဖျာယက်တဲ့လုပ်ငန်းကလည်း အလုပ်မဖြစ်တော့ ပါဘူး။


အထွေးက “အရင်က နေ့စားခေါ်ရင် ငါးထောင်လောက်ရတော့ မိသားစုစားဝတ်နေရေး အဆင်ပြေတယ်။ အခုတော့ နှစ်ထောင်ပဲရတယ်။ ဒါတောင် ပုံမှန်ခေါ်တဲ့လူ မရှိဘူး။ လုပ်စရာအလုပ်လည်း မရှိတော့ဘူး။ တောင်ယာလုပ်လဲ ကိုယ့်ထဲက အရင်းပဲ စိုက်ထုတ်နေရတာ” လို့ ပြောပါတယ်။

နေ့စားအလုပ်အပြင် ဖျာယက်လုပ်ငန်းဟာလည်း ဒီရွာရဲ့ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်း အထောက် အကူဖြစ်စေတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အခုတော့ ဒီလုပ်ငန်းဟာလည်း အလုပ်မဖြစ်တော့ပဲ ရပ်တန့်နေပါတယ်။


ဖျာယက်တဲ့လုပ်ငန်းကို လုပ်ကိုင်သူတစ်ဦးဖြစ်တဲ့ မာ့အေးကလည်း “ဒီရွာမှာက ဖျာလုပ်သူတွေ ခြင်းတောင်းလုပ်သူတွေ များတယ်။ ဒါပေမဲ့ အဲဒါတွေလုပ်ဖို့ ဝါးသွားခုတ်တာက ရွာနဲ့တအားဝေးတယ်။ ဖျာတစ်ချပ်ရဖို့ နှစ်ရက် သုံးရက် အချိန်ပေးရတယ်။ အခုက သူများ မဝယ်တော့ဘူးဆိုတော့ ဝင်ငွေ မရှိတော့ဘူးလေ။ အဲဒါကြောင့် အချို့ဆို စားစရာတောင် မရှိတော့ဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် Covid-19 ကာအတွင်း မြို့ပေါ်ကို မတက်လာဖို့ကိုလည်း မြို့ပေါ်ကလူတွေ ဖုန်းနဲ့ဆက်သွယ်လာတာကြောင့် ရွာခံတွေဟာ မြို့ပေါ်ကို တက်ရောက်လာခြင်း မရှိတော့ပါဘူး။



“သူများပြောတာ အဲရောဂါ တအားကြောက်စရာကောင်းတယ်တဲ့။ ဘယ်မှလည်း မသွားကြနဲ့တဲ့။ မြို့ကလည်း ဖုန်းဆက်လာတယ်။ ရွာတိုင်းကလည်း ဘယ်မှမသွားကြဘူး။ အိမ်မှာနေကြတယ်။ တောင်ယာသွားတယ်။ အချို့ဆို စားစရာတောင် မရှိတော့ဘူး။ ပိုက်ဆံလည်း ရှာလို့မရဘူးလေ။ ရောင်းစရာတွေရှိလည်း ဘယ်သူမှ မဝယ်ကြဘူး။ မြို့ထဲသွားရင်လည်း သူများက အိမ်ထဲထိပေးမဝင်ဘူး” လို့ မာ့အေးက ဆက်ပြောပါတယ်။

Covid-19 ရောဂါရိုက်ခတ်မှုကြောင့် ဒီရွာထဲက မိသားစု ၅ စုဟာ အစားအသောက်အတွက် အတော်လေး အကျပ်အတည်း ဖြစ်ခဲ့ပါတယ်။ အဲဒီအထဲမှာ မာအီခမ်းတို့မိသားစုလည်း ပါဝင်နေပါတယ်။


မာ့အီခမ်းဟာ ဖျာယက်လုပ်တာတွေနဲ့ ခြင်းတောင်းလုပ်တာတွေကို အဓိကပြုလုပ်ပြီး မိုင်းရယ်စျေးမှာ သွားရောင်းနေတဲ့ ဒေသခံတစ်ဦးဖြစ်ပါတယ်။

အဲဒီလုပ်ငန်းတွေဟာ အပိုဝင်ငွေ မရှိပေမယ့် မိသားစုစားဝတ်နေရေးကို ဖြေရှင်းနိုင်ပြီး အချို့အချိန်တွေမှာတော့ ဖျာ၊ ခြင်းတောင်းတွေကို ဆန်တို့ အစားအသောက်တို့နဲ့ အလဲအလှယ်ပြုလုပ်ခဲ့ပေမဲ့ အခုတော့ ဒါတွေ တစ်ခုမှ အဆင်မပြေတော့ပါဘူး။


