(Unicode)

မနေ့က စမ်းချောင်းရပ်ကွက်မှာ ကန်ထရိုက်တိုက် တစ်လုံး ပြိုကျပါတယ်။ လူဘယ်နှစ်ယောက် ထိခိုက်တယ် မသိပါ။ ထိခိုက်သူ အားလုံးအတွက် စိတ်မကောင်းမိ။ မသေလို့ အသက်ဘေး လွတ်ကြတဲ့ မိသားစုအတွက် လည်း စိတ်မကောင်း ဖြစ်မိပါတယ်။ အဲဒီ ကျန်ခဲ့တဲ့ မိသားစုတွေမှာ မနေ့က နေစရာ အိမ်ကလေး ရှိသေးတယ်။ ဒီနေ့ အိမ်မရှိတော့။ ပိုင်ဆိုင်မှု အထောက်အထား ဘာမှ မရှိတော့။ မြေကွက် ပိုင်ဆိုင်သူက မြေကွက် ပြန်ရမယ်။ တိုက်ခန်း ပိုင်ဆိုင်သူက ဘာမှမရတော့။

ဒီတော့ ကျွန်တော်တို့ လက်ရှိကျင့်သုံးနေတဲ့ အခြေအနေတွေမှာ လစ်ဟာချက် (gap) တွေ ရှိနေပါတယ်။ အိုးအိမ်ဆိုင်ရာ ဥပဒေအကြောင်းတော့ ကျွန်တော်မသိပါဘူး။ လက်တွေ့ကျင့်သုံးနေမှု (practice) တွေအရ တိုက်ခန်း ဝယ်တဲ့သူအတွက် ပိုင်ဆိုင်မှု အထောက်အထားက နှစ်ဘက် သဘောတူ စာချုပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီတော့ ခုလိုကိစ္စမျိုး၊ မီးလောင်တာမျိုး တစ်ခုခု ဖြစ်လာလို့ တိုက်ခန်း ပျက်စီး သွားရင် ပိုင်ဆိုင်မှု အားလုံး ဆုံးရှုံး သွားမှာပါ။


အစိုးရကပေးတဲ့ ဂရမ် (grand) ဆိုတာကလည်း သက်တမ်းတစ်ခုနဲ့ ငှားရမ်းခွင့်ကို မြေကွက်တွေမှာပဲ ချပေးတာများပါတယ်။ တညင်မှာ ဆောက်တဲ့ စတားစီးတီး တိုက်ခန်းတွေမှာတော့ အခန်းပိုင်ဆိုင်မှုကို လျှောက်ထားနိုင်တယ်လို့ ကြားမိပါတယ်။ တချို့ ဝန်ထမ်း တိုက်ခန်းတွေမှာလည်း ဂရမ်ရှိတယ် ကြားဖူးပါတယ်။ တစ်ကယ်လို့ အစိုးရက ဂရမ် ထုတ်ပေးခဲ့တယ် ဆိုခဲ့ရင် ဒီဂရမ်ဟာ အခန်းပြိုကျ၊ ပျက်စီးခဲ့ရင် ဘယ်လို သက်ရောက်မှု ရှိမလဲ။ အခန်းပိုင်ဆိုင်သူ (ဝယ်ထားတဲ့သူ) တွေအတွက် ဘာ အကာအကွယ် ရမလဲ။ စဉ်းစားစရာပါ။



နောက်တစ်ခုက ဆောက်ထားတဲ့ တိုက်ခန်းတွေရဲ့ အရည်အသွေးနဲ့ သက်တမ်း။ ပြီးခဲ့တဲ့ တိုက်အများစုက အင်ဂျင်နီယာမရှိ၊ ပန်းရံဆရာနဲ့ အလုပ်သမားခေါင်းတွေအပေါ် အားထားပြီး ဆောက်ခဲ့ကြတာ တစ်ပုံကြီး။ ဘယ်နှနှစ် ခံနိုင်မယ်လို့ သက်တမ်း အားမခံချက် ဘာမှရှိမှာမဟုတ်။ ဆောက်လုပ်တဲ့ အရည်အသွေး အတွက် အိုးအိမ် (သို့) စည်ပင် ရဲ့ စီစစ်မှု ရှိမယ်မထင်။ အဆောက်အဦး ပုံစံနဲ့ အထပ်အရေအတွက် လက်မှတ်ထိုးပြီးလျှင် ပြီးသွားတာများမှာပါ။ ကန်ထရိုက်တာတွေကလည်း အမြတ်အစွန်း ဦးစားပေးခဲ့ကြတာမို့ စံချိန်စံညွှန်း၊ နေမယ့်သူတွေအတွက် အသက်အန္တရာယ် ဘာမှ ကြည့်ကြမှာ မဟုတ်။ တိုက်သက်တမ်း ကလည်း မပြိုမချင်း ဆိုတာတွေပဲ ဖြစ်မယ် ထင်ပါတယ်။


