(Unicode)
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး လေ့လာနေတဲ့ တရုတ်သိပ္ပံပညာရှင်တစ်ဦး လုပ်ကြံခံရ…

Dr Bing Liu 37 နှစ်ဟာ အမေရိကန်နိုင်ငံ University of Pittsburgh က ကွန်ပြူတာသုသေသနပညာရှင်ဖြစ်ပါတယ်။ သူဟာ Covid-19 ပေါ်ပေါက်လာချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဆဲလ်နဲ့ပတ်သက်တဲ့ အလုပ်လုပ်ပုံယန္တရား (cellular mechanism) ကိုလေ့လာနေသူဖြစ်ပါတယ်။

အဲ့ဒီဆဲလ်တွေရဲ့ အလုပ်လုပ်ပုံကို ရောဂါကူးစက်ပုံနဲ့ အခြေခံသဘောတရားတွေကို လေ့လာနေရာမှာ အရေးကြီးတဲ့တွေ့ရှိချက်တစ်ခုကို တွေ့လုဆဲဆဲဖြစ်နေချိန် ဖြစ်ပါတယ်။

(He was on the verge of very significant findings toward understanding the cellular mechanisms that underlie SARS-CoV-2 infection and the cellular basic of the following complications.)




သူဟာ တရုတ်ပြည်မှာ မွေးဖွားခဲ့ပြီး စင်ကာပူရှိ University of Singapore ကနေ Bachelor of Science နဲ့ PhD ကို Computer Science နဲ့ ရယူထားသူဖြစ်ပါတယ်။

အသတ်ခံရချိန်မှာ Dr Bing Liu ဟာ University of Pittsburgh မှာ Assistant Professor လက်ထောက် ပါမောက္ခဖြစ်ပြီး Covid-19 လူနာတွေကို လေ့လာနေတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်လို့ ဆိုပါတယ်။



ပြီးခဲ့တဲ့စနေနေ့က အမေရိကန်နိုင်ငံ Pittsburgh မြို့စွန် Charlemagne Circle ရှိအိမ်မှာ သူတစ်ယောက်တည်းရှိနေချိန်မှာ သူဟာအိမ်အပြင်ထွက်တဲ့ အရှေ့နဲ့ အနောက်တံခါးနှစ်ချပ်လုံးကို ဖွင့်ထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်မှာ အသက် 46 နှစ်ရှိ Hao Gu ကဝင်လာပြီး သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ဆိုပါတယ်။

သူတို့နှစ်ယောက်ဟာ အရင်ကတည်းက သိထားကြပုံရပြီးတော့ ဘာကြောင့်သတ်တာလဲဆိုတာ မရှင်းလင်းသေးပါ။ Hao Gu ဟာ ကိုက်တစ်ရာလောက်အကွာအဝေးမှာရှိတဲ့ ကားဆီပြန်အရောက်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေပြန်ပါတယ်။

ရဲက Hao Gu ဟာ လူသတ်ပြီးသူ့ကိုယ်သူပြန်သတ်သေသွားတာဖြစ်မယ်လို့ ယူဆထားကြပါတယ်။



Dr Bing Liu ဟာ ဦးခေါင်း၊ လည်ပင်းနဲ့ ကိုယ်လုံးတို့မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်ပါတယ်။ အခင်းဖြစ်ပွားချိန်မှာ သူ့မိန်းမက အိမ်မှာမရှိပါဘူး။ သူတို့မှာ ကလေးလည်းမရှိပဲ သူ့မိဘတွေကတော့ တရုတ်ပြည်မှာ ရှိနေပါတယ်။vDr Bing Liu ရဲ့အိမ်မှာလည်း ဘာပစ္စည်းမှ မပျောက်ဆုံးပါဘူးတဲ့။

အခုလိုကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့အရေးကြီးတဲ့တွေ့ရှိချက်တွေ့လုဆဲဆဲမှာ သေဆုံးသွားတာ အလွန်နစ်နာပါတယ်။

အခုအချိန်အထိတော့ ဒီလောက်ပဲသိရသေးပါတယ် အိုင်ပီတို့ရေ….

