(Unicode)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ဘုန်းကြီးကျောင်းတွေ၊ စာသင်တိုက်တွေနဲ့ မရှိဆင်းရဲသားရပ်ကွက်တွေမှာ အသီးနှံတွေ လိုက်လံပေးဝေတဲ့ တောင်သူကိုကူ ပြည်သူကိုလှူ အစီစဉ်ကို စတင်ပြုလုပ်နေပါတယ်။ပင်းတယမြို့က တောင်သူတွေ စိုက်ပျိုးပြီး ထွက်ရှိလာတဲ့ ကုန်စိမ်းတွေ တရုတ်နိုင်ငံကို တင်ပို့မရတော့လို့ အခက်အခဲဖြစ်နေချိန်မှာ ပင်းတယမြို့ခံ ပရဟိတအဖွဲ့တွေစုပေါင်းပြီး ကုန်တင်ကားတွေနဲ့ ပုသိမ်မြို့ကို အရောက်ပို့ဆောင်ပေးတာလို့ ဦးဆောင်သူတဦးဖြစ်တဲ့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က DVB ကိုပြောပါတယ်။

“ပင်းတယမှာရှိတဲ့အသင်းအဖွဲ့တွေက တရုတ်နိုင်ငံကို တင်ပို့လို့မရတော့တဲ့ တောင်သူတွေ ရဲ့ အသီးနှံတွေကို တချို့ဟာတွေကိုဝယ်တယ်၊ တချို့ဟာတွေကို အလှူခံပြီးတော့ ဒီအရောက် ပို့ပေးတာပါ၊ ပို့တဲ့အထဲမှာတော့ ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ဂျူးမြစ်၊ ပိန္နဲသီးနဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးစတဲ့ စိုက်ခင်းထွက်သီးနှံတွေကို ပို့ပေးတာပါ၊ ဒါတွေကိုလည်း ဒီနေ့မှာ ဘုန်းကြီးကျောင်းတွေ၊ ပရဟိတ မိဘမဲ့ကျောင်းတွေ၊ စာသင်တိုက်တွေ၊ မယ်သီလရှင်ကျောင်းတွေနဲ့ ဆင်းရဲချို့တဲ့ တဲ့ပြည်သူတွေကို ပေးဝေသွားမှာပါ။”


ပင်းတယမြို့ကနေ ကုန်စိမ်းသီးနှံတွေလာပို့တဲ့ ကုန်ကားတွေကို ပုသိမ်သူ ပုသိမ်သားတွေရဲ့ မေတ္တာလက်ဆောင်အနေနဲ့ ဒေသထွက်ကုန်ဖြစ်တဲ့ ငါးခြောက်၊ ငပိ၊ ဆား၊ ဆန် စတဲ့ စားသုံး ကုန်တွေကိုလည်း ပြန်လည်ထည့်ပေးခဲ့တယ်လို့ ဆိုပါတယ်။



မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဧရာဝတီ) ရဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်က “ဟိုဘက်က တောင်သူတွေလည်း တရုတ်နိုင်ငံကို ရောင်းချလို့ မရချိန်မှာ မြို့ခံပရဟိတ အဖွဲ့တွေက ဆရာဝန်ကြီးနဲ့ တိုင်ပင်ပြီ တောင်သူကိုကူ ပြည်သူကိုလှူ အစီစဉ်လေးကို အကောင်း ထည်ဖော်ဖြစ်တာပါ၊ လာပို့တဲ့ကားနဲ့လည်း တိုင်းရင်းသားပြည်သူတွေအတွက် ဒေသထွက် အစားအသောက်တွေ လက်ဆောင်ပြန်ထည့်ပေးလိုက်ပါတယ်” လို့ ပြောပါတယ်။


ပင်းတယမြို့က ပြည်သူတွေအတွက် ဆန်အိတ် ၂၁ အိတ်၊ ငွေ ၅ သိန်း၊ ကြာဆန်အိတ် ၂၀၊ ဆားအိတ် ၈၂ အိတ်ကို ပုသိမ်မြို့ခံပြည်သူတွေ စုပေါင်းပြီး ကုန်စိမ်းလာပို့တဲ့ကားနဲ့ လက်ဆောင်ပြန်ထည့်ပေးလိုက်တယ်လို့ ဆိုပါတယ်။


