(Unicode)
ဆရာမကြီးဒေါ်မြင့်မြင့်စိန် ရဲ့ အိမ်ပြန်ခရီး ပုံရိပ်တွေ ဖြစ်ပါတယ်….ဆရာမကြီးအတွက် ပြည်မြို့သူပြည်မြို့သားတွေက အမြဲ ဂုဏ်ယူ လေးစား နေမှာပါ။ ၂၇၊ ၅၊ ၂၀၂၀ ပြည်မြို့
Case 30 ဒေါက်တာ ဒေါ်မြင့်မြင့်စိန် ပြည်မြို့က မေ့ဆေး ဆရာဝန်ကြီးဟာ Positive လူနာ တစ်ဦး ရဲ့ အရေးပေါ် အခြေအနေမှာ လူနာရဲ့ အသက်ရှူလမ်းကြောင်းထဲကို ventilator(လေဝင်ပေါက်) ကနေ tube (ပိုက်ရှည်) ထည့်ဖို့ လိုအပ်လာပါတယ်။
ဒီလိုလုပ်ဖို့ ဆိုတာ အနည်းဆုံး ဆရာဝန် သုံးဦးလောက် လိုအပ်ပါတယ်။
အန္တရာယ်များလွန်းတဲ့ ဒီအခြေအနေမှာ ဒေါက်တာဟာ တစ်ခြား ဆရာ ဝန်တွေ ကူးစက်မှာ စိုးတဲ့ အတွက် သူတစ်ယောက်တည်းပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ventilator(လေဝင်ပေါက်) ကနေ tube (ပိုက်ရှည်) ထည့် ရာမှာ သုံးကြိမ်လောက်အထိ မအောင်မြင် ဒါကြောင့် ဒေါက်တာဟာ သူမရဲ့ အကာအကွယ်ဖြစ် တဲ့ Goggles(ရေ/လေကာ မျက်မှန်) ကိုချွတ်ပြီး လုပ်ဆောင်မှ အောင်မြင်သွားပါတော့တယ်။
Goggles ကို ချွတ်တဲ့ အချိန်မှာ ဗိုင်းရပ်စ်ပိုး ကူးခံရမယ်ဆိုတာ ဒေါက်တာ ကောင်းကောင်း သိတယ်။
အဲ့ဒီထက် ဒေါက်တာ ပိုသိနေတာက လူနာ အသက်ရှင်ဖို့တဲ့……..
ဒေါက်တာဟာ positive လူနာ အခန်းထဲက ပြန်ထွက်လာတဲ့ အချိန်မှာ တော့ ……….သူမ ဟာ positive လူနာဖြစ်သွားတော့တယ်။
သူ့အသက်ကို စွန့်ပြီး လူနာအသက်ကို ရွေးသွားတယ်။ သူမ ဟာ အခန်းအပြင် ရောက်တဲ့ အချိန်မှာ သူ့အနားကို ဘယ်ဆရာဝန်မှ မကပ်ခိုင်းတော့ပါဘူး တဲ့
ဒေါက်တာ ရဲ့ အဖြေအတည်ပြုချက်မှာ ညက positive ထွက်လာတဲ့အချိန် ယူနီဖောင်းတွေ ချွတ် ပြီး ဒေါက်တာကို မြောက်ဥက္ကလာ ဝေဘာဂီ ဆေးရုံကို ခေါ်သွားကြဖို့ PPE ဝတ်စုံ ပြည့်သူတွေ ရောက်ရှိလာတော့တယ်။
ငိုယိုနေကြတဲ့ ဆရာဝန်တွေ ကို ဒေါက်တာက မငိုဖို့အတွက် ခေါင်းခါပြတယ်။
လူနာ တွေ နဲ့ ထိတွေ့ကြတဲ့အခါ အထူးဂရုစိုက်ဖို့ မှာတယ်။ ပြီးတော့ ဒေါက်တာ ပြန်လာခဲ့မယ် တဲ့ ………….