“အခုတော့ နေ့စားခေါ်တာတွေရှိရင် သွားလုပ်တယ်။ ဖျာတွေဘာတွေ ရောင်းစရာနေရာက မရှိတော့ဘူး။ ရောင်းနေကျဆိုင်တွေလည်း ပိတ်ထားတယ်လေ။ အစားအသောက်ဆိုင်တွေဆိုလည်း ဝယ်နေကျဆိုင်တွေ မဟုတ်တော့ အရင်လို အဆင်မပြေတော့ဘူး။ အရင်တုန်းက လဲလို့ရတယ်။ အခုတော့ အဲဆိုင်တွေ ပိတ်ကုန်တယ်။ အခုတော့ နေ့စားလုပ်တော့ တစ်နေ့ နှစ်ထောင်ရတယ်။ ဒါပေမဲ့ အဲဒီအလုပ်က နေ့တိုင်းမရှိဘူး” လို့ ပြောပါတယ်။

မိုင်းရယ်နဲ့ လားရှိုးခရိုင် မိုင်းယော်တိုက်နယ်ထဲက အစားအသောက် အခက်အခဲဖြစ်နေတဲ့ ကျေးရွာ ၁၂ ရွာအတွက် တအာင်းသံဃာတော်များအဖွဲ့ (ဗဟို)နဲ့ အိုမ်တမာဝ်လူမှုကူညီရေးအသင်း(ကျောက်မဲ)တို့က ပြီးခဲ့တဲ့ မေလ ၁၅ ရက်က စတင်ပြီးတော့ ကျေးရွာအထိ သွားရောက်ထောက်ပံ့ပေးခဲ့ကြပါတယ်။


မိုင်းရယ်မြို့နယ်ထဲက နားမုန့်ကျေးရွာကလည်း ထောက်ပံ့တာတွေ ရရှိခဲ့ပါတယ်။ မိသားစုရှိတဲ့အပေါ် မူတည်ပြီး ဆန်၊ ဆီ၊ ဆားနဲ့ အသားတုတွေကို ထောက်ပံ့ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒီထောက်ပံ့မှုဟာ ရက်ပိုင်းလောက်သာ လုံလောက်မှာဖြစ်ပြီး Covid-19 ဖြစ်ပွားမှု ကာလရှည်ကြာလာတာနဲ့အမျှ ဒီရွာတွေရဲ့ စားဝတ်နေရေးဟာ အတော်လေး အခက်အခဲဖြစ်နေအုံးမှာ ဖြစ်ပါတယ်။


#ကိုဗစ်ဂယက် #ကျေးရွာဒေသခံ #အစားအသောက်
#ဓာတ်ပုံ- မိုင်းနော;ဒါင်း၊ မိုင်းအနိုင်၊ ရွှေဖီမြေ
https://m.facebook.com/story.php?story_fbid=702118100604324&id=451214215694715

(Zawgyi)

မိုင္းအႏိုင္၊ ေ႐ႊဖီေျမ

ရွမ္းျပည္နယ္ေျမာက္ပိုင္း မိုင္းရယ္ၿမိဳ႕အနီးမွာရွိတဲ့ နားမုန္႔ဆိုတဲ့ေက်း႐ြာဟာ အိမ္ေျခ ၃ဝ ခန္႔သာရွိတဲ့ ႐ြာေလးျဖစ္ပါတယ္။ ဒီေက်း႐ြာဟာ ၿမိဳ႕ျပနဲ႔ နီးသေလာက္ ဖြံ႕ၿဖိဳးမႈမွာ အေတာ္ေလး ေနာက္က်တာကို ေတြ႕ရပါတယ္။

တစ္ေန႔လုပ္ တစ္ေန႔စားနဲ႔သာ က်င္လည္ေနရတဲ့ ဒီ႐ြာက ေဒသခံေတြဟာ ဒီ Covid-19 ကပ္ေရာဂါေၾကာင့္ အလုပ္အကိုင္ရွားပါးၿပီး တစ္ခ်ိဳ႕ရက္ေတြမွာ ထမင္းေတာင္ ငတ္တယ္လို႔ ႐ြာသားေတြက ေျပာပါတယ္။

အေထြးဆိုသူ ႐ြာခံဟာ မိသားစုငါးေယာက္နဲ႔ တစ္ေန႔လုပ္ တစ္ေန႔စားဘဝနဲ႔ ႐ုန္းကန္ေနရသူတစ္ေယာက္ပါ။ ေတာင္ယာလုပ္ငန္းနဲ႔ ေန႔စားလုပ္တာေတြ လုပ္ကိုင္ၿပီး မိသားစုစားဝတ္ေနေရးကို ေျဖရွင္းေပးေနရသူပါ။ အမ်ိဳးသမီးျဖစ္သူကေတာ့ ဖ်ာယက္လုပ္ၿပီး ၿမိဳ႕ထဲမွာ သြားေရာင္းေလ့ရွိပါတယ္။

