(Unicode)

ည11နာရီခန့်အချိန်ခိုလမ်ဘက်မှနမ့်စန်မြို့သို့အဝင်ဂိတ်တွင်တာဝန်ရှိသူများမှဆေးရုံကားတစ်စီးကိုရပ်တန့်စစ်ဆေးရန်တားခဲ့သော်လည်းရပ်မပေးဘဲအရှိန်မြှင့်မောင်းပြေးခဲ့ပါသည်



သို့ဖြစ်၍တာဝန်ရှိသူများမှလွိုင်လင်ဘက်အထွက်ဂိတ်ကိုဖုန်းဆက်၍တားမြစ်ခိုင်းရာတွင်မိနစ်40လောက်ကြာပြီးမှရောက်လာသဖြင့်တားမြစ်စစ်ဆေးရာရှမ်း/အရှေ့မိုင်းပျဉ်းမြို့နယ်မှ‌ဆေးရုံကားဖြင့်တရားမဝင်ကျွန်းသစ်တံခါးချပ်များတင်ဆောင်လာကြောင်းစစ်ဆေးတွေ့ရှိရပါသည်


ကားမောင်းသူမှာလည်းမိုင်းပျဉ်းမြို့နယ်ဆရာဝန်ကြီးကိုယ်တိုင်ဖြစ်ပါသည်သို့ပါ၍အထက်ပါကိစ္စရပ်အားနမ့်စန်မြို့သစ်တောဦးစီးဌာနမှဥပဒေနှင့်အညီတရားစွဲအရေးယူသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။



အလားတူယနေ့27ရက်နံနက်စောအချိန်တွင်လည်းလွိုင်လင်မြို့အဝင်ပန်ခေါက်ဝိုးစစ်ဆေးရေးဂိတ်တွင်Canterအမျိုးစားသစ်တင်ကားတစ်စီးကိုထပ်မံဖမ်းဆီးရမိသည်။

#Crd

(Zawgyi)







#Crd

Post a Comment

Previous Post Next Post