တစ်ချိန်လုံး ငြိမ်သတ်နေတဲ့ ပြည်မြို့ကြီးက ဒေါက်တာ ပြန်လာခဲ့မယ် လည်းဆိုရော ရှိုက်သံ ပါအောင် ငိုပါတော့တယ်။
ဒေါက်တာ မြင့်မြင့်စိန် က ခပ်ပါးပါးပြုံးရင် လူနာတင်ယာဉ်ပေါ်ကို တက်သွားတော့တယ်။ ယာဉ်တန်းကြီးက ပြည်မြို့ကနေ ရန်ကုန် မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံကြီး ကို ဦးတည် အရှိန်ပြင်းပြင်း မောင်းနှင်ထွက်ခွာတော့တယ်……….. .
ပြည်မြို့ကြီးက ရုတ်တရက် မျက်ရည်တွေ သုတ်ပြီး ယာဉ်တန်းနောက်ကို အပြေးအလွှား လိုက် ရင် လှမ်းအော်ပြောတယ် ဒေါက်တာ ကတိတည်ရမယ် နော် တဲ့…….
(မေလ ၂၅ရက် )တော့ recover ဖြစ်ပြီး ဒေါက်တာ ဆေးရုံက ဆင်းခွင့်ရပါပြီ။
ဒီနေ့ မေလ ၂၇ မှာတော့ ကျန်းမာစွာနဲ့ ပြည်မြို့ကို ပြန်ပါတော့မယ်။
ဪ ဒါနဲ့ ပြည်မြို့ကြီးရေ
ဒေါက်တာ ကတိတည် တယ်နော်…….
ဆရာမကြီးအတွက် ပြည်မြို့သူပြည်မြို့သားတွေက အမြဲ ဂုဏ်ယူ လေးစား နေမှာပါ။
၂၇၊ ၅၊ ၂၀၂၀ ပြည်မြို့
(Zawgyi)
ဆရာမႀကီးေဒၚျမင့္ျမင့္စိန္ ရဲ႕ အိမ္ျပန္ခရီး ပုံရိပ္ေတြ ျဖစ္ပါတယ္….ဆရာမႀကီးအတြက္ ျပည္ၿမိဳ႕သူျပည္ၿမိဳ႕သားေတြက အၿမဲ ဂုဏ္ယူ ေလးစား ေနမွာပါ။ ၂၇၊ ၅၊ ၂၀၂၀ ျပည္ၿမိဳ႕
Case 30 ေဒါက္တာ ေဒၚျမင့္ျမင့္စိန္ ျပည္ၿမိဳ႕က ေမ့ေဆး ဆရာဝန္ႀကီးဟာ Positive လူနာ တစ္ဦး ရဲ႕ အေရးေပၚ အေျခအေနမွာ လူနာရဲ႕ အသက္ရႉလမ္းေၾကာင္းထဲကို ventilator(ေလဝင္ေပါက္) ကေန tube (ပိုက္ရွည္) ထည့္ဖို႔ လိုအပ္လာပါတယ္။
ဒီလိုလုပ္ဖို႔ ဆိုတာ အနည္းဆုံး ဆရာဝန္ သုံးဦးေလာက္ လိုအပ္ပါတယ္။
အႏၲရာယ္မ်ားလြန္းတဲ့ ဒီအေျခအေနမွာ ေဒါက္တာဟာ တစ္ျခား ဆရာ ဝန္ေတြ ကူးစက္မွာ စိုးတဲ့ အတြက္ သူတစ္ေယာက္တည္းပဲ လုပ္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။
ventilator(ေလဝင္ေပါက္) ကေန tube (ပိုက္ရွည္) ထည့္ ရာမွာ သုံးႀကိမ္ေလာက္အထိ မေအာင္ျမင္ ဒါေၾကာင့္ ေဒါက္တာဟာ သူမရဲ႕ အကာအကြယ္ျဖစ္ တဲ့ Goggles(ေရ/ေလကာ မ်က္မွန္) ကိုခြၽတ္ၿပီး လုပ္ေဆာင္မွ ေအာင္ျမင္သြားပါေတာ့တယ္။
Goggles ကို ခြၽတ္တဲ့ အခ်ိန္မွာ ဗိုင္းရပ္စ္ပိုး ကူးခံရမယ္ဆိုတာ ေဒါက္တာ ေကာင္းေကာင္း သိတယ္။
အဲ့ဒီထက္ ေဒါက္တာ ပိုသိေနတာက လူနာ အသက္ရွင္ဖို႔တဲ့……..