အခုေတာ့ ဝင္ေငြရလမ္းျဖစ္တဲ့ ေန႔စားအလုပ္လည္း မရွိေတာ့သလို ဖ်ာယက္တဲ့လုပ္ငန္းကလည္း အလုပ္မျဖစ္ေတာ့ ပါဘူး။

အေထြးက “အရင္က ေန႔စားေခၚရင္ ငါးေထာင္ေလာက္ရေတာ့ မိသားစုစားဝတ္ေနေရး အဆင္ေျပတယ္။ အခုေတာ့ ႏွစ္ေထာင္ပဲရတယ္။ ဒါေတာင္ ပုံမွန္ေခၚတဲ့လူ မရွိဘူး။ လုပ္စရာအလုပ္လည္း မရွိေတာ့ဘူး။ ေတာင္ယာလုပ္လဲ ကိုယ့္ထဲက အရင္းပဲ စိုက္ထုတ္ေနရတာ” လို႔ ေျပာပါတယ္။

ေန႔စားအလုပ္အျပင္ ဖ်ာယက္လုပ္ငန္းဟာလည္း ဒီ႐ြာရဲ႕ စားဝတ္ေနေရးကို တစ္ဖက္တစ္လမ္း အေထာက္ အကူျဖစ္ေစတဲ့ လုပ္ငန္းျဖစ္ပါတယ္။ အခုေတာ့ ဒီလုပ္ငန္းဟာလည္း အလုပ္မျဖစ္ေတာ့ပဲ ရပ္တန္႔ေနပါတယ္။

ဖ်ာယက္တဲ့လုပ္ငန္းကို လုပ္ကိုင္သူတစ္ဦးျဖစ္တဲ့ မာ့ေအးကလည္း “ဒီ႐ြာမွာက ဖ်ာလုပ္သူေတြ ျခင္းေတာင္းလုပ္သူေတြ မ်ားတယ္။ ဒါေပမဲ့ အဲဒါေတြလုပ္ဖို႔ ဝါးသြားခုတ္တာက ႐ြာနဲ႔တအားေဝးတယ္။ ဖ်ာတစ္ခ်ပ္ရဖို႔ ႏွစ္ရက္ သုံးရက္ အခ်ိန္ေပးရတယ္။ အခုက သူမ်ား မဝယ္ေတာ့ဘူးဆိုေတာ့ ဝင္ေငြ မရွိေတာ့ဘူးေလ။ အဲဒါေၾကာင့္ အခ်ိဳ႕ဆို စားစရာေတာင္ မရွိေတာ့ဘူး” လို႔ ေျပာပါတယ္။

ဒါ့အျပင္ Covid-19 ကာအတြင္း ၿမိဳ႕ေပၚကို မတက္လာဖို႔ကိုလည္း ၿမိဳ႕ေပၚကလူေတြ ဖုန္းနဲ႔ဆက္သြယ္လာတာေၾကာင့္ ႐ြာခံေတြဟာ ၿမိဳ႕ေပၚကို တက္ေရာက္လာျခင္း မရွိေတာ့ပါဘူး။

“သူမ်ားေျပာတာ အဲေရာဂါ တအားေၾကာက္စရာေကာင္းတယ္တဲ့။ ဘယ္မွလည္း မသြားၾကနဲ႔တဲ့။ ၿမိဳ႕ကလည္း ဖုန္းဆက္လာတယ္။ ႐ြာတိုင္းကလည္း ဘယ္မွမသြားၾကဘူး။ အိမ္မွာေနၾကတယ္။ ေတာင္ယာသြားတယ္။ အခ်ိဳ႕ဆို စားစရာေတာင္ မရွိေတာ့ဘူး။ ပိုက္ဆံလည္း ရွာလို႔မရဘူးေလ။ ေရာင္းစရာေတြရွိလည္း ဘယ္သူမွ မဝယ္ၾကဘူး။ ၿမိဳ႕ထဲသြားရင္လည္း သူမ်ားက အိမ္ထဲထိေပးမဝင္ဘူး” လို႔ မာ့ေအးက ဆက္ေျပာပါတယ္။