ပင်းတယမြို့က ရောက်ရှိလာတဲ့ ကုန်စိမ်းသီးနှံတွေကို ပုသိမ်ပြည်သူ့ဆေးရုံကြီးက ဝန်ထမ်း ၅၂၀ ဦး၊ စာသင်တိုက် ၂၆ ကျောင်း၊ မိဘမဲ့ကျောင်းများ၊ မယ်သလီရှင်ကျောင်းတွေနဲ့ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ ရပ်ကွက်တွေမှာ လိုက်လံပေးဝေခဲ့တယ်လို့ ဆိုပါတယ်။ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ပင်းတယမြို့က တောင်သူတွေအနေနဲ့ ထွက်ရှိလာတဲ့ သီးနှံတွေကို တရုတ်နိုင်ငံ တင်ပို့မရောင်းချနိုင်လို့ အခက်အခဲဖြစ်နေချိန်မှာ တောင်သူကိုကူ ပြည်သူကိုလှူ ဆိုတဲ့ အစီအစဉ်ကို ဒေါက်တာ သန်းမင်းထွဋ်က ဦးဆောင်ပြီး စတင် အကောင်ထည်ဖော်ခဲ့တာလို့ သိရပါတယ်။

ဒီဗွီဘီ

(Zawgyi)

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕က ဘုန္းႀကီးေက်ာင္းေတြ၊ စာသင္တိုက္ေတြနဲ႔ မရွိဆင္းရဲသားရပ္ကြက္ေတြမွာ အသီးႏွံေတြ လိုက္လံေပးေဝတဲ့ ေတာင္သူကိုကူ ျပည္သူကိုလႉ အစီစဥ္ကို စတင္ျပဳလုပ္ေနပါတယ္။ပင္းတယၿမိဳ႕က ေတာင္သူေတြ စိုက္ပ်ိဳးၿပီး ထြက္ရွိလာတဲ့ ကုန္စိမ္းေတြ တ႐ုတ္ႏိုင္ငံကို တင္ပို႔မရေတာ့လို႔ အခက္အခဲျဖစ္ေနခ်ိန္မွာ ပင္းတယၿမိဳ႕ခံ ပရဟိတအဖြဲ႕ေတြစုေပါင္းၿပီး ကုန္တင္ကားေတြနဲ႔ ပုသိမ္ၿမိဳ႕ကို အေရာက္ပို႔ေဆာင္ေပးတာလို႔ ဦးေဆာင္သူတဦးျဖစ္တဲ့ ပုသိမ္ေဆး႐ုံအုပ္ႀကီး ေဒါက္တာ သန္းမင္းထြဋ္က DVB ကိုေျပာပါတယ္။

“ပင္းတယမွာရွိတဲ့အသင္းအဖြဲ႕ေတြက တ႐ုတ္ႏိုင္ငံကို တင္ပို႔လို႔မရေတာ့တဲ့ ေတာင္သူေတြ ရဲ႕ အသီးႏွံေတြကို တခ်ိဳ႕ဟာေတြကိုဝယ္တယ္၊ တခ်ိဳ႕ဟာေတြကို အလႉခံၿပီးေတာ့ ဒီအေရာက္ ပို႔ေပးတာပါ၊ ပို႔တဲ့အထဲမွာေတာ့ ေဂၚဖီထုတ္၊ ခရမ္းခ်ဥ္သီး၊ မုန္လာဥနီ၊ ဂ်ဴးျမစ္၊ ပိႏၷဲသီးနဲ႔ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ အာလူးစတဲ့ စိုက္ခင္းထြက္သီးႏွံေတြကို ပို႔ေပးတာပါ၊ ဒါေတြကိုလည္း ဒီေန႔မွာ ဘုန္းႀကီးေက်ာင္းေတြ၊ ပရဟိတ မိဘမဲ့ေက်ာင္းေတြ၊ စာသင္တိုက္ေတြ၊ မယ္သီလရွင္ေက်ာင္းေတြနဲ႔ ဆင္းရဲခ်ိဳ႕တဲ့ တဲ့ျပည္သူေတြကို ေပးေဝသြားမွာပါ။”