ေဒါက္တာဟာ positive လူနာ အခန္းထဲက ျပန္ထြက္လာတဲ့ အခ်ိန္မွာ ေတာ့ ……….သူမ ဟာ positive လူနာျဖစ္သြားေတာ့တယ္။
သူ႔အသက္ကို စြန္႔ၿပီး လူနာအသက္ကို ေ႐ြးသြားတယ္။ သူမ ဟာ အခန္းအျပင္ ေရာက္တဲ့ အခ်ိန္မွာ သူ႔အနားကို ဘယ္ဆရာဝန္မွ မကပ္ခိုင္းေတာ့ပါဘူး တဲ့
ေဒါက္တာ ရဲ႕ အေျဖအတည္ျပဳခ်က္မွာ ညက positive ထြက္လာတဲ့အခ်ိန္ ယူနီေဖာင္းေတြ ခြၽတ္ ၿပီး ေဒါက္တာကို ေျမာက္ဥကၠလာ ေဝဘာဂီ ေဆး႐ုံကို ေခၚသြားၾကဖို႔ PPE ဝတ္စုံ ျပည့္သူေတြ ေရာက္ရွိလာေတာ့တယ္။
ငိုယိုေနၾကတဲ့ ဆရာဝန္ေတြ ကို ေဒါက္တာက မငိုဖို႔အတြက္ ေခါင္းခါျပတယ္။
လူနာ ေတြ နဲ႔ ထိေတြ႕ၾကတဲ့အခါ အထူးဂ႐ုစိုက္ဖို႔ မွာတယ္။ ၿပီးေတာ့ ေဒါက္တာ ျပန္လာခဲ့မယ္ တဲ့ ………….
တစ္ခ်ိန္လုံး ၿငိမ္သတ္ေနတဲ့ ျပည္ၿမိဳ႕ႀကီးက ေဒါက္တာ ျပန္လာခဲ့မယ္ လည္းဆိုေရာ ရႈိက္သံ ပါေအာင္ ငိုပါေတာ့တယ္။
ေဒါက္တာ ျမင့္ျမင့္စိန္ က ခပ္ပါးပါးၿပဳံးရင္ လူနာတင္ယာဥ္ေပၚကို တက္သြားေတာ့တယ္။ ယာဥ္တန္းႀကီးက ျပည္ၿမိဳ႕ကေန ရန္ကုန္ ေျမာက္ဥကၠလာ ေဝဘာဂီေဆး႐ုံႀကီး ကို ဦးတည္ အရွိန္ျပင္းျပင္း ေမာင္းႏွင္ထြက္ခြာေတာ့တယ္……….. .
ျပည္ၿမိဳ႕ႀကီးက ႐ုတ္တရက္ မ်က္ရည္ေတြ သုတ္ၿပီး ယာဥ္တန္းေနာက္ကို အေျပးအလႊား လိုက္ ရင္ လွမ္းေအာ္ေျပာတယ္ ေဒါက္တာ ကတိတည္ရမယ္ ေနာ္ တဲ့…….
(ေမလ ၂၅ရက္ )ေတာ့ recover ျဖစ္ၿပီး ေဒါက္တာ ေဆး႐ုံက ဆင္းခြင့္ရပါၿပီ။
ဒီေန႔ ေမလ ၂၇ မွာေတာ့ က်န္းမာစြာနဲ႔ ျပည္ၿမိဳ႕ကို ျပန္ပါေတာ့မယ္။
ဪ ဒါနဲ႔ ျပည္ၿမိဳ႕ႀကီးေရ
ေဒါက္တာ ကတိတည္ တယ္ေနာ္…….
ဆရာမႀကီးအတြက္ ျပည္ၿမိဳ႕သူျပည္ၿမိဳ႕သားေတြက အၿမဲ ဂုဏ္ယူ ေလးစား ေနမွာပါ။
၂၇၊ ၅၊ ၂၀၂၀ ျပည္ၿမိဳ႕
Post a Comment