(Unicode)

တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၃၀၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်။ မေ ၈

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်စဉ် တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၃၀၀၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၇ ရက်နေ့ ၁၃း၀၀ အချိန်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလတ်မြို့နယ်၊ မိုင်းဆတ် – တာချီလိတ်သွား ကားလမ်းတွင် မိုင်းဆတ်မြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ မိုင်းဆတ်မြို့နယ်၊



နမ့်ခမ်း (ခ) နာခါး (အောက်) ကျေးရွာ နေသူများဖြစ်သည့် လီဗု ၂၁ နှစ်မောင်းနှင်ပြီး လော်ညီး ၂၂ နှစ် စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့် ထည့်ထားသည့်

စိတ်ကြွ ရူးသွပ်ဆေးပြား ၃၀၀၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၃၀၀၀ သိန်း) နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိ ခဲ့သဖြင့် တာချီလိတ် မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

Source – C C D A C, Myanmar.

(Zawgyi)

တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ေငြက်ပ္ ၃၀၀၀ သိန္းတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ ေဆးျပားမ်ား ဖမ္းဆီးရမိ

ေနျပည္ေတာ္။ ေမ ၈

မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕မွ တားဆီးႏွိမ္နင္းေရး လုပ္ငန္းမ်ားေဆာင္႐ြက္စဥ္ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ေငြက်ပ္ ၃၀၀၀ သိန္း တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေမလ ၇ ရက္ေန႔ ၁၃း၀၀ အခ်ိန္တြင္ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ သက္ေသမ်ားႏွင့္အတူ တာခ်ီလတ္ၿမိဳ႕နယ္၊ မိုင္းဆတ္ – တာခ်ီလိတ္သြား ကားလမ္းတြင္ မိုင္းဆတ္ၿမိဳ႕ဘက္မွ တာခ်ီလိတ္ၿမိဳ႕ဘက္သို႔ မိုင္းဆတ္ၿမိဳ႕နယ္၊



နမ့္ခမ္း (ခ) နာခါး (ေအာက္) ေက်း႐ြာ ေနသူမ်ားျဖစ္သည့္ လီဗု ၂၁ ႏွစ္ေမာင္းႏွင္ၿပီး ေလာ္ညီး ၂၂ ႏွစ္ စီးနင္းလိုက္ပါလာသည့္ ေမာ္ေတာ္ယာဥ္အား ရပ္တန႔္ စစ္ေဆးရွာေဖြရာ ယာဥ္ေပၚတြင္ တင္ေဆာင္လာေသာ ဆာလာအိတ္မ်ားအတြင္းမွ ပလတ္စတစ္ကပ္ခြာအိတ္ မ်ားျဖင့္ ထည့္ထားသည့္

စိတ္ႂကြ ႐ူးသြပ္ေဆးျပား ၃၀၀၀၀၀ ျပား (ေဒသကာလေပါက္ေဈး တန္ဖိုးေငြက်ပ္ ၃၀၀၀ သိန္း) ႏွင့္ လက္ကိုင္ဖုန္း ၂ လုံးတို႔အား ေတြ႕ရွိ သိမ္းဆည္းရမိ ခဲ့သျဖင့္ တာခ်ီလိတ္ ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒျဖင့္ အမႈဖြင့္အေရးယူၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္ စစ္ေဆးလ်က္ ရွိေၾကာင္း သတင္းရရွိသည္။

Source – C C D A C, Myanmar.

Post a Comment

Previous Post Next Post