တွေးကြည့်ရင် မောချင်စရာ။ ဒီလို တိုက်တွေ ရန်ကုန်တစ်မြို့လုံး လက်ညှိုးထိုး မလွဲ။ စည်းမဲ့ ကမ်းမဲ့ လုပ်ခဲ့တဲ့ အကျိုးဆက်တွေကို ခံစားကြရပါဦးမယ်။ နောက်ပိုင်းမှာ စည်းနဲ့ ကမ်းနဲ့ ဆောက်သူ၊ ဝယ်သူ နှစ်ဘက်လုံး အကျိုးရှိပြီး၊ ရေရှည် ကြည့်တဲ့ စနစ်တွေ ပေါ်ထွက်လာပါစေ ဆုတောင်းမိပါတယ်။

ဝင်းအောင် (ပခုက္ကူ)
၃၁-၅-၂၀၂၀

(Zawgyi)

ရန္ကုန္ၿမိဳ႕က တိုက္ခန္းေတြရဲ႕ အရည္အေသြးနဲ႕ ပိုင္ဆိုင္မႈ အေထာက္အထားဆိုတာ…

မေန႔က စမ္းေခ်ာင္းရပ္ကြက္မွာ ကန္ထ႐ိုက္တိုက္ တစ္လုံး ၿပိဳက်ပါတယ္။ လူဘယ္ႏွစ္ေယာက္ ထိခိုက္တယ္ မသိပါ။ ထိခိုက္သူ အားလုံးအတြက္ စိတ္မေကာင္းမိ။ မေသလို႔ အသက္ေဘး လြတ္ၾကတဲ့ မိသားစုအတြက္ လည္း စိတ္မေကာင္း ျဖစ္မိပါတယ္။ အဲဒီ က်န္ခဲ့တဲ့ မိသားစုေတြမွာ မေန႔က ေနစရာ အိမ္ကေလး ရွိေသးတယ္။ ဒီေန႔ အိမ္မရွိေတာ့။ ပိုင္ဆိုင္မႈ အေထာက္အထား ဘာမွ မရွိေတာ့။ ေျမကြက္ ပိုင္ဆိုင္သူက ေျမကြက္ ျပန္ရမယ္။ တိုက္ခန္း ပိုင္ဆိုင္သူက ဘာမွမရေတာ့။

ဒီေတာ့ ကြၽန္ေတာ္တို႔ လက္ရွိက်င့္သုံးေနတဲ့ အေျခအေနေတြမွာ လစ္ဟာခ်က္ (gap) ေတြ ရွိေနပါတယ္။ အိုးအိမ္ဆိုင္ရာ ဥပေဒအေၾကာင္းေတာ့ ကြၽန္ေတာ္မသိပါဘူး။ လက္ေတြ႕က်င့္သုံးေနမႈ (practice) ေတြအရ တိုက္ခန္း ဝယ္တဲ့သူအတြက္ ပိုင္ဆိုင္မႈ အေထာက္အထားက ႏွစ္ဘက္ သေဘာတူ စာခ်ဳပ္တစ္ခုပဲ ျဖစ္ပါတယ္။ ဒီေတာ့ ခုလိုကိစၥမ်ိဳး၊ မီးေလာင္တာမ်ိဳး တစ္ခုခု ျဖစ္လာလို႔ တိုက္ခန္း ပ်က္စီး သြားရင္ ပိုင္ဆိုင္မႈ အားလုံး ဆုံးရႈံး သြားမွာပါ။



