(Unicode)

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ တပ်မတော်က ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို မအူပင်မြို့နယ်တရားရုံးမှာ မေလ ၂၉ ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေတို့ကို တပ်မတော်က ဒုဗိုလ်မှူးကြီးအဆင့်ရှိသူက တရားစွဲဆိုခံတာဖြစ်ပြီး ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးမှုမှာ တရားစွဲဆိုထားသူ ခွင့်တိုင်ထားလို့ နောက်ရုံးချိန်မှာ ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။


တရားစွဲခံထားရသူ ကိုဇေယျာလွင်က “ကျနော်တို့ကို ရဲက စစ်ချက်ယူထားတာ အတော်ကြာပါပြီ၊ ၁ နှစ်ကျော်ကြာမှ ရုံးထုတ်တာ တော့ ထောင်ထဲမှာနေတာကြာအောင် ဆွဲဆန့်တယ်လို့ ယူဆပါတယ်။ ဒီနေ့မှ ရုတ်တရက် ထွက်လာရတာဆိုတော့ တရားရုံးမှာ ရှေ့နေငှားရမ်းဦးမှာတော့ မဟုတ်ဘူး၊ တရားရုံးနဲ့ ပူးပေါင်းမလား၊ မပူးပေါင်းမလားဆိုတာလည်း မပြောနိုင်သေးပါဘူး၊ နောက်လာမယ့် ရုံးချိန်မှ အသေးစိတ်ပြောနိုင်မယ် ထင်ပါတယ်” လို့ ရုံးထုတ်ချိန်မှာ ပြောဆိုခဲ့ပါတယ်။


ဧရာဝတီတိုင်းမှာ တရားစွဲဆိုခံရပြီး ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခံခဲ့ရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို ဖျာပုံနဲ့ ဒေးဒရဲမြို့နယ်တို့မှာ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားပြီး ပုသိမ်မြို့မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ထားခံရကာ ဇွန်လအတွင်း ရုံးထုတ် စစ်ဆေးတာတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ သံချပ်တွေလှည့်လည်ဖျော်ဖြေခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုအပါအဝင် ဆက်သွယ်ရေးဥပဒေတွေနဲ့ တရားစွဲခံထားရတာပါ။

ဒီဗွီဘီ

(Zawgyi)

ဧရာဝတီတိုင္း၊ မအူပင္ၿမိဳ႕နယ္မွာ တပ္မေတာ္က ပုဒ္မ ၅၀၅ နဲ႔ တရားစြဲဆိုထားတဲ့ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ကို မအူပင္ၿမိဳ႕နယ္တရား႐ုံးမွာ ေမလ ၂၉ ရက္ေန႔က ပထမဆုံးအႀကိမ္ ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕က ကိုေဇယ်ာလြင္၊ ကိုပိုင္ရဲသူနဲ႔ ကိုပိုင္ၿဖိဳးမင္း(ခ) ဒီေရတို႔ကို တပ္မေတာ္က ဒုဗိုလ္မႉးႀကီးအဆင့္ရွိသူက တရားစြဲဆိုခံတာျဖစ္ၿပီး ပထမဆုံးအႀကိမ္ ႐ုံးထုတ္ စစ္ေဆးမႈမွာ တရားစြဲဆိုထားသူ ခြင့္တိုင္ထားလို႔ ေနာက္႐ုံးခ်ိန္မွာ ဆက္လက္စစ္ေဆးသြားမယ္လို႔ သိရပါတယ္။


တရားစြဲခံထားရသူ ကိုေဇယ်ာလြင္က “က်ေနာ္တို႔ကို ရဲက စစ္ခ်က္ယူထားတာ အေတာ္ၾကာပါၿပီ၊ ၁ ႏွစ္ေက်ာ္ၾကာမွ ႐ုံးထုတ္တာ ေတာ့ ေထာင္ထဲမွာေနတာၾကာေအာင္ ဆြဲဆန႔္တယ္လို႔ ယူဆပါတယ္။ ဒီေန႔မွ ႐ုတ္တရက္ ထြက္လာရတာဆိုေတာ့ တရား႐ုံးမွာ ေရွ႕ေနငွားရမ္းဦးမွာေတာ့ မဟုတ္ဘူး၊ တရား႐ုံးနဲ႔ ပူးေပါင္းမလား၊ မပူးေပါင္းမလားဆိုတာလည္း မေျပာႏိုင္ေသးပါဘူး၊ ေနာက္လာမယ့္ ႐ုံးခ်ိန္မွ အေသးစိတ္ေျပာႏိုင္မယ္ ထင္ပါတယ္” လို႔ ႐ုံးထုတ္ခ်ိန္မွာ ေျပာဆိုခဲ့ပါတယ္။


ဧရာဝတီတိုင္းမွာ တရားစြဲဆိုခံရၿပီး ပထမဆုံးအႀကိမ္ ႐ုံးထုတ္စစ္ေဆးခံခဲ့ရတဲ့ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ကို ဖ်ာပုံနဲ႔ ေဒးဒရဲၿမိဳ႕နယ္တို႔မွာ ပုဒ္မ ၅၀၅ (က)နဲ႔ အမႈဖြင့္ထားၿပီး ပုသိမ္ၿမိဳ႕မွာ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ)နဲ႔ အမႈဖြင့္ထားခံရကာ ဇြန္လအတြင္း ႐ုံးထုတ္ စစ္ေဆးတာေတြ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ဟာ ၂၀၁၉ ခုႏွစ္ သၾကၤန္ကာလအတြင္း ရန္ကုန္တိုင္းနဲ႔ ဧရာဝတီတိုင္းအတြင္းက ၿမိဳ႕နယ္ေတြမွာ သံခ်ပ္ေတြလွည့္လည္ေဖ်ာ္ေျဖခဲ့တာနဲ႔ပတ္သက္ၿပီး ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈအပါအဝင္ ဆက္သြယ္ေရးဥပေဒေတြနဲ႔ တရားစြဲခံထားရတာပါ။

ဒီဗီြဘီ


Post a Comment

Previous Post Next Post