Richard Myo Thant

(Zawgyi)

ကိုရိုနာဗိုင္းရပ္စ္နဲ႕ ပတ္သက္္ၿပီး ေလ့လာေနတဲ့ တရုတ္သိပၸံပညာရွင္တစ္ဦး လုပ္ႀကံခံရ…

Dr Bing Liu 37 ႏွစ္ဟာ အေမရိကန္ႏိုင္ငံ University of Pittsburgh က ကြန္ျပဴတာသုေသသနပညာရွင္ျဖစ္ပါတယ္။ သူဟာ Covid-19 ေပၚေပါက္လာခ်ိန္မွာ ကို႐ိုနာဗိုင္းရပ္စ္ရဲ႕ ဆဲလ္နဲ႔ပတ္သက္တဲ့ အလုပ္လုပ္ပုံယႏၲရား (cellular mechanism) ကိုေလ့လာေနသူျဖစ္ပါတယ္။

အဲ့ဒီဆဲလ္ေတြရဲ႕ အလုပ္လုပ္ပုံကို ေရာဂါကူးစက္ပုံနဲ႔ အေျခခံသေဘာတရားေတြကို ေလ့လာေနရာမွာ အေရးႀကီးတဲ့ေတြ႕ရွိခ်က္တစ္ခုကို ေတြ႕လုဆဲဆဲျဖစ္ေနခ်ိန္ ျဖစ္ပါတယ္။

(He was on the verge of very significant findings toward understanding the cellular mechanisms that underlie SARS-CoV-2 infection and the cellular basic of the following complications.)


သူဟာ တ႐ုတ္ျပည္မွာ ေမြးဖြားခဲ့ၿပီး စင္ကာပူရွိ University of Singapore ကေန Bachelor of Science နဲ႔ PhD ကို Computer Science နဲ႔ ရယူထားသူျဖစ္ပါတယ္။

အသတ္ခံရခ်ိန္မွာ Dr Bing Liu ဟာ University of Pittsburgh မွာ Assistant Professor လက္ေထာက္ ပါေမာကၡျဖစ္ၿပီး Covid-19 လူနာေတြကို ေလ့လာေနတဲ့ အဖြဲ႕ရဲ႕ ေခါင္းေဆာင္လို႔ ဆိုပါတယ္။


ၿပီးခဲ့တဲ့စေနေန႔က အေမရိကန္ႏိုင္ငံ Pittsburgh ၿမိဳ႕စြန္ Charlemagne Circle ရွိအိမ္မွာ သူတစ္ေယာက္တည္းရွိေနခ်ိန္မွာ သူဟာအိမ္အျပင္ထြက္တဲ့ အေရွ႕နဲ႔ အေနာက္တံခါးႏွစ္ခ်ပ္လုံးကို ဖြင့္ထားတယ္လို႔ ဆိုပါတယ္။ အဲ့ဒီအခ်ိန္မွာ အသက္ 46 ႏွစ္ရွိ Hao Gu ကဝင္လာၿပီး ေသနတ္နဲ႔ပစ္သတ္သြားတယ္လို႔ ဆိုပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ အရင္ကတည္းက သိထားၾကပုံရၿပီးေတာ့ ဘာေၾကာင့္သတ္တာလဲဆိုတာ မရွင္းလင္းေသးပါ။ Hao Gu ဟာ ကိုက္တစ္ရာေလာက္အကြာအေဝးမွာရွိတဲ့ ကားဆီျပန္အေရာက္မွာ ေသနတ္ဒဏ္ရာနဲ႔ ေသဆုံးေနျပန္ပါတယ္။

ရဲက Hao Gu ဟာ လူသတ္ၿပီးသူ႔ကိုယ္သူျပန္သတ္ေသသြားတာျဖစ္မယ္လို႔ ယူဆထားၾကပါတယ္။

Dr Bing Liu ဟာ ဦးေခါင္း၊ လည္ပင္းနဲ႔ ကိုယ္လုံးတို႔မွာ ေသနတ္ဒဏ္ရာေတြနဲ႔ ေသဆုံးေနတာျဖစ္ပါတယ္။ အခင္းျဖစ္ပြားခ်ိန္မွာ သူ႔မိန္းမက အိမ္မွာမရွိပါဘူး။ သူတို႔မွာ ကေလးလည္းမရွိပဲ သူ႔မိဘေတြကေတာ့ တ႐ုတ္ျပည္မွာ ရွိေနပါတယ္။vDr Bing Liu ရဲ႕အိမ္မွာလည္း ဘာပစၥည္းမွ မေပ်ာက္ဆုံးပါဘူးတဲ့။

အခုလိုကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္တဲ့အေရးႀကီးတဲ့ေတြ႕ရွိခ်က္ေတြ႕လုဆဲဆဲမွာ ေသဆုံးသြားတာ အလြန္နစ္နာပါတယ္။

အခုအခ်ိန္အထိေတာ့ ဒီေလာက္ပဲသိရေသးပါတယ္ အိုင္ပီတို႔ေရ….

Richard Myo Thant

Post a Comment

Previous Post Next Post