Covid-19 ေရာဂါ႐ိုက္ခတ္မႈေၾကာင့္ ဒီ႐ြာထဲက မိသားစု ၅ စုဟာ အစားအေသာက္အတြက္ အေတာ္ေလး အက်ပ္အတည္း ျဖစ္ခဲ့ပါတယ္။ အဲဒီအထဲမွာ မာအီခမ္းတို႔မိသားစုလည္း ပါဝင္ေနပါတယ္။

မာ့အီခမ္းဟာ ဖ်ာယက္လုပ္တာေတြနဲ႔ ျခင္းေတာင္းလုပ္တာေတြကို အဓိကျပဳလုပ္ၿပီး မိုင္းရယ္ေစ်းမွာ သြားေရာင္းေနတဲ့ ေဒသခံတစ္ဦးျဖစ္ပါတယ္။

အဲဒီလုပ္ငန္းေတြဟာ အပိုဝင္ေငြ မရွိေပမယ့္ မိသားစုစားဝတ္ေနေရးကို ေျဖရွင္းႏိုင္ၿပီး အခ်ိဳ႕အခ်ိန္ေတြမွာေတာ့ ဖ်ာ၊ ျခင္းေတာင္းေတြကို ဆန္တို႔ အစားအေသာက္တို႔နဲ႔ အလဲအလွယ္ျပဳလုပ္ခဲ့ေပမဲ့ အခုေတာ့ ဒါေတြ တစ္ခုမွ အဆင္မေျပေတာ့ပါဘူး။

“အခုေတာ့ ေန႔စားေခၚတာေတြရွိရင္ သြားလုပ္တယ္။ ဖ်ာေတြဘာေတြ ေရာင္းစရာေနရာက မရွိေတာ့ဘူး။ ေရာင္းေနက်ဆိုင္ေတြလည္း ပိတ္ထားတယ္ေလ။ အစားအေသာက္ဆိုင္ေတြဆိုလည္း ဝယ္ေနက်ဆိုင္ေတြ မဟုတ္ေတာ့ အရင္လို အဆင္မေျပေတာ့ဘူး။ အရင္တုန္းက လဲလို႔ရတယ္။ အခုေတာ့ အဲဆိုင္ေတြ ပိတ္ကုန္တယ္။ အခုေတာ့ ေန႔စားလုပ္ေတာ့ တစ္ေန႔ ႏွစ္ေထာင္ရတယ္။ ဒါေပမဲ့ အဲဒီအလုပ္က ေန႔တိုင္းမရွိဘူး” လို႔ ေျပာပါတယ္။

မိုင္းရယ္နဲ႔ လားရႈိးခ႐ိုင္ မိုင္းေယာ္တိုက္နယ္ထဲက အစားအေသာက္ အခက္အခဲျဖစ္ေနတဲ့ ေက်း႐ြာ ၁၂ ႐ြာအတြက္ တအာင္းသံဃာေတာ္မ်ားအဖြဲ႕ (ဗဟို)နဲ႔ အိုမ္တမာဝ္လူမႈကူညီေရးအသင္း(ေက်ာက္မဲ)တို႔က ၿပီးခဲ့တဲ့ ေမလ ၁၅ ရက္က စတင္ၿပီးေတာ့ ေက်း႐ြာအထိ သြားေရာက္ေထာက္ပံ့ေပးခဲ့ၾကပါတယ္။

မိုင္းရယ္ၿမိဳ႕နယ္ထဲက နားမုန္႔ေက်း႐ြာကလည္း ေထာက္ပံ့တာေတြ ရရွိခဲ့ပါတယ္။ မိသားစုရွိတဲ့အေပၚ မူတည္ၿပီး ဆန္၊ ဆီ၊ ဆားနဲ႔ အသားတုေတြကို ေထာက္ပံ့ေပးခဲ့ၾကတာပဲ ျဖစ္ပါတယ္။

ဒီေထာက္ပံ့မႈဟာ ရက္ပိုင္းေလာက္သာ လုံေလာက္မွာျဖစ္ၿပီး Covid-19 ျဖစ္ပြားမႈ ကာလရွည္ၾကာလာတာနဲ႔အမွ် ဒီ႐ြာေတြရဲ႕ စားဝတ္ေနေရးဟာ အေတာ္ေလး အခက္အခဲျဖစ္ေနအုံးမွာ ျဖစ္ပါတယ္။

#ကိုဗစ္ဂယက္ #ေက်း႐ြာေဒသခံ #အစားအေသာက္
#ဓာတ္ပုံ- မိုင္းေနာ;ဒါင္း၊ မိုင္းအႏိုင္၊ ေ႐ႊဖီေျမ
https://m.facebook.com/story.php?story_fbid=702118100604324&id=451214215694715

Post a Comment

Previous Post Next Post