အစိုးရကေပးတဲ့ ဂရမ္ (grand) ဆိုတာကလည္း သက္တမ္းတစ္ခုနဲ႔ ငွားရမ္းခြင့္ကို ေျမကြက္ေတြမွာပဲ ခ်ေပးတာမ်ားပါတယ္။ တညင္မွာ ေဆာက္တဲ့ စတားစီးတီး တိုက္ခန္းေတြမွာေတာ့ အခန္းပိုင္ဆိုင္မႈကို ေလွ်ာက္ထားႏိုင္တယ္လို႔ ၾကားမိပါတယ္။ တခ်ိဳ႕ ဝန္ထမ္း တိုက္ခန္းေတြမွာလည္း ဂရမ္ရွိတယ္ ၾကားဖူးပါတယ္။ တစ္ကယ္လို႔ အစိုးရက ဂရမ္ ထုတ္ေပးခဲ့တယ္ ဆိုခဲ့ရင္ ဒီဂရမ္ဟာ အခန္းၿပိဳက်၊ ပ်က္စီးခဲ့ရင္ ဘယ္လို သက္ေရာက္မႈ ရွိမလဲ။ အခန္းပိုင္ဆိုင္သူ (ဝယ္ထားတဲ့သူ) ေတြအတြက္ ဘာ အကာအကြယ္ ရမလဲ။ စဥ္းစားစရာပါ။



ေနာက္တစ္ခုက ေဆာက္ထားတဲ့ တိုက္ခန္းေတြရဲ႕ အရည္အေသြးနဲ႔ သက္တမ္း။ ၿပီးခဲ့တဲ့ တိုက္အမ်ားစုက အင္ဂ်င္နီယာမရွိ၊ ပန္းရံဆရာနဲ႔ အလုပ္သမားေခါင္းေတြအေပၚ အားထားၿပီး ေဆာက္ခဲ့ၾကတာ တစ္ပုံႀကီး။ ဘယ္ႏွႏွစ္ ခံႏိုင္မယ္လို႔ သက္တမ္း အားမခံခ်က္ ဘာမွရွိမွာမဟုတ္။ ေဆာက္လုပ္တဲ့ အရည္အေသြး အတြက္ အိုးအိမ္ (သို႔) စည္ပင္ ရဲ႕ စီစစ္မႈ ရွိမယ္မထင္။ အေဆာက္အဦး ပုံစံနဲ႔ အထပ္အေရအတြက္ လက္မွတ္ထိုးၿပီးလွ်င္ ၿပီးသြားတာမ်ားမွာပါ။ ကန္ထ႐ိုက္တာေတြကလည္း အျမတ္အစြန္း ဦးစားေပးခဲ့ၾကတာမို႔ စံခ်ိန္စံၫႊန္း၊ ေနမယ့္သူေတြအတြက္ အသက္အႏၲရာယ္ ဘာမွ ၾကည့္ၾကမွာ မဟုတ္။ တိုက္သက္တမ္း ကလည္း မၿပိဳမခ်င္း ဆိုတာေတြပဲ ျဖစ္မယ္ ထင္ပါတယ္။



ေတြးၾကည့္ရင္ ေမာခ်င္စရာ။ ဒီလို တိုက္ေတြ ရန္ကုန္တစ္ၿမိဳ႕လုံး လက္ညႇိဳးထိုး မလြဲ။ စည္းမဲ့ ကမ္းမဲ့ လုပ္ခဲ့တဲ့ အက်ိဳးဆက္ေတြကို ခံစားၾကရပါဦးမယ္။ ေနာက္ပိုင္းမွာ စည္းနဲ႔ ကမ္းနဲ႔ ေဆာက္သူ၊ ဝယ္သူ ႏွစ္ဘက္လုံး အက်ိဳးရွိၿပီး၊ ေရရွည္ ၾကည့္တဲ့ စနစ္ေတြ ေပၚထြက္လာပါေစ ဆုေတာင္းမိပါတယ္။

ဝင္းေအာင္ (ပခုကၠဴ)
၃၁-၅-၂၀၂၀

Post a Comment

Previous Post Next Post