ပင္းတယၿမိဳ႕ကေန ကုန္စိမ္းသီးႏွံေတြလာပို႔တဲ့ ကုန္ကားေတြကို ပုသိမ္သူ ပုသိမ္သားေတြရဲ႕ ေမတၱာလက္ေဆာင္အေနနဲ႔ ေဒသထြက္ကုန္ျဖစ္တဲ့ ငါးေျခာက္၊ ငပိ၊ ဆား၊ ဆန္ စတဲ့ စားသုံး ကုန္ေတြကိုလည္း ျပန္လည္ထည့္ေပးခဲ့တယ္လို႔ ဆိုပါတယ္။


ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (ဧရာဝတီ) ရဲ႕ ဥကၠ႒ ဦးေဇာ္ေဇာ္က “ဟိုဘက္က ေတာင္သူေတြလည္း တ႐ုတ္ႏိုင္ငံကို ေရာင္းခ်လို႔ မရခ်ိန္မွာ ၿမိဳ႕ခံပရဟိတ အဖြဲ႕ေတြက ဆရာဝန္ႀကီးနဲ႔ တိုင္ပင္ၿပီ ေတာင္သူကိုကူ ျပည္သူကိုလႉ အစီစဥ္ေလးကို အေကာင္း ထည္ေဖာ္ျဖစ္တာပါ၊ လာပို႔တဲ့ကားနဲ႔လည္း တိုင္းရင္းသားျပည္သူေတြအတြက္ ေဒသထြက္ အစားအေသာက္ေတြ လက္ေဆာင္ျပန္ထည့္ေပးလိုက္ပါတယ္” လို႔ ေျပာပါတယ္။


ပင္းတယၿမိဳ႕က ျပည္သူေတြအတြက္ ဆန္အိတ္ ၂၁ အိတ္၊ ေငြ ၅ သိန္း၊ ၾကာဆန္အိတ္ ၂၀၊ ဆားအိတ္ ၈၂ အိတ္ကို ပုသိမ္ၿမိဳ႕ခံျပည္သူေတြ စုေပါင္းၿပီး ကုန္စိမ္းလာပို႔တဲ့ကားနဲ႔ လက္ေဆာင္ျပန္ထည့္ေပးလိုက္တယ္လို႔ ဆိုပါတယ္။


ပင္းတယၿမိဳ႕က ေရာက္ရွိလာတဲ့ ကုန္စိမ္းသီးႏွံေတြကို ပုသိမ္ျပည္သူ႔ေဆး႐ုံႀကီးက ဝန္ထမ္း ၅၂၀ ဦး၊ စာသင္တိုက္ ၂၆ ေက်ာင္း၊ မိဘမဲ့ေက်ာင္းမ်ား၊ မယ္သလီရွင္ေက်ာင္းေတြနဲ႔ စားဝတ္ေနေရးအခက္အခဲျဖစ္ေနတဲ့ ရပ္ကြက္ေတြမွာ လိုက္လံေပးေဝခဲ့တယ္လို႔ ဆိုပါတယ္။ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားၿပီးေနာက္ပိုင္း ပင္းတယၿမိဳ႕က ေတာင္သူေတြအေနနဲ႔ ထြက္ရွိလာတဲ့ သီးႏွံေတြကို တ႐ုတ္ႏိုင္ငံ တင္ပို႔မေရာင္းခ်ႏိုင္လို႔ အခက္အခဲျဖစ္ေနခ်ိန္မွာ ေတာင္သူကိုကူ ျပည္သူကိုလႉ ဆိုတဲ့ အစီအစဥ္ကို ေဒါက္တာ သန္းမင္းထြဋ္က ဦးေဆာင္ၿပီး စတင္ အေကာင္ထည္ေဖာ္ခဲ့တာလို႔ သိရပါတယ္။

ဒီဗီြဘီ



Post a Comment

Previous Post Next Post